တရုတ်နိုင်ငံ၊
ရှန်ဟိုင်းမြို့ တက္ကသိုလ်နှင့် ကောလိပ်များတွင် ကွန်ဒုံးများ အခမဲ့ ဝေငှမှုကို ပထမဆုံး
ပြုလုပ်သွားမည်ဟု သိရသည်။ AIDS ရောဂါ ကူးစက်မှုကို ဟန့်တားရန် ရည်ရွယ်ချက်ဖြင့် ယခုလို
ဆောင်ရွက်ခြင်းဟု ရှန်ဟိုင်းအာဏာပိုင်များက ဆိုသည်။
တက္ကသိုလ်
အိပ်ဆောင်များတွင်လည်း အခပေး ဝယ်ယူနိုင်သည့် ကွန်ဒုံးထုတ်ပေးသော စက်များကို တပ်ဆင်သွားမည်ဟု
ရှန်ဟိုင်း ကျန်းမာရေး ဗျုရိုမှ အရာရှိတစ်ဦးဖြစ်သည့် တန်ဝမ်ဂျီအန်က ပြောကြားသွားသည်။
၎င်းက အရောင်းစက်တွင် ပါရှိသည့် ကွန်ဒုံးများသည် အခမဲ့ ဝေငှသည်များထက် အရည်အသွေး ပိုကောင်းကြောင်း၊
ကျောင်းသားများမှာ မိမိစိတ်ကြိုက် ရွေးချယ်နိုင်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ တန်က
မြို့ပေါ်ရှိ လမ်းများတွင်ပါ အရောင်းစက်များ တပ်ဆင်ပြီး တစ်မြို့လုံး အတိုင်းအတာဖြင့်
ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်းလည်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်
ဆယ်နှစ်အတွင်းမှာပင် ရှန်ဟိုင်းမြို့ပေါ် ကွန်ဒုံးတစ်ခု တစ်ယွမ်ဖြင့် ရောင်းချသော အရောင်းစက်ပေါင်း
၃၀၀၀ နီးနီး ရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အများစုသည် ကျိုးပဲ့ပျက်စီးနေပြီး ပြန်လည်ပြင်ဆင်မှု
မရှိသဖြင့် အများပြည်သူ သုံးစွဲရန် အဆင်မပြေတော့ဟု တန်ကဆိုသည် ထို့အပြင် စက်တစ်ခုမှ
ကွန်ဒုံးတစ်ခုစီသာ ပျမ်းမျှအားဖြင့် နေ့စဉ်ရောင်းချနေရကြောင်းလည်း သိရသည်။
အစီအစဉ်သစ်အရ
ရှန်ဟိုင်းတွင် ကွန်ဒုံးအရောင်းစက်ပေါင်း ၉၀၀၀ ကျော်ကို တပ်ဆင်သွားမည်ဟုလည်း သတင်းများက
ဖော်ပြသွားသည်
ဝင်းဝင်းခင်
Ref
- လူထုအသံ
Mymcnews -
ရှန်ဟိုင်းမြို့ တက္ကသိုလ်နှင့် ကောလိပ်များတွင် ကွန်ဒုံးများ အခမဲ့ ဝေမည်




