ရတနာ့
မေတ္တာ အဖွဲ့မှ ပြည်တွင်း အလှူရှင်များ လှူဒါန်းသည့် ငွေများကို အဖွဲ့၏
အစီအစဉ်ဖြင့် HIV/AIDS ခံစားရသူ PLHA ၉ ဦးကို ယခုနှစ်ဝက် အတွင်းတွင် ART
ဆေး ထောက်ပံ့မှု ပြုလုပ်ခဲ့သည်ဟု အဆိုပါ အဖွဲ့မှ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောပါသည်။
“ရတနာ့မေတ္တာ အဖွဲ့မှ အစောင့်ရှောက်ခံ PLHA တွေထဲက ၉ ဦးကို
အဖွဲ့ရဲ့အစီအစဉ်နဲ့ ဆေးထောက်ပံ့ပေးခဲ့တယ်။ PLHA တွေက နေပြီးတော့
ဆေးမရရှိသေးတဲ့ သူတွေလည်း ရှိသေးတယ်။ သူတို့တွေကိုထပ်ပြီး ART ဆေးပေးနိုင်ဖို့ 3D
Fund ကိုလည်း ထပ်မံတင်ပြထားတာတွေ ရှိတယ်။ သူတို့ဆီက ထောက်ပံ့မှုရရင်တော့ PLHA
တွေအတွက် ART ဆေးထပ်ပြီး ပေးနိုင်မှာပါ။ ပြည်တွင်း အလှူရှင်တွေ အနေနဲ့လည်း
တတ်နိုင်သရွေ့ လာရောက်လှူလို့ရပါတယ်”။ ဟု ၎င်းကပြောပါသည်။
ရတနာ့မေတ္တာ
အဖွဲ့၏ အစောင့်ရှောက်ခံ PLHA များတွင် ART ဆေးသောက်ရန် အတွက် စောင့်ဆိုင်းနေသူ ၂၅၀
ဦးခန့် ရှိသည်။ 3DF မှ ၎င်းအဖွဲ့သို့ ၂၀၀၉ ခုနှစ်အတွင်း ပထမ သုံးလတွင်
အစောင့်ရှောက်ခံ PLHA ၅၀ ဦး၊ ဒုတိယလတွင် PLHA ၃၀ ဦးအား ART ဆေး
ထောက်ပံ့ပေးအပ်ခဲ့သည်။
PPPH
အဖွဲ့မှလည်း ၂၀၀၉ ခုနှစ် မေလ နှစ်ဝက် အတွင်း PLHA ၁၈ ဦး အား ART ဆေးပေးရန် လျာထား
သော်လည်း ၁၃ ဦးကိုသာ ဆေးထောက်ပံ့မှုများ ပေးခဲ့ပြီး ကျန်ရှိသူများကို
စောင့်ဆိုင်းစာရင်းသွင်းထားသည်။
ရတနာ့မေတ္တာ
အဖွဲ့သည် HIV ခံစားရသူများအား တစ်လလျင် အယောက် ၅၀ ခန့်လက်ခံ၍ အခွင့်အရေးယူ
ဝင်ရောက်သည့် ရောဂါ (OI) များကို ကုသပေးလျက်ရှိပြီး ၎င်းတို့ထံမှ ART ဆေးသောက်ရန်
လိုအပ်သည့်သူများကို စောင့်ဆိုင်း စာရင်းသွင်းထားသည်။
ART
ဆေးသောက်ရန် လိုအပ်သည့် သူများထဲမှ လူမှုရေးနှင့် စီးပွားရေး စံများ ဆေးဘက်ဆိုင်ရာ
စံများကို သတ်မှတ်၍ ART ဆေးထောက်ပံ့မှု ရရှိလာပါက သတ်မှတ်ထားသည့်
စံမှီသည့်သူများကို ဦးစားပေး၍ ထောက်ပံ့သွားမည်ဖြစ်သည်။
ရတနာ့မေတ္တာ
အဖွဲ့သည် ၂၀၀၅ ခုနှစ်မှ စတင်၍ HIV/AIDS ကုသရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း
ဆောင်ရွက်ရန် ဆေးခန်းဖွင့်လှစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ လူ၁၀၀ ဦးကို ART ဆေး
ပေးနိုင်ခဲ့သည်။ ၎င်းအဖွဲ့သည် ဆေးမလုံလောက်မှုကြောင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှ စ၍
လူနာအသစ်ကို လက်မခံနိုင်တော့ဘဲ လိုအပ်ချက်များအရ ၂၀၀၉ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်၍
အစောင့်ရှောက်ခံသစ်များကို ပြန်လည် လက်ခံလျက်ရှိသည်။
(အတွဲ
၂၊ အမှတ် ၅၊ ၁၅ စက်တင်ဘာ ၂၀၀၉၊ အင်္ဂါနေ့ထုတ် သစ္စာသတင်းဂျာနယ်)




