27
Feb

မန္တလေး ဗဟို အကျဉ်းထောင်အတွင်း အမျိုးသား တစ်ဦး သေဆုံး

အောင်မြေသာစံ မြို့နယ်ရှိ မန္တလေး ဗဟို အကျဉ်းထောင်တွင် အမျိုးသား တစ်ဦး HIV/AIDS ရောဂါဖြင့် သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၅) ရက် နေ့ (၁၃း၀၀) အချိန်တွင် မန္တလေး ဗဟို အကျဉ်းထောင်တွင် မန္တလေးခရိုင် တရားရုံး၊ အမှု အမှတ် (၁၁၄/၁၁) ပြစ်မှုပုဒ်မ ၃၀၂ (၁) (ခ) အရ ပြစ်ဒဏ် တစ်သက် ကျခံလျက်ရှိသော အကျဉ်းသား ထောင်ဝင်အမှတ် ....... ဦး........ (၃၄) နှစ်သည် HIV/AIDS ရောဂါဖြင့် ထောင်တွင်း ဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံး သွားကြောင်း သိရ၍ ဒုမြို့နယ် တရားသူကြီး ဦးလွှမ်းမိုးအောင်၏ ကြီးကြပ်မှုဖြင့် နယ်မြေ စခန်း အမှတ် (၂) ရဲအုပ် ဇော်ဝင်းမျိုးနှင့် အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးပြီး (၁၃း၁၅) အချိန် နယ်မြေ စခန်း အမှတ်(၂) မှ သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၅) ဖြင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မန္တလေး (MDN(T.Y.D.N))

The Messenger - မန္တလေး ဗဟို အကျဉ်းထောင်အတွင်း အမျိုးသား တစ်ဦး သေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top