5
Mar

မန္တလေးက HIV ရန်ပုံငွေ ဂီတပွဲတော်




HIV ကူးစက်ခံ ဝေဒနာရှင်များအတွက် ရည်ရွယ်ပြီး
Charity Music Show ကို မန္တလေးမြို့  Swan Hotel ရဲ့ မြက်ခင်းပြင်မှာ ဖေဖေါ်ဝါရီလ
၂၂ ရက်နေ့ ကပြုလုပ်ခဲ့ပါတယ်။

ပွဲစတင်ချိန်ကို ညနေ ၆ နာရီလို့ 
သတ်မှတ်ထားခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ည ၈ နာရီလောက်မှ
စတင်နိုင်ခဲ့ပါတယ်။ အဲဒီ ပွဲမှာ Metal Zone တေးဂီတ အဖွဲ့ နဲ့  ရုပ်ရှင်သရုပ်ဆောင်၊
အဆိုတော်၊ တော်တော်များများ ပါဝင်သီဆိုခဲ့ကြပါတယ်။ ရန်ပုံငွေပွဲ ဖြစ်တဲ့အတွက်
အနုပညာရှင်အားလုံးဟာ သမ္ဘာ၊ ပညာ ရှေ့ တန်းမတင်ဘဲ မိသားစုပုံစံ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး
သီဆိုဖျော်ဖြေ သွားတာလို့ လည်း သိရှိရပါတယ်။

ပထမဦးစွာ သရုပ်ဆောင်ဇွဲနိုင်ဝင်းက သီချင်းများနဲ
့သီဆိုဖျော်ဖြေပြီး ပွဲကိုစတင်ခဲ့ပါတယ်။သီချင်း ၆ပုဒ် သီဆိုခဲ့ပြီး
သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် သားညီနဲ့ လည်း တွဲဖက်သီဆိုခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့
သရုပ်ဆောင် စန္ဒီမြင့်လွင်က တေးသီချင်းများနဲ့  သီဆိုဖျော်ဖြေရာ ပရိတ်သတ်များရဲ့
ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။ သရုပ်ဆောင် စိုးမြတ်နန္ဒာ အလှည့် အရောက်မှာတော့ “
ဝ လှချည်လား” လို့ ပရိတ်သတ်ရဲ့ ထောမနာ ပြုသံကိုလည်း ကြားခဲ့ရပါသေးတယ်။
စိုးမြတ်နန္ဒာ ကလည်း ပရိတ်သတ်များနဲ့  ပျော်ပျော်ရွှင်ရွှင် လှမ်းစကားပြောရင်း
တေးသီချင်း ၃ ပုဒ် သီဆိုဖျော်ဖြေခဲ့ပါတယ်။

ထို့ နောက်မှာတော့ “ ကိုးဆယ်ဆသာလိမ့်မယ် ”
ရုပ်ရှင် ဇာတ်ကား ရိုက်နေရင်း မန္တလေးမြို့ မှာ ရောက်ရှိနေတာ
နှစ်လလောက် ကြာပြီဖြစ်တဲ့ သရုပ်ဆောင် ကျော်ရဲအောင် ရဲ့အလှည့်မှာတော့ ကိုယ်တိုင်ဂီတာတီးလို
့ သီဆိုဖျော်ဖြေတာကိုတွေ့ ရပါတယ်။ ရုပ်ရှင်ဇာတ်ကားရိုက်ရင်း သျှောင်တစ်ထုံး
ဆုံးရှုံးသွားရှာတဲ့ ကတုံးစတိုင်လ် ကိုလည်း ပရိတ်သတ်က နှစ်ခြိုက်အားပေးခဲ့ပါတယ်။
မင်းသား၊ မင်းသမီး ဆိုတာ ကင်မရာရှေ့  မှာသာ သတ္တိရှိပြီး ပရိတ်သတ်ရှေ့ မှာခုလို
နဖူးတွေ့ ဒူးတွေ့ ပွဲမျိုးကိုတော့ ရင်ခုန်မိကြောင်း သည်းခံပြီးနားထောင်ပေးဖို့ 
ကျော်ရဲအောင်က ပရိတ်သတ်များကို ပြောကြားခဲ့ပါတယ်။ ကျော်ရဲအောင်ရဲ့
အလှည့်အပြီးမှာတော့ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာရဲ့ အလှည့်ကိုရောက်ရှိ
လာပါတယ်။ စိုးမြတ်သူဇာကလည်း ပုလဲရောင် ပိုးသားဂါဝန်ရှည်ကို သီချင်းတစ်ပုဒ်နဲ့ 
သီဆိုဖျော်ဖြေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အားလုံးတောင့်တ နေကြတဲ့ အဆိုတော်
မျိုးကျော့မြိုင် ရဲ့ အလှည့်ကိုရောက်ရှိလာပြီး သီချင်းများကို ဖျော်ဖြေရာ
ပရိတ်သတ်ကလည်း ဟန်ချက်ညီညီ ၀ိုင်းဝန်းသီဆိုခဲ့ကြပါတယ်။ မျိုးကျော့မြိုင်ကလည်း
သီချင်းခြောက်ပုဒ်ခန့်  သီဆိုပြီး မြတ်ကေသီအောင်နှင့် တွဲဖက်လို့ 
မိုးကလေးဖွဲတုန်း သီချင်းကို သီဆိုခဲ့ပါသေးတယ်။

မြူးကြွသွက်လက်တဲ့ ဟန်ပန်တွေအပြည့်နဲ
့လူငယ်သရုပ်ဆောင် အေးဝတ်ရည်သောင်း ကလည်း သီချင်းမြူးမြူး လေးတွေနဲ့ လိုက်ဖက်စွာ
ကခုန်ပြီး အားရပါးရ သီဆိုဖျော်ဖြေခဲ့ပါတယ်။ သရုပ်ဆောင် အဆိုတော် သဇင်ရဲ့
အလှည့်မှာတော့ ခပ်အေးအေး သီချင်းများကို သီဆိုဖျော်ဖြေ ခဲ့ပါတယ်။ တေးရေး၊ တေးဆို
မောင်မောင်ဇော်လတ်ရဲ့ အလှည့်ရောက်ပြန်တော့လည်း လူငယ်ပရိတ်သတ်တွေက
မြူးကြွလာတာကိုမြင် ခဲ့ရပါတယ်။

မောင်မောင်ဇော်လတ်ကလည်း သီချင်းသီဆိုမှု
အပြီးမှာတော့ Metal Zone Band နဲ့ သီဆိုဖျော်ဖြေသူက ကော်နီဘဲဖြစ်ပါတယ်။ ပရိတ်သတ်
တွေက အပျိုကြီးမကော် ဆိုပြီး အော်ဟစ်အားပေးကြရာ ကော်နီရဲ့ အလှည့်မှာတော့
ငြိမ်နေတဲ့ပွဲဟာ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွဖြစ်လာ ပါတော့တယ်။ ပွဲဆက်တွေ
များလာတဲ့ ကော်နီဟာ အဲဒီ နေ့ က သီချင်းတိုက်ချိန်တောင် မရဘဲ ရောက်တဲ့နေ့ မှာဘဲ
ပရိတ်သတ်တွေအတွက် မနားတမ်း သီဆိုဖျော်ဖြေခဲ့ပါတယ်။ ၁၆ နှစ်တုန်းက ဆိုတဲ့
သီချင်းဖြစ်တဲ့အတွက် ခုအရွယ်မှာ ရှက်ကြောက်ကြောင်းပြောကြားပြီး ပရိတ်သတ် တွေရဲ့
တောင်းဆိုမှုကြောင့် တစ်ချိန်က တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ကိုကိုချစ်
သီချင်းကိုလည်း ပရိတ်သတ် စိတ်တိုင်းကျ သီဆိုဖျော်ဖြေ ခဲ့ပါသေးတယ်။ ကော်နီ ရဲ့
သီဆိုဖျော်ဖြေမှု အပြီးမှာတော့ အများတောင့်တနေကြတဲ့ သရုပ်ဆောင် ကိုသားကြီး ဒွေးရဲ့
သီဆိုဖျော်ဖြေမှုနဲ့  ပွဲကို အဆုံးသတ်ခဲ့ပါတယ်။

ပွဲပြီးတော့ သဇင်နဲ့ တွေ့ ပြီးမေးကြည့်တော့ မန္တလေး
ပရိတ်သတ်နဲ့ မတွေ့ ရတာကြာလို့  ခုပွဲမှာဖျော်ဖြေရတာ အရမ်းဝမ်းသာကြောင်း လက်ရှိ
လှုပ်ရှားမှု အနေနဲ့  သင်္ကြန်အတာ နှစ်သစ်အတွက် သင်္ကြန်ရေ၊ တိပ်၊ဗီစီဒီ အခွေတွေ
ရိုက်ဖြစ်ပြီး ဇာတ်ကားအနေနဲ့  စိမ့်မြိုင်ကပုံပြင် ဇာတ်ကားကို ဖိုးသောက်ကြာနဲ့  တွဲဖက်သရုပ်ဆောင်
ရိုက်ကူးပြီးပြီလို့ သိရပြီး ကြော်ငြာအနေနဲ့  ရွှေနန်းတော်ဝင် ပိုးထည်ဆိုင်
ကြော်ငြာ ရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ မကြခင် ရေး၊ လမိုင်း ဘက်မှာ ပွဲဖျော်ဖြေဖို
့ရှိပြီး သင်္ကြန်မှာ တောင်ကြီး(သို့ ) ရနောင်းဖြစ်လိမ့်လို့  ထင်ပါသတဲ့။ အခုပွဲမှာ
သဇင်က ဝေလေလေ၊ သူ့ ရည်းစားဖြစ်နေတယ်၊ လွမ်းချစ်ကြည့်၊ လွမ်းနေမယ်၊ တစ်သက်လုံးမှာ၊
သီချင်းတွေ သီဆိုဖြစ်ပါတယ်။

ဒီပွဲရဲ့ အဓိက စီစဉ်သူ မိုးမိုးနဲ့  တဒင်္ဂ
မေးကြည့်မိတော့ ခုပွဲမတိုင်မှီ HIV ကူးစက်ခံ ကလေးငယ်တွေရဲ့ကျောင်း (မြောက်ဒဂုံ)မှာ
အမြဲတမ်း အလှူ ဖြစ်ကြောင်း လိုအပ်တာတွေ အားဖြည့် ဖြစ်နေရာက ခုပွဲကို သူ့ မောင်တွေ
စီစဉ်နေကြတော့ HIV ဝေဒနာရှင်တွေအတွက် ကူညီချင်လို့ ဒီပွဲကို ဦးဆောင်စီစဉ်တာလို
့ဆိုပါတယ်။

ခုပွဲမှာ မောင်မောင်ဇော်လတ် ကို ပွဲတောင်းကြသလို
စိုးမြတ်နန္ဒာကိုလည်း ၀လာတယ်နော်၊ မကော်ကိုတော့ ဘယ်တော့မုန့် စားရမလဲ၊ တပေါင်းတခူး
အကြောင်းမထူးသေးဘူးလား စသည်ဖြင့် စင်အောက်က ပရိတ်သတ်နဲ့  စင်ပေါ်က ဖျော်ဖြေသူတွေ
ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နောက်ပြောင် ကျီဇယ် ကျေးဇူးတင် ခွန်းတုန်
့စကားတွေနဲ့ အိနြေ္ဒ ရရလှပတဲ့ မန်းမြို့ ဂီတညပါပဲ။ ည ၁၁ နာရီကျော်အထိ အားပါးတရ
ဖျော်ဖြေပြီး ပရိတ်သတ်တွေ ကျေနပ်သွားသလို HIV ရန်ပုံငွေ ဂီတပွဲတော်များ
အောင်မြင်ကြပါစေလို့  မုဒိတာပွားလိုက်ရပါတယ်။

The Ray of light Journal ( No 446 ,March 5, 2007
)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top