ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက်
ကလေးသူငယ်များ စဉ်ဆက်မပြတ် တိုးချဲ့ပညာသင်ယူနိုင်ရေး အတွက် ၂၀၁၁ ခုနှစ်၌ မြို့နယ် လေးခုတွင်
ထပ်မံဆောင်ရွက်သွားမည်
ပညာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့နှင့်
မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေး အသင်း(BDA) တို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက်
ကလေးသူငယ်များအတွက် စဉ်ဆက်မပြတ် တိုးချဲ့ပညာသင်ယူခြင်း လုပ်ငန်းအစီအစဉ် (Excel
Project) ကို ၂၀၀၁ ခုနှစ် နှစ်ဦး ပိုင်း၌ မြို့နယ်လေးမြို့နယ်တို့၌ ထပ်မံအကောင်အထည်ဖော်
ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်း အစီအစဉ်အား မုံရွာမြို့နယ်၊ ပင်လယ်ဘူးမြို့နယ်၊
သပိတ်ကျင်းမြို့နယ်နှင့် ပေါက်မြို့ နယ် စသည့်မြို့နယ်လေးခု၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရှိရပါသည်။
"စီမံချက်ကာလကို ၁၀ လ သတ်မှတ်ထားပြီးတော့ အသက် ၁၀ နှစ်
ကနေ ၁၇ နှစ်ကြား ကျောင်းပြင်ပ ရောက် ကလေးသူငယ်တွေ၊ အထူးသဖြင့်အမျိုးသမီးလေးတွေကို အဓိကထားပြီး
လေ့ကျင့်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေကတော့ အခြေခံပညာကျောင်းတွေက
ကျောင်းသား လူငယ်တွေအတွက် ဘ၀တွက်တာ ကျွမ်းကျင်စရာတွေနဲ့ HIV/AIDS ကာကွယ် တားဆီးရေး
ပညာ ပေးသင်ခန်းစာတွေကို သင်ကြားပေးနေသလိုမျိုး အကြောင်းအမျိုးမျိုးနဲ့ ကျောင်းပြင်ပရောက်နေတဲ့
ကလေးလူငယ်တွေကိုလည်း အခြေခံကျောင်းတွေက ကျောင်းသူ၊ ကျောင်းသားတွေ နည်းတူ အသိ ပညာဗဟုသုတနဲ့
အလေ့အကျင့် ကောင်းတွေ ရရှိလာစေဖို့၊ မှန်ကန် တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင် စေဖို့၊
စာဖတ်စွမ်းရည်တိုးတက်လာစေဖို့ HIV/AIDS ရောဂါတွေ တားဆီးကာကွယ်ရေး ဆိုင်ရာ အကြောင်းအရာတွေ၊
သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို သိရှိလာနိုင်စေဖို့ ရည်ရွယ်ပြီး ဒီစီမံ ကိန်းထဲမှာ
ထည့်သွင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေး
အသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးတင့်က ပြောပြခဲ့ပါသည်။
အဆိုပါ လုပ်ငန်းစီမံချက်များ ဆောင်ရွက်ရန်အတွက် ရပ်ကွက်၊
ကျေးရွာအုပ်စုများ ရွေးချယ်ရာတွင် အသက် ၁၀ နှစ်မှ ၁၇ နှစ်အတွင်း ဆဋ္ဌမတန်းအထိ ပညာသင်ကြားဖူး
သူဦးရေ ၈၀ မှ ၁၀၀ အတွင်း ရှိခြင်း ရပ်ရွာဖွံ့ဖြိုးမှုလုပ်ငန်းအပေါ်စိတ်ဝင် စားမှုရှိပြီး
တက်တက်ကြွကြွ ဆောင်ရွက်လိုသော ကျေးရွာ များဖြစ်ခြင်း၊ မူလတန်း၊ မူလတန်းလွန်ကျောင်းများ
ရှိခြင်းတို့ပေါ် မူတည်၍ရွေးချယ်ကြောင်း သိရှိရပါ သည်။
ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက် ကလေးလူငယ်များအတွက် စဉ်ဆက်မပြတ်
တိုးချဲ့ပညာသင် ယူခြင်း လုပ်ငန်းအစီအစဉ် (Excel Project) ကို ၂၀၀၇ခုနှစ်မှစတင် အကောင်အထည်ဖော်
ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်ရှိ မြို့နယ် ခြောက်မြို့နယ်တို့တွင်လည်း အကောင်အထည်ဖော်
ဆောင် ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။
ELEVEN MEDIA
GROUP - ရပ်ရွာအခြေပြု
ကျောင်းပြင်ပရောက် ကလေးသူငယ်များ စဉ်ဆက်မပြတ် တိုးချဲ့ပညာသင်ယူနိုင်ရေး အတွက် ၂၀၁၁
ခုနှစ်၌ မြို့နယ် လေးခုတွင် ထပ်မံဆောင်ရွက်သွားမည်




