8
Jun

ရန်ကုန်မြိုတွင် ပြည့်တန်ဆာအလုပ်များ စစ်တပ်ဝန်ထမ်းများ၏ သမီးပျိုလေးများ လုပ်ကိုင်နေ



လက်တစ်ဆုပ်စာ အာဏာပိုင်တို့ရဲ့
အာဏာတည်မြဲရေးအတွက် ဆောင်ရွက်ပေးနေကြ သော အာဏာပိုင်လက်အောက်ခံ
အဖွဲ့အစည်းအသီးသီးကိုလည်း မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်တော်တို့ဟာ
အနာဂတ်ရည်မှန်းချက်အသီးသီးကို စွန့်လွှတ်ပြီး ခင်ဗျားတို့အပါအ၀င် သန်းခြောက်ဆယ်သော
ပြည်သူအားလုံးအတွက် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ခင်ဗျားတို့ ကြောင့်ကျွန်တော်ဟာ
အခုစာရေးနေစဉ်မှာပဲ ဖမ်းဆီးခံသွားရနိုင်သလို
အချိန်မရွေးအခါမရွေကျွန်တော်တို့ဟာ
ခင်ဗျားတို့ဖမ်းပြီး ထောင်ထဲထည့်တာကို ခံကြရမယ့်သူတွေသာဖြစ်ပါ တယ်။
ဒီလိုအချိန်မရွေး လုပ်လုပ်ရတဲ့အလုပ်မျိုးဖြစ်ပေမယ့် ကိုယ်လုပ်ရမယ့်အလုပ်မျိုးဟာ
ခဏာ တာဘ၀အတွက် တာဝန်ကျေသူမျိုးအဖြစ်ဖြင့်သာ အထက်အရာရှိတဲ့ ချီးကျူးစကားကို
ရရှိစေခြင်း ထက် တစ်မျိုးသားအတွက် တာဝန်ကျေသူများဖြစ်စေလိုပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ ဒီလိုစစ် အစိုးရလက်ထက်အတွင်းမှာ ခင်ဗျားတို့မိသားစုဝင်တွေ
ပြည့်တန်ဆာဖြစ်ကုန်မှ ခင်ဗျားတို့နောင် တရကြပါလိမ့်မယ်။

 

 

ဘာကြောင့်
ကျွန်တော်ဒီလိုပြောရသလဲဆိုရင်တော့ ခင်ဗျားတို့တတွေရဲ့ မိသား စုဝင်တွေထဲကလည်း
ဖြစ်ချင်ဖြစ်နေမယ်
ကျွန်တော်တို့ရဲ့
မိသားစုဝင်တွေထဲကလည်း ပါချင်ပါနေ လိမ့်မယ်
ရန်ကုန်မြို့တော်ကြီးမှာ ပြည့်တန်ဆာတွေ
အတော်ပေါများလာလို့ပါပဲ။ မိသားစုတစ်စု လုံးရဲ့ စားဝတ်နေရေးအစဉ်မပြေမှုများကြောင့်
မိဘများကို စတိုးဆိုင်တွင် အလုပ်ရနေသည်ဟုဆို ကာ ခေတ်ပေါ်စကားလုံးအသုံးအနှုံးဖြစ်တဲ့
မာဆတ် အနှိုပ်ခန်းများတွင် သွားရောက်အလုပ်လုပ်နေ ကြလို့ပါပဲ။ သူတို့ကို
လိင်အပျော်ဆက်ဆံလိုသူများဟာ အခန်းခသုံးထောင်နှင့် မုန့်ဖိုးသုံးထောင်း ကျပ်ပေါင်း
ခြောက်ထောင်ကျပ် ပေးပြီးပျော်ပါးနိုင်ကြောင်း သတင်းတွေရရှိနေပါတယ်။ မာဆတ်များဟာ
ရန်ကုန်မြို့တွင် အတော်တွင်ကျယ်ခေတ်စားနေပြီ ပြည့်တန်ဆာအလုပ်ကို
အချိန်ပိုင်းနှင့်လည်း လာရောက်လုပ်ကိုင်နိုင်တဲ့အတွက်
မိသားစုစားဝတ်နေရေး ကြပ်တည်းသော စစ်တပ်အောက်ခြေ ၀န်ထမ်းသားသမီးများနှင့်
အခြားခြေခံမိသားစုဝင်များမှ အမျိုးကောင်း သမီးလေးများအနေဖြင့်
မိသားစုစားဝတ်နေရေးအတွက် ပြည့်တန်ဆာအလုပ်ကို ရွေးချယ်ရန်လမ်းမရှိပဲ လုပ်ကိုင်နေကြရ
ကြောင်းသိရှိရပါတယ်။ ရန်ကုန်မြို့တွင် ဒီလိုအလုပ်ကို
လုပ်ကိုင်နေကြရသောအမျိုးသမီးလေးများ အနေဖြင့် တစ်နေလျှင်ဝင်ငွေ သုံးသောင်းကျပ်မှ
ငါးသောင်းကျပ်အထိရရှိနိုင်တယ်လို့
HIV AIDS တိုက်ဖျက်ရေး NGO တစ်ခုမှ ၀န်ထမ်းတစ်ယောက်ကဆိုပါတယ်။

 

ထိုသူမှ ဆက်လက်ပြီး
ပြောပြရာမှာတော့ ဒီလိုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများဟာ ဘယ်လောက်ပဲ
လုံခြုံစိတ်ချရပါတယ်လို့ပြောတဲ့ ကွန်ဒုံးတွေကို အသုံးပြုတယ်ပဲပြော ပြော
HIV
AIDS
ရောဂါကို
ကူးစက်ခြင်းခံရနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ တက်နိုင်သ လောက်သူတို့လေးတွေကို
အသိပညာပေး သင်တန်းတွေပေးပြီး ကာကွယ်နိုင်အောင် ပညာပေးပေ မယ့် ကံဆိုတာက
ယုံကြည်လို့မရဘူးလေ။ လို့ဆိုပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းကို လုပ်ကိုင်နေကြ
သူများဟာ
HIV AIDS နှင့်
အခြားကူးစပ်ရောဂါမျိုးစုံကို ကူးစပ်ခြင်းခံကြရနိုင်တဲ့ အန္တရာယ်များနှင့် လည်း
ရင်ဆိုင်နေကြရပါတယ်။

 

ဒီလိုအကြောင်းအရာမျိုးဟာ
ရန်ကုန်မြို့တွင်အထူးပင်များပြားနေပုံရသော်လည်း အခြားမြို့များဖြစ်တဲ့ မှော်ဘီ၊
မင်္ဂလာဒုံကဲသို့သော ရန်ကုန်အနီးမြို့များတွင်လည်း အထူးများပြားနေ သလို
အခြားစစ်တပ်များအများဆုံးရှိရာ မိထ္ထိလာ၊ မုံရွာ (အလုံ) မြို့များတွင်လည်း ပြည့်တန်ဆာ
အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြု လုပ်ကိုင်နေကြရတဲ့
မျိုးသမီးများစွာရှိနေသေးကြောင်း သတင်းတွေရရှိနေပါတယ်။

 

ဒါကြောင့်
မိမိတို့မိသားစုအတွင်း ပြည့်တန်ဆာဖြစ်မှန်းမသိဖြစ်နေသော မိသားစုဝင်
များစွာပင်ရှိနေပြီဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုတဲ့ မေးခွန်းအတွက်
အဖြေကို ကျွန်တော်မပြောပြပေမယ့်လည်း အားလုံးသိရှိကြပြီးဖြစ်ကြမှာပါပဲ။ ဒါဟာ
တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရရဲ့ အရည်အချင်းမရှိတဲ့ အုပ်ချုပ်ရေးပုံစံ၊
တိုင်းပြည်ပျက်စီးစေရန်တမင်ရည်ရွယ်လုပ်ဆောင် နေတဲ့
လုပ်ဆောင်ချက်တွေကြောင့်သာဖြစ်ပြီး ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ဖြင့်
လုပ်ကိုင်နေကြခြင်းကြောင့် သာဖြစ်ပါတယ်။ ဒါကြောင့်
အခြေခံ အာဏာပိုင်အဖွဲ့အစည်းသီးသီးတွင် တာဝန်ထမ်းဆောင်နေကြရသူများအနေဖြင့်
မိမိသမီးပြည့်တန်ဆာအလုပ် လုပ်ကိုင်ပြီး ရရှိလာတဲ့ ငွေကြေးများနှင့် ထမင်းစားပြီး
ကိုယ့်သမီး ပြည့်တန်ဆာဖြစ်အောင်လုပ်နေသော အစိုးရတည်မြဲရေး အတွက်တာဝန်များ
ကြေပွန်မပြနေကြပါနဲ့လို့ ကျွန်တော် ဒီစာနဲ့ ပြောကြားလိုပါတယ်။



ရန်ကုန်မြို့တော်တွင် ပြည့်တန်ဆာအလုပ်များကို စစ်တပ်အခြေခံဝန်ထမ်းများ၏ သမီးပျိုလေးများ
လုပ်ကိုင်နေကြရ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top