လက်တွဲကူညီ လမ်းပြသူများ (မြန်မာ) အဖွဲ့သည် မြန်မာနိုင်ငံ အတွင်းရှိ လူမှုရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် စေတနာ့ လုပ်အားရှင်များ အခြေခံပြီး ဖွဲ့စည်းခဲ့သောလူသားအကျိုးပြု အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။
၎င်းအဖွဲ့ကို (၂ဝဝ၆)ခုနှစ် အောက်တိုဘာလတွင် စတင် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ လက်တွဲကူညီ လမ်းပြသူများ (မြန်မာ) အဖွဲ့၏ ရုံးခန်းအား အမှတ်(၁၈)၊ (၅)လွှမ်း၊ ရတနာလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
၎င်းရုံးခန်း၏ ဆက်သွယ်ရန် ဖုန်းများမှာ (ဝ၉-၅၁၉၁၁၃၈၊ ဝ၉- ၅၁၂၇၁၈၂၊ ဝ၉-၈၇၄ဝ၇၈၄)တို့ ဖြစ်ကြောင်း သိရသည်။ လက်တွဲကူညီ လမ်းပြသူများ (မြန်မာ) အဖွဲ့၏ လုပ်ငန်း ရည်ရွယ်ချက်မှာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော လူထု အခြေပြု ဖွဲ့စည်းထားသော အဖွဲ့ငယ်များနှင့် ပူးပေါင်းပြီး ၄င်းတို့၏ စွမ်းရည် မြင့်မားလာစေရန်နှင့် လူမှု




