5
Jul

လက်မထပ်မီသွေးစစ်သင့်



အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသူများအနက် အများစုမှာ
မိမိကိုယ်ကိုယ်
HIV ပိုးရှိနေကြောင်း
သိထားသူများထံမှတဆင့် ကူးစက်ခံရခြင်း မျိုးမဟုတ်ဘဲ၊ ရောဂါပိုးမရှိဟု မိမိကိုယ်ကို ယုံကြည်ကာ
သွေးစစ်ဆေးခြင်း မပြုသူများထံမှ အများဆုံး ကူးစက်ခံနေရခြင်းဖြစ်ကြောင်း
HIV/AIDS ရောဂါကာကွယ်ရေးနှင့် စောင့်ရှောက်ရေး လုပ်ငန်းကို
ကိုယ်တိုင်ပါဝင်
လှုပ်ရှားဆောင်ရွက်နေသူ စေတနာဝန်ထမ်း တစ်ဦးကပြောသည်။

 

ကျွန်မတာဝန်ယူ ပြုစုရှောက်ပေး၊ အကြံဉာဏ်တွေပေးခဲ့တဲ့
HIVကူးစက်ခံတွေ၊ အေ့စ်ရောဂါသည်တွေ
မနည်းတော့ပါဘူး၊ အများအားဖြင့်
HIV ရေဂါပိုး ကိုယ်ခန္ဓာကိုယ်ထဲရောက်နေမှန်း သိထားပြီးသား သူတွေဟာ
သူတို့ရဲ့ကျန်းမာရေးကို ဂရုပြုသလို၊ ကိုယ်ခန္ဓာထဲကပိုးကို သူတစ်ပါးဆီ မရောက်ရလေအောင်
အထူးသတိထား ဆင်ခြင်ကြတာ တွေ့ရတယ်။ အဓိက
HIVကူးစက်နေတာက တစ်ကြိမ်တစ်ခါ မှားခဲ့ပြီးတော့ကိုယ်ကိုယ်ကို သန့်တယ်ထင်ပြီး
သွေးမစစ်ကြတဲ့ သူတွေဆီကပဲ ဒီပိုးက အများဆုံးကူးလာတာ။

 

ကျွန်မပြုစုပေးခဲ့တဲ့သူ တော်တော်များများဟာလည်း အဲဒီလိုနည်းမျိုးကြောင့်
ကူးစက်ခံကြရတာပဲ။ ဒါကြောင့်လူတစ်ယောက်ဟာ သံသယဖြစ်စရာ အပြုအမှု တစ်ခုခုလုပ်ခဲ့ရင် သွေးစစ်သင့်ပါတယ်
ဟု HIV/AIDS ရောဂါကာကွယ်ရေးနှင့် စောင့်ရှောက်ရေး လုပ်ငန်းများကို
လုပ်ကိုင်နေသည့် လူမှုရေး အဖွဲ့အစည်းတစ်ခုမှ
စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်သူ မခင်ငြိမ်းချမ်းက ပြောသည်။

 

ထို့ပြင် ငယ်ရွယ်သူ လူငယ်များ အနေဖြင့် လက်မထပ်မီ
သွေးစစ်ကြခြင်းသည် ရှက်စရာ ကောင်းသော မှားယွင်းမှု တစ်ခုမဟုတ်ကြောင်းနှင့်

HIV/AIDS ရောဂါကူးစက်ခံရမှုကို
ထိရောက်စွာ ကာကွယ်ပေးနိုင်သော ကိစ္စရပ်တစ်ခုဖြစ်လာကြောင်း ၎င်းက

ဆက်ပြောသည်။

 

လက်မထပ်ခင် သွေးစစ်တာဟာ တစ်ယောက်ကိုတစ်ယောက်က မယုံကြည်ကြလို့
စစ်ခိုင်းတာ မဟုတ်ပါဘူး။ ကိုယ်တို့နှစ်ယောက်လုံး အတွက်ရော မွေးဖွားလာမယ့် မျိုးဆက်အတွက်
ပါလုပ်ဆောင်သင့်တဲ့ အလုပ်ဖြစ်ပါတယ်
ဟုမခင်ငြိမ်းချမ်းက ဆက်ပြောသည်ဟု 7 Day
News
ဂျာနယ်တွင် ဖော်ပြထားသည်။



လက်မထပ်မီသွေးစစ်သင့် weekly eleven

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top