14
May

ရပ်ရွာအခြေပြု HIV ကူညီရေး ကွန်ယက်များနှင့် နိုင်ငံရေး ပါတီများတွေ့ဆုံ

မြန်မာနိုင်ငံ HIV ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော ရပ်ရွာအခြေပြုကွန်ယက်များနှင့် မူဝါဒဆိုင်ရာ ပုဂ္ဂိုလ်များတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ Central Hotel ၌ကျင်းပခဲ့သည်။

နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် HIV နှင့်ပတ်သတ်သော ရပ်ရွာအခြေပြု ကွန်ယက်များ ရင်းနှီးချိတ်ဆက်မှု ရရှိစေရန်၊ မြန်မာနိုင်ငံ HIV ကိစ္စရပ်များအားနိုင်ငံရေးပါတီများ ပိုမိုသဘောပေါက် နားလည်စေရန် နှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများပေါ်ပေါက်လာစေရန် ဟူသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု Phoenix Association မှ ဦးဆောင်သူ ဦးသီဟကြိုင် ကပြောသည်။

၎င်းပွဲကို HIV ဆိုင်ရာလုပ်ငန်းများတွင် အကူအညီပေးနေသည့် Phoenix Association မှစီစဉ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ မှကိုယ်စားလှယ်များ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ရခိုင်တိုင်းရင်းသားများဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် NGO အဖွဲ့အစည်းများတက်ရောက်ကြသည်။

မြန်မာ NGO ကွန်ယက်၊ Myanmar Positive Group၊ Myanmar Positive Women Network၊ မူးယစ်ဆေးသုံးဆွဲသူများကွန်ယက်၊ လိင်တူဆက်ဆံသူများ ကွန်ယက်၊ မြန်မာပြည့်တန်ဆာကွန်ယက်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HIV/AIDS) တို့မှ ၎င်းလုပ်ငန်းစဉ်များကိုရှင်းပြကြပြီး HIV/AIDS ကာကွယ်တားဆီးရေးတွင် မူဝါပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ဆွေးနွေး အဖြေရှာ ခဲ့ကြသည်။

ယခုကဲ့သို့ ရပ်ရွာအခြေပြု HIV ဆိုင်ရာလုပ်န်းများလုပ်ဆောင်နေကြသော ကွန်ယက်များနှင့် နိုင်ငံရေးပါတီများတွေ့၍ မူဒါဒဆိုင်ရာဆွေးနွေးပွဲသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပွဲတက်ရောက်သူများကပြောသည်။

မေ ၁၂၊ ၂၀၁၂ (YPI)

သစ်ထူးလွင် - ရပ်ရွာအခြေပြု HIV ကူညီရေး ကွန်ယက်များနှင့် နိုင်ငံရေး ပါတီများတွေ့ဆုံ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top