အနောက်နိုင်ငံကုမ္ပဏီများက
မကျေမနပ်ဖြစ်နေသော ဈေးချိုသည့် မှတ်ပုံတင်မဲ့ဆေးဝါးများ ထုတ်လုပ်မှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်
ညှိနှိုင်းရန် မျော်လင့်ထားကြောင်း ထိုင်းအစိုးရ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အေအိုင်ဒီအက်စ်၊
ကင်ဆာနှင့် နှလုံးရောဂါတို့အတွက် နောက်ဆုံးပေါ် ဈေးကြီးသည့်ကုသမှုဆေးဝါး များ မှတ်ပုံတင်မူပိုင်ခွင့်
ကာကွယ်ထားမှုကို စစ်ဘက်ကျောထောက်နောက်ခံရှိ ထိုင်းအစိုးရက ၂၀၀၆ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ရာ
ထိုင်းတို့အတွက် ဈေးသက်သာသော ပုံစံတူမှတ် ပုံတင်မဲ့ ဆေးဝါးများကို ထုတ်လုပ်သုံး စွဲနိုင်စေခဲ့သည်။
ထိုင်း၏မူဝါဒကို
အေအိုင်ဒီအက်စ်နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလှုပ်ရှားသူများက ချီးကျူးခဲ့သည်။ သို့သော် ထိုင်းနိုင်ငံသည် အနောက်တိုင်းဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီများထံမှ
တရားဥပဒေအရ ခြိမ်းခြောက်မှုများ၊ ဖိအားများ ကို ရင်ဆိုင်နေရသည်။
ထိုင်းကုန်
သွယ်ရေးကိုယ်စားလှယ် ကီရက်ဆီတီအာမွန်က ထိုင်းအစိုးရသည်သက် ဆိုင်သူအားလုံးနှင့် ဆွေးနွေးခဲ့ကြောင်း
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်အောက်တွင် အဖြေရှာရန် မျော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
မှတ်ပုံမဲ့ဆေးဝါးများသည်
သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ငွေထောက်ပံ့ရန်အတွက် ထိခိုက်စေ ပြီး လူနာများကိုအကျိုးယုတ်စေကြောင်း
ဆေးဝါးကုမ္ပဏီကြီးများက ပြောကြားခဲ့ကြသည်။
WEEKLY
ELEVEN - ဈေးချိုသော မှတ်ပုံတင်မဲ့ဆေးဝါးများ
ထုတ်လုပ်မှုအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ညှိနှိုင်းရန် ထိုင်းကြိုးပမ်း




