14
Oct

ရာနှုန်းပြည့်ကွန်ဒုံးစီမံချက် မန္တလေးတွင် ပြန်လည်စတင်





ဦးတည်အုပ်စုများအတွင်း ရာနှုန်းပြည့် ကွန်ဒုံးအသုံးပြုရေး
စီမံချက်ကို မန္တလေးမြို့ပေါ်ရှိ မြို့နယ်သုံးမြို့နယ်တို့တွင် စက်တင်ဘာလကုန်ပိုင်းက
ပြန်လည်စတင်ခဲ့ကြောင်း မန္တလေးတိုင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ
တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

အဆိုပါစီမံချက်ကို မဆောင်ရွက်သည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီ
ဖြစ်ပြီး ယခု ဆောင်ရွက်သည့် မြို့နယ်များမှာ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့်
ချမ်းမြသာစည် မြို့နယ်တို့ ဖြစ်သည်။

 

ယခုစီမံချက် ပြန်လည်စတင်ရန် အသိပေးဆွေးနွေးပွဲကို ချမ်းမြသာစည်
မြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ရာ ဦးတည်အုပ်စုများတွင် ပါဝင်သော ဟိုတယ်၊
မိုတယ်၊ အင်း၊ တည်းခိုခန်း၊ ကာရာ အိုကေ၊ စင်တင် တေးဂီတတို့မှ တာဝန်ရှိသူများနှင့် ၀န်ထမ်းများ
တက်ရောက်ခဲ့ကြသည်။

 

ထိုစီမံချက်ကို ၂၀၀၅ ခုနှစ်ကဆောင်ရွက်ခဲ့ဖူးပြီး ထိုစဉ်က
၁၆ မြို့ နယ်ဆောင်ရွက်ပြီးစီးသည်။ မြန်မာနိုင်ငံတွင် ဦးတည်အုပ်စုများ အတွင်း ရာနှုန်းပြည့်ကွန်ဒုံးအသုံးပြု
ရေးစီမံချက်ကို ၂၀၀၁ ကတည်းက ကော့သောင်း၊ တာချီလိတ်၊ ပဲခူး၊ ပြည် တို့တွင် စခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ် အဖြစ်အများဆုံးသော
အုပ်စုသည် အလုပ်လုပ်နိုင်သော လူငယ်လူ ရွယ်များသာဖြစ်သည်။

 

မြန်မာတိုင်းမ် - (အတွဲ ၂၂၊ အမှတ် ၄၃၅ (၉ - ၁၅၊ ၁၀၊
၂၀၀၉)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top