အင်း …. မပြောမဖြစ်လို့ ပြောလိုက်ပါဦးမယ်။ ဆရာလုပ်တယ် ထင်ရင်လဲ ခွင့်လွှတ်ပါ။ တက်တူးဆရာတွေကလဲ ထမင်းအိုး တုတ်နဲ့ထိုးတယ်ထင်ရင် ခွင့်လွှတ် မပြောမဖြစ်လို့ပြောလိုက်ရတာပါ..အခုတစ်လော တက်တူးဆိုတာတွေ တော်တော်ခေတ်ပြန်စား လာတာ တွေ့ရတယ်။ အရင်တုန်းကတော့ တက်တူးမခေါ်ဘူး..ဆေးမင်ကြောင်ခေါ်တယ်။ဆေးမင်ကြောင်ထိုးထားရင် လမ်းသရဲလို့ သတ်မှတ်ကြတယ်။ လမ်းသရဲလို့ အထင်ခံရမှာ တစ်ကြောင်း ပြန်လဲဖျက်မရတော့ သေရာပါအမှတ်ဆိုပြီး လူအထင်သေးမှာ တကြောင်း ကြောင့် ဟိုခေတ်တုန်းက အမျိုးကောင်းသားသမီးများ ရှောင်ကျဉ်ကြပါတယ်။
ဆေးမှင်ကြောင်ဆရာ မူးနေတုန်းသွားထိုးခိုင်းမိလို့ ရုပ်ပျက်ဆင်းပျက် အရုပ်တွေဖြစ်လာတာ၊ စာလုံးပေါင်းမှားရေးမိလို့ သူများမြင်ရင် ရယ်စရာ ဖြစ်နေတဲ့ တက်တူးသမားတွေကိုတွေ့ဖူးတာလဲပါတာ ပေါ့နော်..အခုခေတ်ကတော့ မင်းသမီးမင်းသားတွေကအစ ထိုးပြ၊ အင်တာနက်ပေါ် ဂုဏ်ယူဝင့်ကြွားစွာ တင်ပြနေတော့လဲ ခေတ်လူငယ်တွေ လိုက်လံ အတုခိုးလာတာ ခေတ်ရေစီးကြောင်း လို့ ပြောရမလားပဲ…။ ရှိစေတော့ …။
ဒါပေမယ့် တက်တူးထိုးမယ်လို့ စဉ်းစားမိရင်တော့ ဒီအကြောင်းလေးကို နဲနဲတော့ ခေါင်းတဲထည့်စေချင်တယ်။မနေ့က ကျွန်တော်တို့ နယ်မြို့လေးကို တက်တူးထိုးတဲ့ ဆရာ တစ်ယောက် ရန်ကုန်ကေ၇ာက်လာတယ်။ လက်ရာကောင်းတယ်ဆိုလို့ ကျွန်တော်ဗဟုသုတ အနေနဲ့ သွားလေ့လာပါတယ်။ ဒါပေမယ့် သူ့ဆီမှာ အထိုးခံနေတဲ့ သူကိုတွေ့တွေ့ ခြင်းပဲ ကျွန်တော် ပြန်လှည့်လာခဲ့တယ်။ ငါ ဒီအဖြစ် မျိုးကို တားဆီးရမယ်လို့လဲ တွေးမိတယ်။ ဒါကြောင့် ကျွန်တော် ဒီပို့စ်ကိုရေးပါတယ်။ အဲဒီ့နေ့ကကျွန်တော် ရောက်သွားတော့ ပထမ ဆုံး ထိုးနေတဲ့သူက HIV posative ပါ။ ကာယကံရှင်ကိုယ်တိုင်တောင် သူ့မှာဒီပိုးရှိနေတယ်ဆိုတာ မသိသေးပါ။ ဒါပေမယ့် ကျွန်တော်သိ နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့မြို့ရဲ့ သွေးလှူရှင်အဖွဲ့မှာ ကျွန်တော်ကအတွင်းရေးမှုး ဖြစ်နေလို့ပါ။ ဒီလောက်ဆိုရင် ကျွန်တော် ဘာကြောင့် ဒီပိုစ့်ကို ရေးရတယ်ဆိုတာ သိသင့်ပါပြီ။
တစ်ခါသုံးအပ်ကို သုံးတယ်ပဲပြောပြော၊ဘယ်လောက်သန့်ရှင်းတယ်ပဲ ပြောပြော ကျွန်တော့အသက်ကို လောင်းကြေးတင်ပြီး တက်တူး ဆရာရဲ့အပ်မှာ ရောဂါပိုးပါမပါ မစမ်းသပ်ရဲ ပါဘူး။ သူ့နောက်မှာ ရန်ကုန်ကဆရာရောက်တုန်း တက်တိုးအထိုးခံဖို့ စောင့်နေတဲ့ တစ်ပြုံတစ်မကြီးကိုလဲ ကျွန်တော်ဘယ်လိုနည်းနဲ့မှ မတားဆီးနှိုင်ခဲ့ပါဘူး။တားဆီးခဲ့ရင်လဲ ကျွန်တော် ဒီစာကို နတ်ပြည်ကနေ ရေးနေ ရမယ် ထင်ပါတယ်။
ဒါပေမယ့် တက်တူးထိုးတော့မယ့်သူတွေ ဒီအဖြစ်ကို သိသင့်တယ်ထင်လို့ ၊ မရေးရင် ကျွန်တော့တာဝန် မကြေသလို ခံစားရလို့ ကျွန်တော် ရေးလိုက်ပါတယ်။ တက်တူးဆရာရဲ့ အပ်သန့်မသန့်ကို ကျွန်တော်မငြင်းပါ။ ရောဂါပိုး ကူးနှိုင် မကူးနှိုင်ကျွန်တော် မငြင်းပါ။ သိသင့်တယ် ထင်တာလေးပဲ ကျွန်တော် ရေးပြလိုက် ပါတယ်။ ကိုယ့်အသက်ကို လောင်းကြေးထပ်သင့် မထပ်သင့်ကတော့ ကိုယ့်စိတ်နဲ့ ကိုယ်ပါ။
ရေးသူ - မှော်ဆရာ။ ဖေါ်ဝါ့ဒ် မေးမှ ကူးယူပါသည်။
ကျောက်ပန်းတောင်း - ယနေ့ခေတ် တက်တူးကို ခုံမင်နှစ်သက်သူတို့ သတိပြုဖွယ်




