22
Mar

မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ များကို မေးမြန်းနိုင်မည့် ဖုန်းလိုင်းသစ်များ

မြန်မာနိုင်ငံ ဆရာဝန် အသင်းက လူငယ်ဖွံ့ဖြိုးမှု အစီအစဉ် အနေဖြင့် လူငယ်များ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သည့် ဗဟုသုတတွေကို ဖုန်းဖြင့် မေးမြန်းနိုင်ရန် အတွက် ဖုန်းလိုင်းများ သတ်မှတ် ဖွင့်လှစ်ပေး ထားကြောင်း သိရသည်။ အဆိုပါ ဖုန်းလိုင်းများကို နေ့စဉ် မနက် (၁၀) နာရီမှ ညနေ (၅) နာရီ အတွင်းတွင် ဖုန်းဆက်မေးမြန်းနိုင်မည် ဖြစ်ပြီး အမျိုးသားများ အတွက် White Line နှင့် အမျိုးသမီးများ အတွက် Pink Line (၂) မျိုး ခွဲခြား ထားသည်။

မျိုးဆက်ပွား ကျန်းမာရေး ကိစ္စများနှင့် HIV ကာကွယ်ရေး နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်မည် ဖြစ်ပြီး အမျိုးသားများ မေးမြန်းနိုင်မည့် White Line ဖုန်းနံပါတ် (၀၉-၇၃၂၁၂၂၂၆) နှင့် အမျိုးသမီး များ မေးမြန်းနိုင်မည့် Pink Line ဖုန်းနံပါတ် (၀၉-၇၃၂၁၂၂၇) များကို ဖုန်းဆက် မေးမြန်းနိုင်ပြီး မေးမြန်းသည့် အခါတွင် မေးမြန်းသူ၏ အမည်ကို ပြောပြရန် မလိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆရာဝန် အသင်းက လူငယ်ဖွံ့ဖြိုးမှု အစီအစဉ် အနေဖြင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်သည့် အပြင် လူငယ်များအား သင်တန်းပေးခြင်း၊ သင်တန်းသားများကို ကွင်းဆင်း ပညာပေးခြင်း၊ ဝဘ်ဆိုက်နှင့် ဖေ့ဘွတ် စာမျက်နှာများ၊ FM မှ လူငယ် အစီအစဉ်များ၊ ကျန်းမာရေးနှင့် ပတ်သက်သော ဗီဒီယို ဇာတ်လမ်းများဖြင့် ပညာပေးခြင်း များကိုပါ ဆောင်ရွက် လျှက်ရှိကြောင်းလည်း သိရသည်။

SkyNet TV Browser

1875 Hot Line - မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ များကို မေးမြန်းနိုင်မည့် ဖုန်းလိုင်းသစ်များ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top