ဂျပန် အပြာရုပ်ရှင်ဇာတ်ကား သရုပ်ဆောင်မလေး တစ်သိုက်ဟာ ပရိတ်သတ်တွေ သူတို့ရဲ့ ရင်သားတွေကို ကိုင်တွယ်ခွင့်ပြုမယ့် ၂၄ နာရီကြာ အလှုခံမှုကို ပြုလုပ်ဖို့ပြင်ဆင်နေကြပါတယ်။
အပြာကားမင်းသမီး ၉ ဦးက ရုပ်မြင်သံကြားမှာ တိုက်ရိုက်ပြသမယ့် ‘Stop! AIDS’ လူပ်ရှားမှုနဲ့ ပတ်သတ်ပြီး သူတို့ရဲ့ စိတ်လှုပ်ရှားမှုကိုတွေကို မနည်းထိန်းထားရတာဖြစ်ပါတယ်လို့ ဌာနေမီဒီယာတွေကိုပြောပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ညင်သာကြပါလို့တော့ တောင်းဆိုခဲ့ပါတယ်။
‘ကျွန်မရဲ့ ရင်သားတွေကို လူတွေ ပွတ်သပ်ကိုင်တွယ်ကြမှာကိုတွေးပြီး ပျော်နေပါတယ်’ လို့ Rina Serina က Tokyo Sports ကိုပြောပါတယ်။ ‘ဒါပေမယ့် ရှင်တို့ကျေးဇူးပြုပြီး ညင်သာမယ်ဆိုရင် ကျွန်မ အရမ်းပျော်ရွှင်ရမှာပါ’ လို့ပြောပါတယ်။ ‘ကျွန်မရဲ့ရင်သားတွေက လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်တယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး’ လို့ Serina ကပြောပါတယ်။ သူနဲ့လုပ်ငန်းတူ သရုပ်ဆောင် Iku Sakuragi ကတော့ သူမရဲ့ ရင်သားတွေ လက်ပေါင်းရာကျော်နဲ့ အကိုင်အတွယ်ခံရမှာကို စိတ်ပူပန်ပုံ မရပါဘူး။ ‘ဒါက အလှုအတန်း အတွက်ပါ။ ညှစ်ပါ၊ ပိုက်ဆံလှုပါ။ ပျော်ကြရအောင်’ လို့ Iku ကပြောပါတယ်။
ဒါဟာကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရန်ပုံငွေတစ်ခု မတည်ဖို့အတွက် အောင်မြင်မှာသေချာတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ထဲကစတင်ပြီး ၁၂ ကြိမ်မြောက်ဖြစ်သွားတဲ့ ဒီလှုပ်ရှားမှုမှာ အလှူလုပ်သူတွေက AIDS တိုက်ဖျက်ရေး လှုပ်ရှားမှုကို ငွေလှုရတာဖြစ်ပြီး ရုပ်သံမှာပြသမှာဖြစ်ပါတယ်။
Ref: barstoolsports.com
Trend Myanmar - ရင်သားကို ကိုင်ခွင့်ပြုပြီး AIDS တိုက်ဖျက်ရေး ရန်ပုံငွေအတွက် အလှုခံခဲ့တဲ့ ဂျပန်အပြာကား မင်းသမီးများ




