23
May

ရင်သား နှိပ်နယ်ခြင်း

ရင်သားမှာ ကြွက်သားမပါဘူး။ အဆီ နဲ့ အရွတ်သာ ရှိတယ်။ ထူးခြားတာက Glands နို့ထွက်အိတ်၊ Ducts နို့ထွက်ပြွန်တွေ၊ Lobules, Alveoli အစုလိုက် ရှိနေတယ်။ အရွယ်အစားကို ဖြစ်စေတာက (တစ်ရှူး) အစု ၂ ခုရှိတာမှာ Fatty tissue နဲ့ Glandular tissues တွေပါ။

Glands တွေက နို့ထွက်ဘို့အတွက် ဖြစ်တယ်။ အရွယ်အစား ကြီးဘို့ဆိုရင် Fat များနေရမယ်။ တယောက်နဲ့ တယောက်၊ တဖက်နဲ့ တဖက် အချိုးအဆ မတူကြဘူး။ အဆီ နဲသူ-နဲတဲ့ဘက်က ပိုတင်းမာနေမယ်။ အရွယ် ငယ်သူတွေလိုပေါ့။ “နို့သေးတာဟာ ပြွန်နည်းနေတာ မဟုတ်ပါ။ အဆီနဲတာသာ ဖြစ်တယ်။ ဒါ့ကြောင့် ကလေးနို့တိုက်ဘို့ ကြိုတင်ပူစရာ သိပ်တော့ မရှိပါ။” ခက်တာက အဆီတွေ ရင်သားမှာသာ လာစုအောင် အဆီ များများစားလို့လဲ မရပြန်ဘူး။

ရာသီ တလထဲမှာ ဟော်မုန်းကြောင့် ရင်သားကို အပြောင်းလဲတွေ ဖြစ်စေတယ်။ တကယ့်ကို ရုတ်တရက်-ချက်ချင်း ပြောင်းတယ်။ ရာသီ လာတော့မယ်ဆိုရင် Estrogen နဲ့ Progesterone ဟော်မုန်းတွေ များနေတာမို့ ရင်သား တင်းမာ နေတယ်။ နာတတ်တယ်။ သွေးဆင်းပြီးရင် ပြော့လာပြန်တယ်။ “ကိုယ့်ကိုယ်ကို ရင်သားမှာ အကြိတ် ရှိ-မရှိ စမ်းချင်ရင် ဒီချိန် အကောင်းဆုံးဘဲ။ Mammogram ရိုက်တာလဲ ဒါ အချိန်ကောင်းဘဲ။”

ကိုယ်ဝန်ကြောင့်လဲ အဲလိုဘဲ။ ကိုယ်ဝန်ဆောင် ၇-၈ ပါတ်မှာ နို့အခြေအနေ ပြောင်းပြီ။ ၁၂-၁၆ ပါတ်ရှိလာမှ သိသာတယ်။ ၄ လရောက်ရင် တမျိုး တိုးလာတဲ့ ဟော်မုန်းတန်ခိုးနဲ့ Milk dust နို့ထွက်ပြွန်တွေ ကြီးထွားလာမယ်။ ကလေးမွေးပြီး အချင်း ထွက်ပြီးတာနဲ့ အရည်ကြည် Colostrum သာ ထွက်နိုင် ခဲ့တဲ့ နို့ရည်က အဖြူရောင် တကယ့်နို့ထွက်စေဘို့ နောက် ဟော်မုန်းတွေကနေ ဆောင်ကျဉ်း ပေးလိမ့်မယ်။ နို့အရွယ် မငယ်သူတွေလဲ ကလေးဖွါးပြီး နို့ထွက် နဲတာ ဖြစ်ပါတယ်။ ဒီတော့ ရင်သားအရွယ် ငယ်ပေမဲ့ နို့ကောင်းကောင်း ထွက်နိုင်မှာကိုလဲ မှန်းထားလို့ ရပါတယ်။ စိတ်က အရေးပါတယ်။

ဆေးပညာမှာ ရင်သား ဖွံ့ထွားအောင် လုပ်နည်းရယ်လို့တော့ မရှိပါ။ ဒါပေမဲ့ ကျန်းမာရေး (အစ်ရှူး) တခုဖြစ်တာမို့ ဆရာဝန်တွေ ဝင်ပါလာရတယ်။ ဘယ်နေရာမဆို စီးပွါးရေးကလဲ ပါနေတာမို့ ကြော်ည်ာတွေ များသလား မမေးနဲ့။ ကောင်းတယ်၊ ရမယ်ပြောတာတွေမှာ ဆရာဝန်တွေ မပါတာ များတယ်။ ဒါပေမဲ့ ဆရာဝန်မှ ဆေးကုကြတာ မဟုတ်ဘူး။ နောက်ပြီး၊ ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို ဘယ်လောက် လက်ဆောင် ပေးခဲ့တယ်။ တခါ ဆရာဝန်တွေ ဆေးလက်မှတ် ရေးပေးတဲ့ အကျင့်လိုက်ပြီး ကုမ္ပဏီတွေကနေ ဆေးထုတ်နေတယ်ဆိုတဲ့ သတင်းတွေက ပူပူနွေးနွေး ရှိသေးတယ်။

Herbal ဆေးဘက်ဝင် ပစ္စည်းတွေထဲမှာ Fenugreek, Saw Palmetto, Fennel, Dong Quai, Mexican wild yam, Damiana နဲ့ Blessed thistle တွေဖြစ်တယ်။ Red clover နဲ့ Black cohosh တွေလဲပါသတဲ့၊ မများစေနဲ့လို့ ပြောတယ်။ မြန်မာလို့ နာမယ်တွေ မသေခြာပါ။ တခုချင်း ရှာနေတာထက် ဆေးဆိုင်တွေမှာ ဖေါ်ပြီး-စပ်ပြီး ရောင်းနေတာမို့ သိဘို့ မလိုလောက်ပါ။ Breast Enhancement Pills ဆေးလုံးဆိုတာတွေမှာလဲ Herbal တွေသာ ပါတာပါ။ အချိန်တော့ ၂ လ လောက် ယူရတယ်လို့ ပြောတယ်။ Breast Enhancement Creams and Lotions လိမ်းဆေးတွေလဲ လုပ်ရောင်းပါတယ်။

နည်းရှိသမျှကို ချုပ်ရရင်
• Herbal ဆေးဘက်ဝင် ပစ္စည်းများ၊ Breast Enhancement Pills စားဆေး၊
• Breast massage နှိပ်နယ်နည်း၊
• Exercise လေ့ကျင့်ခန်း၊
• Breast pumps ကရိယာနဲ့ စုပ်ပေးတာ၊
• Surgery ခွဲစိတ်ပြုပြင်နည်းတွေ ဖြစ်တယ်။

Breast massage ရင်သားကို နှိပ်ပေးနည်းမှာ သူများဆီမှာတော့ Olive oil သုံးတယ်။ ကိုယ့်လူမျိုးတွေအတွက် Sesame Seeds နှမ်းစေ့၊ နှမ်းဆီကို လိမ်းရင်လဲ ရင်သားကြီးစေမယ်၊ တင်းနေစေမယ်တဲ့။ ဘယ်ကနေဘယ်လို နှိပ်ပါ ဆိုတာတွေကို ကြော်ညာသလို မရေးတော့ပါ။ Massage ဗီဒီယို ကြော်ညာတွေကို ကျန်းမာရေးအတွက် ဟုတ်တယ် မထင်ပါ။ နေရာအနှံ့နဲ့ အချိန်မှန်ဘို့သာ လိုပါမယ်။ ညောင်းလို့ နှိပ်တာမျိုးလို ကြွက်သား အနေအထားသိနေဘို့ မလိုပါ။

နောက်ဆုံး လှချင်သူများ Silicon ထည့်ကြရတယ်။ ၂ဝဝ၆ American Society of Aesthetic Plastic Surgery အရ အမျိုးသမီး ကြီး-ငယ် ၃ဝ၃၃၃၆ ယောက် breast augmentation surgery လုပ်ခဲ့ကြပါသတဲ့။ ၁၉၉၇ ကနေ တွက်ရင် ၄၄၆% တိုးလာတာတဲ့။ Complication မရှိသူများ ဒစ်စကိုသွားဘို့၊ ရုပ်ရှင်ရိုက်ဘို့တော့ ကောင်းတာပေါ့။

Exercises လေ့ကျင့်ခန်းဆိုတာ push-up လုပ်တာပါ။
1. ကြမ်းပြင်မာမာမှာ မှောက်အိပ်ပါ။
2. ဒူးကွေးပါ။ ခြေခြင်းဝတ်နှစ်ဖက် ကန့်လန့် ချိတ်ပါ။
3. လက်ဝါးနှစ်ဖက်ကို ပခုံးအတိုင်း တတန်းထဲထားပြီး၊ တဒေါင်ဆစ်ကို ကွေးပါ။
4. တဒေါင်နဲ့ လက်ဝါးကိုထိန်းညှိပြီး ကိုယ်ကို အထက်မပေးပါ။ ခြေခြင်းဝတ်ချိတ်တာ မဖြေပါနဲ့။
5. နောက် ကိုယ်ကို ဖြေးဖြေးချင်း အောက်ချပါ။
6. ၁ဝ ကြိမ်ဆက်လုပ်ပါ။ နောက်ရက်တွေမှာ တိုးလုပ်ပါ။ တပါတ်မှာ ၂-၃ ကြိမ်လုပ်ပါ။
7. အားကစားဝတ်စုံနဲ့ဆို ပိုကောင်းတယ်။

အမျိုးသမီးတွေ Bras ကို အကြာကြီး ဝတ်ထားရတာ ကျန်းမာရေးအရ ပြောရရင် သိပ်မကောင်းဘူး။ တင်းကျပ်တာဆို ပိုဆိုးတယ်။ လေသလပ်တာ၊ အပေါ်ယံ ချွေးထွက်တာ နည်းစေယုံမက အထဲက Lymphatic system သွေးပြန်ရည်စနစ် ကောင်းကောင်း မလုပ်ရရင် သွေးထဲက မကောင်းတာတွေ စွန့်ထုတ်တာကို နည်းစေတယ်။ ညအိပ်ချိန် အတွင်းခံ မဝတ်ဘဲ အိပ်တာ ကောင်းပါတယ်။ အတွင်းခံမှန်သမျှ လှတာ၊ ဆန်းတာ၊ Sexy ဖြစ်တာ အပထား ချည်ထည်က အကောင်းဆုံး ဖြစ်တယ်။

ရင်သား နှိပ်နယ်ခြင်း Breast Massage ရဲ့ ရည်ရွယ်ချက်က ရင်သားကို သူ့သဘာဝအတိုင်း ဖွံ့ထွားလာမှာကို လှုံ့ဆော် အားပေးဘို့ အဓိက ဖြစ်တယ်။ ရလဒ်ကတော့ တခုမကပါ။ Size ကြီးထွားစေဘို့သာမကဘဲ Blood သွေးလှည့်ပါတ်တာ၊ Lymph သွေးပြန်ရည် လည့်ပတ်တာ၊ Nerve အာရုံခံတာတွေကိုပါ တိုးတက် ကောင်းမွန်စေမယ်။ ရင်သားကို Look အမြင် ပိုလှစေမယ်၊ Firmness တင်းတင်းရင်းရင်း ရှိနေအောင်ကိုလည်း လုပ်ပေးရာကျမယ်။ အိမ်ထောင်သည် ဖြစ်အုံးတော့ Prevention ကိုယ်ဝန်ရှိရင် Brest abcess, Mastitis နို့နာ မဖြစ်အောင်၊ Brest feeding ကလေးနို့တိုက်တဲ့အခါ အခက်အခဲ မရှိအောင်ကိုလဲ ကာကွယ်ရာ ကျတယ်။ Early detection ကိုယ့်ရင်သားမှာ Brest lump အလုံးအကြိတ် ရှိ-မရှိကို သိစေနိုင်လို့ သိပ်ကောင်းတယ်။

ရေမိုးချိုးတိုင်း ရင်သားကို တယုတယ ပွတ်သပ်ပါ။ ထိပ်ဖျားကို အသေအခြာပွတ်ပါ။ ရေချိုးပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ဖိအားသုံးပြီး သန့်ပေးပါ။ “Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း” ရေးထာတာ ရှိပါတယ်။

ကိုယ့်ဖါသာ လုပ်နိုင်တဲ့ အဆင့် ၄ ဆင့်နည်း။
၇ ရက်တပါတ်မှာ အနည်းဆုံး ၂ ကြိမ်လုပ်ပါ။ Breast Cream သုံးပါ။ အဆင့် ၁ ဆိုတာက lymphatic system ခေါ်တဲ့ သွေးပြန်ရည်စနစ်ကို ကောင်းစေအောင် လုပ်ပေးတာ ဖြစ်တယ်။ အဆင့် ၂ နဲ့ ၄ အထိက venous fluids ခေါ်တဲ့ သွေးပြန်ကြောထဲက သွေးတွေစီးတာ ပိုမိုကောင်းဘို့ ဖြစ်တယ်။ အဆင့် ၄ ကတော့ ရင်သားကို ထောက်ကူပေးနေတဲ့ ligaments အရွတ်တွေ ကောင်းစေဘို့ပါ။

အဆင့် ၁။ လက်ချောင်လေးတွေကို Nipple နို့သီးထိပ်ကနေ ဝေးရာဆီကို ရွှေ့ပေးပါ။ သိပ်မဖိပါနဲ့။ မျက်တောင် ခတ်သလိုသဘော သာသာလေး ရွှေ့ပါ။ ဖြေးဖြေးသာ လုပ်ပါ။

အဆင့် ၂။ ရင်သားကို လက်မနဲ့ လက်လေးချောင်း ကားထားတဲ့ ပြိုင်နေတဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး၊ Lifting ဆွဲမသလိုနဲ့ Pressing ဖိချသလိုဖြစ်အောင် လုပ်ပါ။

အဆင့် ၃။ ရင်သားကို လက်မနဲ့ လက်လေးချောင်း အဝိုင်းပုံအနေအထားနဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး၊ နာရီလက်တံ လည်သလိုတခါ ပြောင်းပြန်လည်သလိုတခါ Twist ညှစ်ပါ။ နာအောင် မလုပ်ပါနဲ့။ မြန်စရာမလိုပါ။

အဆင့် ၄။ ရင်သားကို လက်မကအထက် လက်လေးချောင်းကအောက် ကားထားတဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး၊ Moderate pressure ခပ်ဖိဖိအင်အားနဲ့ Compressions to move out အထက်ကြွစေအောင်လုပ်ပါ။

နောက်တနည်း
1. ရေချိုးပါ။ ရေခြောက်အောင်သုတ်ပါ။ ရင်သားကို ပုဝါခပ်နွေးနွေးနဲ့ သုတ်ပါ။
2. ရင်သားဆီ-အဆီ လိမ်းပါ။ ရင်သား အရွယ်အစားအပေါ် မူတည်ပြီး အနဲ-အများ ချိန်ပါ။
3. ရင်သား တဖက်ခြင်းလုပ်ပါ။ လက်တဖက်၊ နှစ်ဖက် အဆင်ပြောသလို သုံးပါ။ ရင်သားကို Crease အခြေကကနေ Upwards အထက်ဆီပင့်တင်ပါ။ အတွင်းဘက်ကို ဦးတည်ပါ။ ချိုင်းဘက်ကို မဟုတ်ပါ။ Circular and upward motion စက်ဝိုင်းပုံ အထက်ပင့် ဖြစ်ပါစေ။ ၂-၃ မိနစ်ကြာလုပ်ပါ။ ဆီ-အဆီ အကုန်စုပ်ဝင်သွားပါစေ။
4. နောက်တဖက်ကို အဲဒီနည်းအတိုင်း လုပ်ပါ။

တခါနှိပ်နယ်တာ အချိန် သိပ်ယူစရာ မလိုပါ။ ၂-၅ မိနစ်လို့ အကြမ်းဖျင်း ပြောနိုင်တယ်။ တနေ့ ၁ ခါရယ် မဟုတ်ပါ။ ရေးပြခဲ့တဲ့ နည်းတွေက Parlor တွေမှာ သုံးတာတွေဖြစ်တယ်။ ကိုယ့်ဖါသာ လုပ်ရင် လက်နှစ်ဖက်နဲ့ ရင်သားနှစ်ဖက်လုံးကို တပြိုင်တည်း လုပ်နိုင်တယ်။ မှန်ထဲကြည့်လုပ်ရင်တော့ ပိုကောင်းမယ်။ အခြေခံသိဘို့က ရင်သားတခုလုံးကို ထိမိစေဘို့ပါ။ အရောင်ရင့် အဝိုင်းလဲ ပါရမယ်။ နို့သီးထိပ်လဲ မကျန်စေရဘူး။ သဘာဝအတိုင်း ဖွံ့ထွားလာမှာကို နိုးဆွမှု ဖြစ်စေအောင် လုပ်တာမို့ပါ။ အောက်ခြေပိုင်းဟာ ချိုင်းဘက်ဆီအထိ အမြီးလိုရှိတာမို့ ချိုင်းဘက်အထိ ရောက်ပါစေ။ နို့အုံကို ဆွဲမချပါနဲ့။ နို့သီးထိပ်ဆီ ဦးတည်ပါ။ အောက်ကနေ ပင့်တင်တာ ပိုလုပ်ပါ။ စက်ဝိုင်းလည် လုပ်ပါ။

ဒေါက်တာတင့်ဆွေ - ရင်သား နှိပ်နယ်ခြင်း 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top