9
Jul

လက်မထပ်မီ ဘဝဖော်ကို မေးမြန်းသင့်သော မေးခွန်း ၁၀ ခု


 

ဘဝအဖော်ကို
သေချာရွေးချယ်ပြီး တစ်လင် တစ်မယားစနစ် ကျင့်သုံးတာက ကျန်းမာရေး အတွက် အကောင်းဆုံး
ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝအဖော်နှင့် အတူ မနေခင်မှာရော၊ တစ်လင်တစ်မယားစနစ် မကျင့်သုံး နိုင်ကြသူတွေနဲ့
ဆိတ်ကွယ်ရာမှာ မပေါင်းသင်းခင်မှာပါ သင့်အဖေါ်ရဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝင်၊
ကျန်းမာရေး အခြေအနေ စတာတွေကို သိရှိအောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့
လိုပါတယ်။ တကယ်လို့ သင့်အဖော်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်က HIV မရှိဘူးဆိုတဲ့ အဖြေ ရထားရင်တောင်
သူ့မှာ HIV ပိုး မရှိဘူးလို့ တိတိကျကျ မပြောနိုင်ပါဘူး။ HIV ပိုးရှိကြောင်း
မပြောနိုင်သေးတဲ့ Window Period အတွင်းမှာ ဖြစ်နေနိုင်တဲ့အတွက် ဘယ့်သူကိုမှ
ယုံကြည်စိတ်ချ လို့မရပါဘူး။ ဒါကြောင့် သင့်အဖော်ကို အတူမနေခင် မဖြစ်မနေ
မေးမြန်းသင့်တဲ့ မေးခွန်း ၁၀ ခုကို ဖော်ပြ ပေးလိုက်ပါတယ်။

၁။
သင့်မှာ HIV ပိုး ရှိသလား။

၂။
လိင်ကနေ တဆင့် ကူးစက်တဲ့ ရောဂါတွေ ရှိ၊ မရှိ စစ်ဆေး ကြည့်ဖူးရဲ့လား။ တကယ်လို့
ရောဂါ ရှိဖူးတယ်ဆိုရင် ကုသမှု ခံယူပြီးပြီလား။

၃။
အရင်က အပျော်အပါး လိင်ကိစ္စ လိုက်စား ဖူးသလား။

၎။
လွန်ခဲ့တဲ့ ခြောက်လက လိင်ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိဖူးသလား။

၅။
ရေယုန် ဒါမှမဟုတ် ကြွက်နို့ ပေါက်ဖူးတာကို ဆေးကုသ ဖူးသလား။

၆။
သင်ဟာ လိင်ဆက်ဆံတဲ့ အချိန်တိုင်း ကွန်ဒုံး သုံးခဲ့ရဲ့လား။

၇။
ကွန်ဒုံး (Latex) နဲ့ ဓာတ်မတည့်တာမျိုး ရှိသလား။

၈။
လွန်ခဲ့တဲ့ ခြောက်လအကြာက HIV ပိုး အန္တရာယ် ရှိဖူးလား။

၉။
သွေးသွင်း ကုသမှုတွေရော ပြုလုပ်ဖူး သလား။

၁၀။
သန္ဓေတားနည်း တစ်မျိုးမျိုး သုံးနေသလား။

ဒီမေးခွန်းတွေကို
မေးပြီးတဲ့အခါ သင့်အဖေါ်က အမှန်တိုင်း မဖြေဘဲ လိမ်ညာ နေတယ်လို့ ထင်ရင် လိင်ဆက်ဆံမှု
မပြုခင်မှာ သင့်ကိုယ်သင် လိင်ကနေ ကူးစက်တဲ့ ရောဂါတွေ မရှိအောင် ကွန်ဒုံးသုံးပါ။

Ref: Good Health

မြန်မာသတင်းရပ်ဝန်း
-
လက်မထပ်မီ
ဘဝဖော်ကို မေးမြန်းသင့်သော မေးခွန်း ၁၀ ခု

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top