မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွန်း အောင်ကမွန်ပြည်နယ်တွင် HIV/AIDS ရောဂါဝေဒနာရှင်များ ပိုမိုများပြားလာ၍ ART ဆေးပေးဌာနခွဲများ တိုးချဲ့ဖွင့်လှစ်ရန်လို အပ်ပါကြောင်း ပြောသည်။ AIDS ရောဂါဝေဒနာရှင်များအား ART ဆေးဝါးများ ပိုမိုမြှင့်တင်ဖြန့်ဝေနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက်တွင် မော်လမြိုင် ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ကျင်းပသည်။
HIV/AIDS ရောဂါတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာသန့်ဇင်မင်းက မွန်ပြည်နယ်တွင် AIDS ရောဂါဝေဒနာရှင်များအား ART ဆေးဝါး တိုက်ကျွေးသည့် ဌာနခွဲများအဖြစ် မော်လမြိုင်၊ သထုံနှင့်ရေးမြို့နယ်များတွင် ဖွင့်လှစ်ထားပါကြောင်း၊ ART ဆေးကို AFXB, IOM, Consortium စသည့် INGO အဖွဲ့အစည်းများက ကူညီ ပါကြောင်း၊ ရောဂါဝေဒနာရှင်များ သွားလာမှုလွယ်ကူစေ ရေးအတွက် သံဖြူဇရပ်၊ ကျိုက်ထိုနှင့် ချောင်းဆုံမြို့နယ်များတွင် ၂ဝ၁၅ ခုနှစ်အတွင်း ART ဆေပေးဌာနခွဲများ ဖွင့် လှစ်ရန် စီစဉ်လျက်ရှိကြောင်း၊ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်း ပြော သည်။
အစည်းအဝေးသို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာ မျိုးဝင်း HIV/AIDS ရောဂါတိုက်ဖျက်ရေး အဖွဲ့ေ ခါင်းဆောင် ဒေါက်တာသန့် ဇင်မင်း၊ ကျိုက်ထို၊ သထုံ၊ မော်လ မြိုင်၊ ရေး၊ ချောင်းဆုံ၊ သံဖြူဇရပ် မြို့နယ်များမှ မြို့နယ်ကျန်းမာရေး ဦးစီးမှူးများ၊ သူနာပြု ဆရာမ ကြီးများ၊ INGO အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
ထူးထူး(မော်လမြိုင်) - ရန်ကုန်၊ ဒီဇင်ဘာ ၆
ပေါ်ပြူလာ - မွန်ပြည်နယ်တွင် HIV/AIDS ဝေဒနာရှင် ပိုများလာ၍ ART ဆေးတိုးမြှင့် ဖြန့်ဖြူးနိုင်ရေးညှိနှိုင်း




