HIV
ဝေဒနာရှင်များသည် ရီထ ရိုဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါးများ သောက်သုံးခြင်းအားဖြင့်
AIDS ဗိုင်းရပ်စ်ကူးစက်ခြင်း အန္တရာယ်ဖြစ်နိုင်ခြေ အလားအလာကို ၉၂ရာခိုင်နှုန်းအထိ အံ့သြဖွယ်
ကောင်းလောက်အောင် လျှော့ချနိုင်ကြောင်း သိရသည်။
ဗြိတိသျှဂျာနယ်လန်ဆက်တွင်
ဖော်ပြထားချက်အရ ဆရာဝန်များ သည် အာဖရိကနိုင်ငံခုနစ်နိုင်ငံမှ ဆန့်ကျင်ဘက်လိင်နှင့်
လိင်မှုကိစ္စပြုသော စုံတွဲ ၃၃၈၁ကို စုစည်းကာ အဆိုပါ လေ့လာသုတေသနပြုမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုစုံတွဲအသီးသီးသည်
သွေးခဲ ရည်ကြည်၊ ဆီးရပ်စ်လွှာ ကွဲပြားခြား နားသူများဖြစ်ကြသည်။ ထိုစုံတွဲအ သီးသီးတွင်
နှစ်ဦးအနက် တစ်ဦးမှာHIV ကူးစက်ခံရသူများဖြစ်ကြပြီး ကျန်တစ်ဦးမှာ HIV ကူးစက်ခံရခြင်း
မရှိသူများဖြစ်ကြသည်။ လူ ၃၄၉ ဦးအား တီလင်ဖိုဆိုဒ်၏မျက်နှာပြင်ရှိ ပဋိ ပစ္စည်းလှုံ့ဆော်သော
အင်တီဂျင်အရေအတွက်ကို တိုင်းတာပြီးနောက် ရီထရိုဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးဝါးများကို
ပေးခဲ့ကြသည်။ ထို့နောက် အခြားကူးစက်ခံရသူများအား အာနိသင်မရှိသော ဆေးဝါးများကိုပေးခဲ့သည်။
ရန်ကုန်တိုင်းမ်
- ရီထရိုဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါးက အေအိုင်ဒီအက်စ်ကူးစက်ခံရခြင်းကို လျှော့ချနိုင်




