29
Nov

မွန်တွင် ကမ္ဘာ့ AIDS နေ့အကြို စာနာမှုစေတနာအဖွဲ့ ဖက်ရှင်မယ်ပြိုင်ပွဲ ကျင်းပ

Care Myanmar (မော်လ မြိုင်)၏ ပံ့ပိုးကူညီမှုဖြင့် ၂ဝ၁၂ခုနှစ်၊ World AIDS Day အကြို စာနာမှု စေတနာအဖွဲ့ (MSM) ၏ဖက်ရှင် မယ်ရွေးပွဲအခမ်းအနားကို နိုဝင်ဘာ ၂၂ ရက်နေ့ည ၇ နာရီခွဲ တွင်မော် လမြိုင်မြို့၊ မြေနီကုန်းရပ်၊ ဆန်းရှိုင်း ဗီလာမြက်ခင်းပြင်၌ပြုလုပ်သည်။

အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီးဒေါက်တာလှဦး၊ Care Myanmar အဖွဲ့မှ မွန်ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ဦး သန်းထိုက်အောင်နှင့် ဝန်ထမ်း များ၊ MSM အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များစုစုပေါင်း ၅ဝဝ ဦးခန့် တက်ရောက်ကြောင်း သိရ သည်။ အခမ်းအနားတွင် MSMအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက MSMအဖွဲ့၏ သမိုင်းကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းပြောကြားသည်။

ပျိုမျစ်နုငယ်ဖက်ရှင်မယ် ပြိုင်ပွဲတွင် ၁၅ ဦးနှင့် လှပဆန်းကြယ် ဖက်ရှင်မယ် (အကြီးတန်း) ပြိုင်ပွဲ တွင် ၁၄ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပျိုမျစ်နုငယ် ဖက်ရှင်မယ်ပြိုင်ပွဲ တွင် ပထမ ဂဲဂဲ၊ ဒုတိယ အိုင်းရစ်၊ တတိယ သစ်ခွတို့ကလည်းကောင်း၊ လှပဆန်းကြယ်ဖက်ရှင်မယ် (အကြီးတန်း) ပြိုင်ပွဲတွင် ပထမငယ်ကိုကို၊ ဒုတိယသဇင်၊ တတိယ ဝါဝါနှင့် ဒီဇိုင်နာဆုကို ငယ်ကိုကိုတို့ရရှိရာ တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့သည်။

ထူးထူး(မော်လမြိုင်)

Popular - မွန်တွင် ကမ္ဘာ့ AIDSနေ့အကြို စာနာမှုစေတနာအဖွဲ့ ဖက်ရှင်မယ်ပြိုင်ပွဲ ကျင်းပ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top