5
Sep

မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ ဗဟို ကျန်းမာရေး ပညာ ဌာနမှ ကျင်းပသော  မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ အပြုအမူ ပြောင်းလဲရေး အတွက် ဆက်သွယ် ပညာပေးရေး စီမံချက် အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ် ၃ဝ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နေပြည်တော်  ဟိုတယ်ဇုန်ရှိ တော်ဝင် နေပြည်တော် ဟိုတယ်၌ ကျင်းပခဲ့သည်။

သြဂုတ် ၃ဝ ရက် နံနက် ၉ နာရီက  အလုပ်ရုံ ဆွေးနွေးပွဲ  ပထမနေ့ စတင် ကျင်းပရာ ဒေါက်တာ နီလာတင် ဒုတိယ ညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေး မှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူး များ၊ ဗဟိုနှင့် ပြည်နယ်၊ တိုင်းဒေသကြီး များမှ ကျန်းမာရေး ပညာ အရာရှိများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့နယ် (၃၁)မြို့နယ်မှ လက်ထောက် ကျန်းမာရေးမှူး ၃၁ ဦးနှင့် ကျန်းမာ ဖွံ့ဖြိုးမှု ဆိုင်ရာ လူငယ့် ရိပ်မွန်မှ လူငယ် အကျိုးဆောင် ၂၉ ဦး စုစုပေါင်း ၈၂ ဦး တက်ရောက် ခဲ့ကြပါသည်။

ဒေါက်တာ နီလာတင် ဒုတိယ ညွှန်ကြားရေးမှူး ချုပ်နှင့်  ဒေါက်တာ နေဝင်း (UNFPA) ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ လက်ထောက်ဌာနေ ကိုယ်စားလှယ် တို့က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး  အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက် လာကြသော တာဝန် ရှိသူများက မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ အပြုအမူ ပြောင်းလဲရေးအတွက် ဆက်သွယ် ပညာပေးရေး စီမံချက်နှင့် ပတ်သက်၍ လက်ရှိလုပ်ငန်း အားသာချက် များနှင့် အားနည်းချက် များကို ဆွေးနွေး တင်ပြကြပြီး ရှေ့လုပ်ငန်းစဉ် များအတွက် အုပ်စုအလိုက် ဆွေးနွေး ဖော်ထုတ်ရေးဆွဲ ခဲ့ကြကြောင်းနှင့် ကျန်ရှိသည့် အလုပ်ရုံ ဆွေးနွေးပွဲ ရက်များတွင် လူငယ် အကျိုးဆောင် များ၏ ကျန်းမာရေး အသိ ပညာပေး ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှု ရှိစေရန် အတွက် လေ့ကျင့်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနမှ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ အပြုအမူ ပြောင်းလဲရေး အတွက် ဆက်သွယ် ပညာပေးရေး စီမံချက်ကို ၂ဝဝ၂ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ အတွင်းရှိ ကျန်းမာ ဖွံ့ဖြိုးမှု ဆိုင်ရာ လူငယ့်ရိပ်မွန် အဖွဲ့ကို ကျေးရွာ (၆၇)ရွာ၌ ဖွင့်လှစ်ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုနှစ် ၂ဝ၁၂ ခုနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မြိုင်မြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မ မြို့နယ်တို့တွင် စီမံချက် ဆောင်ရွက်ရသည့် အဓိက ရည်ရွယ်ချက်မှာ မိခင်နှင့် ကလေး သေဆုံးမှုနှုန်း ကျဆင်း စေရန်နှင့် လူငယ် များအတွင်း HIV/AIDS ကူးစက် ပြန့်ပွားမှုနှုန်း ကျဆင်းစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြဝတီ - မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အပြုအမူ ပြောင်းလဲရေး ဆက်သွယ် ပညာပေးရေး စီမံချက် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top