မလေးရှား ကျန်းမာရေးဝန်ကြီး ဌာနမှ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်အရ လက်မထပ်မီ HIV စစ်ဆေးမှု ဆောင်ရွက်ကြသော မိန်းကလေးများ၏ အသက်အရွယ်သည် ဆယ်နှစ်အရွယ်ထိ ငယ်ရွယ်လွန်းသော မိန်းကလေးများ ပါရှိလာကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ထိုကဲ့သို့ စစ်ဆေးဆောင်ရွက်ရန် မွတ်စလင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း ပြဋ္ဌာန်း ချက်အရ မဖြစ်မနေ လုပ်ရသောကိစ္စရပ် တစ်ရပ်ဖြစ်ပြီး မွတ်စလင်မဟုတ် သော အခြားဘာသာဝင်များအတွက် မှု ရွေးချယ်ပိုင်ခွင့်ရှိကြကြောင်း သိရ သည်။
ထိုအစီရင်ခံစာသည် ကုလသမဂ္ဂသို့ တင်ပြသော အစီရင်ခံစာ တစ်ခုဖြစ်ပြီး ထိုအထဲတွင် ဖော်ပြထားချက်အရ ပြီးခဲ့သည့်နှစ်တွင် လက်မထပ်မီ HIV စမ်းသပ် စစ်ဆေးမှု ခံယူသော အမျိုးသမီး ငယ်များတွင် အသက် (၁၉) နှစ်အောက်အရွယ် အမျိုးသမီးဦးရေ မှာ ၆၈၁၅ ဦးဖြစ်ပြီး (၁၄) နှစ်အောက် မှာ ၄၄၅ ဦးဖြစ်ကာ ဆယ်နှစ်အောက် မှာ ၃၂ ဦးဖြစ်ကြောင်း သိရသည်။
ဒေသခံ သတင်းစာ တစ်စောင်၌ ဖော်ပြထားချက်အရ ပြီးခဲ့သည့်လက ဝီနန်တွင် သားယောက်ျားလေး မွေးဖွားခဲ့သော ကိုးနှစ်အရွယ် မိန်းကလေး ငယ်သည် မလေးရှား နိုင်ငံတွင် အသက် အငယ်ဆုံး မိခင်ဖြစ်လာကြောင်း သိရ သည်။
အမည်မဖော်လိုသော သတင်း အရင်းအမြစ်များကို အခြေပြု၍ ထိုအစီရင် ခံစာတွင် ဆက်လက်ဖော်ပြ ထားချက်အရ ထိုကိစ္စတွင် မိန်းက လေးသည် အသက် (၁၄) နှစ်အရွယ် ကောင်လေးနှင့် လက်ထပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ကွာလာလမ်ပူ၊ ဇွန်၂၅
The Yangon Times - လက်မထပ်မီ အိတ်ခ်ျအိုင်ဗွီ စစ်ဆေးသော မိန်းကလေးများတွင် ဆယ်နှစ်အောက် ငယ်ရွယ် လွန်းသူများ ပါဝင်ဟုဆို




