18
Feb

ယခုနှစ်တွင် ARV ဆေးတိုး ပေးမည်

ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်လျက်ရှိသော ARV ကို ထပ်မံတိုး၍ ပေးဝေနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အမျိုးသား ခုခံအား ကျဆင်းရေးနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးမှ သိရသည်။

''ဆရာတို့ လက်ထဲမှာရှိတဲ့ ဆေးအရေအတွက်နဲ့ HIV ရောဂါရှိသူ အရေအတွက်ပေါ် ချိန်ကိုက်ပြီး ဆေးပေးနိုင်ဖို့ ရည်ရွယ် ထားပါတယ်။ အခု ARV ဆေးလိုအပ်နေတာ ဒီနှစ်ထဲမှာ တစ်သိန်းကျော် ရှိတယ်လို့ ခန့်မှန်းထားပေမဲ့ အနည်းဆုံး ခုနစ်သောင်းခွဲ လောက် ဆေးပေးနိုင်အောင် စီစဉ် ထားပါတယ်''ဟု တိုင်းဒေသကြီး ဆရာဝန်ကြီး ဦးကျော်စိုးက ပြောကြားခဲ့သည်။

လက်ရှိတွင် အမျိုးသားခုခံအား ကျဆင်းရေးနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး အသင်းသို့ Global Fund Support က ၂ဝ၁၅ခုနှစ် နှင့် ၂ဝ၁၆ ခုနှစ်အထိ Global Fund Special Policy အရ ဆေးဝါး ARV များ ထောက်ပံ့ ပေးထားကြောင်းနှင့် ARV ဆေးများ လိုအပ်နေ သူများကို ၆၁ ရာခိုင်နှုန်း အထိပေးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ ARV ကုထုံးဆိုင်ရာ မူဝါဒ လမ်းညွှန် ကိုလည်း ယခင်နှစ်ဇွန်လက WHO မှ နောက်ထပ် Guide Line အသစ်များ ထပ်မံ ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်မှု အပေါ် အခြေခံ၍ HIV ကုထုံးဆိုင်ရာ မူဝါဒ လမ်းညွှန်ချက် အသစ်များ ရေးဆွဲ နေကြောင်း သိရသည်။

သိုက်ရာဇာ (ရန်ကုန် ဇန်နဝါရီ ၂၁)

မြဝတီ - ယခုနှစ်တွင် ARV ဆေးတိုး ပေးမည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top