16
Nov

ရုရှား၌ အိပ်ခ်ျအိုင်ဗီ ပြန့်ပွားမှု ကပ်ရောဂါသဖွယ်ဖြစ်လာ



နိုင်ငံတကာ အေအိုင်ဒီအက်စ် အသင်း
International Aids Society မှ အကြီးအကဲ ရော်ဘင် ဂေါ်နာက ရုရှားသည် ယခုအခါ
အိပ်ခ်ျအိုင်ဗီ ပိုးပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခြင်း မရှိသဖြင့် ကပ်ရောဂါ
သဖွယ် ဖြစ်လာနေကြောင်း သတိပေးပြောကြားလိုက်သည်။ 
မစ္စဂေါ်နာသည် ယခု သတိပေးစကားကို မော်စကိုတွင် ကျင်းပသော နိုင်ငံတကာ အိတ်စ်
ညီလာခံတွင် ပြောခဲ့ခြင်းဖြစ်သည်။ ပညာရှင်များ၏ အဆိုအရ ယခုအခါ ရုရှားတွင်
အိပ်ခ်ျအိုင်ဗီ ကူးစက်ခံရသူ အနည်းဆုံး လူတစ်သန်း ခန့်ရှိပြီး၊ ဆယ်စုနှစ်
တစ်ခုအတွင်း အလျင်အမြန် တိုးပွားနေကြောင်း ဆိုသည်။ တချို့ ခန့်မှန်းချက်များအရလည်း
ရုရှားသို့ အာဖဂန်မှ မူးယစ်ဆေး အမြောက်အမြား ၀င်ရောက်နေသောကြောင့် ဆေးစွဲနေသူ
နှစ်သန်းခန့် ရုရှား၌ ရှိနိုင်ကြောင်း သိရသည်။

Ref: BBC

(7 DAY NEWS Journal, Vol.8, No.
34)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top