23
Nov

ရခိုင်ပြည်နယ်တွင်း ART ဆေးဝါး မပြတ်လပ်အရေး ရခိုင်လူမှု အဖွဲ့အစည်းမှ ကူညီမည်

ရခိုင်ပြည်နယ်အတွင်း HIV ပိုးရှိသူများအတွက် ဆေးဝါး မပြတ်လပ်စေရေး အတွက် ရခိုင်လူမှု အဖွဲ့အစည်းများမှ ကူညီမည်ဟု နိုဝင်ဘာ (၁၈) ရက်နေ့က စစ်တွေမြို့ဝံလက် ဖောင်ဒေးရှင်းရုံးတွင် ပြုလုပ်ခဲ့သည့် အသိပညာ ပေးဆွေးနွေးပွဲတွင်ရခိုင်လူမှုအဖွဲ့အစည်း များက ပြောဆိုခဲ့သည်။

(Myanmar Positive Group (National PLHA Network) နှင့် (UtopiaAssociation) တို့ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ HIV ပိုးရှိသူများအတွက် ARTဆေးဝါး မပြတ် လပ်ရေးရှေ့ဆက် လုပ်ဆောင်နိုင်ရန်  ရခိုင်လူမှုအဖွဲ့ အစည်း များဖြစ်သည့် ရခိုင်သဟာယအသင်း၊ ဝံလက်ဖောင်ဒေးရှင်း၊ ABCD တို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ကျွန်နော်တို့ တစ်ခုကူညီလို့ရတာက ဒီအဖွဲ့အစည်း HIV မိသားစုရဲ့သားသမီး ကလေးပညာရေးအတွက်  ကျွန်နော်တို့ ပညာရေးလမ်းကြောင်းနဲ့ ကူညီပေးလို့ရပါတယ်” ဟု ဝံလက်ဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်းစံက ဆိုသည်။ ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင်း HIV ပိုးရှိသူများအတွက်  ဆေးဝါးပြတ်လပ်မှုများ ရှိခဲ့သလို အသက်ဆုံးပါးမှု များလည်းရှိခဲ့ကြောင်းသိရသည်။

“ပဋိပက္ခအတွင်းမှာ အဲဒီအထဲမှာ ဆိုးဆိုးဝါးဝါးဖြစ်တာက ARTဆေးဝါးပြတ်လပ်မှုနဲ့ အသက်ဆုံးပါးသွားသူ (၆) ယောက်ရှိပါတယ်၊ အမျိုးသမီး (၄) ဦးပါတယ်” ဟု MyanmarPositiveGroup မှရခိုင်ဒေသ ဆိုင်ရာ ကိုယ်စားလှယ် ဦးသန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် PLHA ပိုးရှိသူများအတွက် ဆေးပေးခန်း တစ်ခုဖွင့်ရန် လူမှုအဖွဲ့အစည်းများဖြင့် ဆွေးနွေး ထားပြီးမကြာမီ မြိုမိမြိုဖများနှင့် ညိုနှိုင်သွားဖို့ အစီအစဉ်ရှိကြောင်းဦးသန်းထွန်းက ဆိုသည်။

ယခင်က PLHA တို့အတွက် ART ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို AZG နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ  ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး နောက်ပိုင်းတွင် ရုံးမဖွင့်တော့သဖြင့် Myanmar Positive Group (National PLHA Network) နှင့် Utopia Association အဖွဲ့က ကျန်းမာရေးစောင့်ရှောက် မှုပေးရန် စီစဉ်နေခြင်းဖြစ်သည်။

“ ကျွန်နော်တို့ Utopia Association  အဖွဲ့နဲ့ MPG တို့ပေါင်းပြီး စစ်တွေမြို့ထဲမှာ ဆေးခန်း တစ်ခန်းဖွင့်နိုင်အောင် မြို့မိ မြို့ဖတွေနဲ့ ညိုနှိုင်းသွားဖို့ အစီအစဉ်ရှိပါတယ်၊ ဆေးခန်းဖွင့်ဖို့ အတွက်လဲ ကျွန်နော်တို့ ကြိုးစားနေ ပါတယ်။  အဖွဲ့အစည်းတွေကလဲ ဝိုင်းပြီး မှတ်ချက်ပေး ထောက်ပြတာတို့ရှိပါတယ်။ MS ဟော်လန် (AZG) ပြောတာက ဆေးခန်းဖွင့်မယ်ဆိုရင် သူတို့ဆီ က ဆရာဝန် တစ်ယောက် ထားပေးမယ်လို့တော့ပြောတယ်“ ဟု ဦးသန်းထွန်းက ဆိုသည်။

စစ်တွေမြို့မှ  HIV ပိုးရှိသူတစ်ဦးက  “ကျွန်မက PLHA ဖြစ်နေတော့ဆေးဝါးကို Utopia ကဘဲ ယူနေပါတယ်၊ အစိုးရဆေးရုံမှာ ဆေးပေးပေမယ့် စိတ်ကမလုံမလဲဖြစ်တယ်။ Utopia မှာဆိုရင် ဘဝတူ တွေဆိုတော့ ပွင့်ပွင့်လင့်လင့် ဆွေးနွေးလို့ရတယ်”ဟု  ပြောပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် ART ဆေးသောက်သုံးနေရသည့် PLHAစုစုပေါင်း (၃၃၀)ရှိပြီး၊ (၂၈၅) ဦးမှာ ART ဆေးဝါးသောက်ရန်လိုအပ်နေသေးကြောင်း သိရသည်။

မြစ်မခ - ရခိုင်ပြည်နယ်တွင်း ART ဆေးဝါး မပြတ်လပ်အရေး ရခိုင်လူမှု အဖွဲ့အစည်းမှ ကူညီမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top