21
Mar

ရင်သားကင်ဆာတွင် သုံးသည့်ဆေးက အဆုတ်ရောင်ရောဂါနှင့် ဦးနှောက် အမြှေးရောင် ရောဂါခံစားနေရသည့် HIV ဝေဒနာရှင် များ၏ မျှော်လင့်ချက်ဖြစ်လာနိုင်

နှစ်စဉ် HIV ဝေဒနာရှင်များအား အဓိကသေဆုံးစေသော တရားခံမှာ Cryptococcosis ဟုခေါ်သည့် မှိုရောဂါဖြစ်ပြီး ယင်းမှိုရောဂါအား ရင်သားကင်ဆာ ကုသရာ၌သုံးသည့် ဆေးက ကုသနိုင်ကြောင်း သိရသည်။ University of Rochester မှ လေ့လာသူများက ရင်သားကင်ဆာ ဝေဒနာရှင်များ၌ သုံးသည့် Tomoxifen ဆေးအား Cryptococcosis ကြောင့် အဆုတ်ရောင် နမိုးနီးယားနှင့် ဦးနှောက် အမြှေးရောင် ရောဂါခံစားနေရသည့် ကြွက်များတွင် စမ်းသပ်ခဲ့ကြသည်။

ယင်းရောဂါ နှစ်မျိုးမှာ တစ်နှစ်လျှင် HIV ဝေဒနာရှင် ၆၂၀၀၀၀ ခန့်အား သေဆုံးစေနိုင်သော အကြောင်းရင်းဖြစ်ပြီး ခုခံအား ကျနေသည့် ဝေဒနာ ရှင်များတွင် ယင်းဝေဒနာနှစ်မျိုးအား ပြန်လည် တိုက်ထုတ်ရန် ခက်ခဲပြီး အဆုံးသတ်မှာ အသက် ဆုံးရှုံးမှုသာ ကြုံတွေ့ရလေသည်။ ယင်းဝေဒနာ ခံစားနေရသော ကြွက်များတွင် Tamoxifen ဆေးအားပေးခဲ့ရာ ယင်းမှိုပိုးအား သတ်ပစ်နိုင်ကြောင်း တွေ့ခဲ့ရသည်။ လေ့လာ သူများက ဝေဒနာရှင် များအား ကုသသည့် နည်းသစ်တစ်ခု တွေ့ရှိပြီး ပို၍ အခွင့်အလမ်းများ ရရှိရန် မျှော်လင့်နေသည်။

အ၀င်း
ref:Netdoctor.co.uk
Health Updates

Myanmar News - ရင်သားကင်ဆာတွင် သုံးသည့်ဆေးက အဆုတ်ရောင်ရောဂါနှင့် ဦးနှောက် အမြှေးရောင် ရောဂါခံစားနေရသည့် HIV ဝေဒနာရှင် များ၏ မျှော်လင့်ချက်ဖြစ်လာနိုင် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top