27
Nov

ရုရှားတွင် HIV ရောဂါပိုးကူးစက်ခံထားရသူ ဦးရေမှာ တစ်သန်းခန့် ရှိ



No.28
Vol.3 April 30 Wednesday 2008

Health
& Science News

Weekly
Eleven News

 

ရုရှားတွင် HIV ရောဂါပိုးကူးစက်ခံထားရသူ ဦးရေမှာ
တစ်သန်းခန့် ရှိကြောင်း ကုလသမဂ္ဂခုခံအားကျဆင်းမှု ကူးစက်ရောဂါလေ့လာရေးအဖွဲ့က
ပြောဆိုခဲ့သည်။ UNAIDS သည် တိကျမှန်ကန်သော စာရင်းများရရှိရန် အစီအစဉ်အတိုင်း
အရေးပါသည့်လုပ်ငန်းများကို ပြည့်စုံအောင်ဆောင်ရွက်ခဲ့ကြောင်း။

 

Global Fund အဖွဲ့က ထုတ်ပြန်ခဲ့သည်။ Global Fund အဖွဲ့သည်
AIDS၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတို့ကို တိုက်ဖျက်ရန်အတွက် ဖွဲ့စည်းထားသော
ပုဂ္ဂလိက လှုမှုအဖွဲ့အစည်း တစ်ခုဖြစ်သည်။ Global Fund အဖွဲ့ကို ပြည်သူ့နှင့် ပုဂ္ဂလိက
ရန်ပုံငွေဖြင့်မတည်ကာ ၂၀၀၂ ခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း
ကိုဖီအာနန်က ဦးဆောင်၍ တည်ထောင်ခဲ့သည်။ ရုရှား AIDS အဖွဲ့၏ အောက်တိုဘာလတွင်
ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ HIV ရောဂါပိုး ကူးစက်ခံရသူ ၄၀၃, ၁၀၀ ဦးရှိပြီး ၁၉၉၂၄
ဦး သေဆုံးကြောင်း ဖော်ပြခဲ့သည်။

REF: Reuters

 

http://www.weeklyeleven.com/modules.php?name=News&file=article&sid=16215

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top