ဗုဒ္ဓနည်းကျကျ တရားဓမ္မများဖြင့် HIV/AIDS
ရောဂါဆိုးကြီးကို ကျော်လွှားတားဆီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့ စည်းခဲ့သည့်
ရတနာမေတ္တာအဖွဲ့  ကြီး၏ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေး ကြီးကို
ရန်ကုန်မြို့ ရှင်သာမဏေ ဗိမာန်တွင် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ကကျင်းပရာ အဖွဲ့ ဝင် ၁၅၀
ကျော်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်၂၀၀၇-၂၀၀၈ခုနှစ်များအတွက် ဥက္ကဌ
ဦးမြင့်ဆွေနှင့်အဖွဲ့ ဝင် ၂၁ ဦးပါ အမှု ဆောင်အဖွဲ့ ကို ရွေးချယ် တင်မြောက်ခဲ့ပြီး
အစည်းအဝေးကို ညနေ ၃ နာရီတွင် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုကာ
ရုပ်သိမ်းခဲ့သည်။
The Flower News Vol-3 No-11 March 13 2007




