HIV ရောဂါကာကွယ် တားဆီးရေးနဲ့ ရောဂါဖြစ်ပွားမှုနှုန်း လျော့ချရေး မှာ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းမှုနဲ့ HIV အန္တရာယ် ဖြစ်ပွားမှုကို လျော့ချ နိုင်ကြောင်း သြဂုတ်လ (၁၈)ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ လှိုင်သာယာ မြို့နယ်မှာ ကျင်းပ သည့် မြို့နယ် အဆင့် ရဲတပ်ဖွဲ့ဝင်များ HIV ကာကွယ် တားဆီးရေး အသိပညာပေး ဟောပြောပွဲမှ သိရသည်။ HIV ရောဂါပိုး ကူးစက်မှုသည်မူးယစ်ဆေးဝါးများကို သွေးကြောထဲသို့ ထိုးသွင်း သုံးစွဲခြင်းမှ ကူးစက်ခြင်း၊ မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်းနဲ့ သွေးမှ ကူးစက်ခြင်း တွေအပြင် လိင်မှတဆင့် ကူးစက်မှု တွေကြောင့်လည်း HIVရောဂါပိုး ကူးစက်ကြသည်။
ရဲတပ်ဖွဲ့ဝင်တွေသည် မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို ဖမ်းဆီး အရေးယူပြီး ပြည့်တန်ဆာ လုပ်ငန်းနဲ့ ပြုလုပ်နေသည့်ပြည့်တန်ဆာ တွေလည်း အရေးယူသည်။ ပြည့်တန်ဆာနဲ့ အသက်မွေး သူတွေကို ဖမ်းဆီးပါက (၂၄)နာရီ အတွင်း တရားရုံးမှာ ဆွဲချက်တင် ပေးရပြီးရရှိသည့် အချိန်အတွင်း တရားခံတွေထံမှ စစ်ချက်ယူသည့်အခါ တရားခံတွေကို စစ်ချက်ယူမှုတွေ အပြင် အသိပညာ ပေးခြင်း လုပ်ငန်းများ လုပ်ဆောင် သွားပါက ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်မှုနဲ့ HIV ရောဂါပိုး အန္တရာယ်ကို လျော့ချနိုင်မှာ ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ငန်းစဉ် (၆)ရပ်မှာလည်း မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်း ပါဝင်သလို မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လည်း HIV လျော့ချရေး အတွက် အရေးပါသည့်အချက်တစ်ချက် ဖြစ်ကြောင်း သိရသည်။
ယခုလို ဟောပြောပွဲ တွေပြုလုပ် ပေးခြင်းသည်ရဲတပ်ဖွဲ့ဝင် အနေနဲ့ HIV/AIDS ရောဂါ အကြောင်းကို သေချာစွာ သိရှိပြီး ရောဂါအန္တရာယ် ကိုလည်း ရှောင်ရှား နိုင်မှာဖြစ်သည်။ ဟောပြော ပွဲမှာ မြန်မာ့နိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (MANA) ဗဟို ဥက္ကဋ္ဌနဲ့ ရန်ကုန်တိုင်း ဒေသကြီး (MANA) ဥက္ကဋ္ဌနဲ့ လှိုင်သာယာ မြို့နယ် ရဲတပ်ဖွဲ့မှူး ကိုယ်စား သောင်ကြီး ရဲစခန်းမှ တာဝန်ရှိ သူတို့မှ အမှာစကား ပြောကြားခဲ့သည်။ HIV/AIDS ကာကွယ် တားဆီးရေးနဲ့ မူးယစ်ဆေးဝါး အန္တရာယ် လျော့ချရေး ဟောပြော ဆွေးနွေးမှု ကို လှိုင်သာယာ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ နဲ့ MANA/ UNFPA မှ တာဝန်ရှိသူမှ ဟောပြော ဆွေနွေးခဲ့ကြောင်းသိရသည်။
MRTV-4 - ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းမှုဖြင့် လျော့ချ နိုင်သည့် HIV ရောဂါအန္တရာယ်




