24
Jan

မန္တလေး ခုနှစ်မြို့နယ်တွင် တီဘီရောဂါ ရှာဖွေဖော်ထုတ်မှု မြှင့်တင်မည်

ကျန်းမာရေးဦးစီးဌာန အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းနှင့် International Union Against Tuberculosis and Lung Disease (The Union) တို့လက်တွဲ၍ မန္တလေး ခုနစ်မြို့နယ်တွင် တီဘီရောဂါ ဝေဒနာရှင် ရှာဖွေဖော်ထုတ်မှုကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်၍ မူလထက် နှစ်ဆရှာဖွေဖော် ထုတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးကျန်းမာရေး ဦးစီးဌာန တွင်ကျင်းပသော Program to increase catchment of TB Suspect (PTCS) ဟောပြောပွဲတွင် ဟောပြောချက်များအရ သိရသည်။

အပြည်ပြည်ဆိုင်ရာ တီဘီရောဂါနှင့် အဆုတ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ (The Union) မှ ၂၀၀၅ ခုနှစ်တွင် မန္တလေးငါးမြို့နယ်၌ HIV / TB လူနာများအား TB-HIB ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ လက်ရှိအခြေအနေတွင် မန္တလေး ခုနစ်မြို့နယ်၊ ရန်ကုန်၊ ပခုက္ကူ၊ မိတ္ထီလာ၊ မြင်းခြံ၊ လားရှိုး၊ မုံရွာနှင့် တောင်ကြီးမြို့ တို့တွင် HIV လူနာများအား မှတ်တမ်းတင်ခြင်း၊ ကျန်းမာရေး ကူညီစောင့်ရှောက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားမှုနှုန်းအများဆုံး ၂၂ နိုင်ငံ ပါဝင်ရာ၊ မြို့နေလူတန်းစားမှာ တီဘီရောဂါတွေ့ရှိမှု များပြားကြောင်း စစ်တမ်းများအရ တွေ့ရှိရသဖြင့် မန္တလေး ခုနစ်မြို့နယ်တွင် လက်ရှိလာရောက် ကုသမှု ခံယူသူထက် နှစ်ဆ ရှာဖွေဖော်ထုတ်ရန် စီမံချက်ချ ဆောင်ရွက်ခြင်းဖြစ်သည်။ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းကို ၂၀၁၂ ဇန်န၀ါရီမှ ဒီဇင်ဘာအထိ ဆောင်ရွက်ရာတွင် မန္တလေးခုနစ်မြို့ နယ်၌ တီဘီရောဂါ သံသယရှိသူ အနည်းဆုံး ၄,၀၀၀ ရှာဖွေ၍ ကုသပေးမည်ဖြစ်ရာ ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း တီဘီရောဂါ ရှာဖွေတွေ့ရှိမှုနှုန်း မြှင့်တင်ရေးအဖွဲ့မှ နှိုးဆော်ထားသည်။

မိုးကြီး

မြန်မာပို့စ် - မန္တလေး ခုနှစ်မြို့နယ်တွင် တီဘီရောဂါ ရှာဖွေဖော်ထုတ်မှု မြှင့်တင်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top