19
Aug

လက်မထပ်မှီ ရှောင်ရန်၊ ဆောင်ရန် အချက်များ



ဖြစ်ရပ်မှန် ဖြစ်စဉ်လေး တစ်ခုပါ။ မမ ဆိုတဲ့ အမျိုးသမီး
တစ်ဦး ဟာ ခေတ် ပညာတတ် အပျိုစင် အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ မမ ရဲ့
အားနည်းချက် ကတော့ အရမ်း အားနာ တတ်တာပါပဲ။ မမမှာ မိဘများက သဘောတူ ထားတဲ့
မမကိုယ်တိုင် ကလည်း သင့်လျော်တယ် လို့ သတ်မှတ် ထားတဲ့ အမျိုးသား တစ်ယောက်
ရှိပါတယ်။ ဒီလိုနဲ့ပဲ တစ်ခုသော သီတင်းကျွတ် မှာ မမဟာ အဲဒီလူနဲ့ လက်ထပ်ဖို့ဖြစ် လာ
ပါတယ်။ မမဟာ လက်မထပ်ခင် ဘာဘာ ညာညာ (သွေး
စသဖြင့် ပေါ့) စစ်ရမယ် ဆိုတာကို သိသော်လည်းပဲ ဒီလူရဲ့
ဂုဏ်သိက္ခာ ကို အထင် သေးရာ ရောက်မှာ စိုးတာနဲ့ ဘာမှ မစစ်ဆေး တော့ဘဲ လက်ထပ် ခဲ့ပါတယ်။
မမ တို့မှာ ကလေး တစ်ယောက် ထွန်းကား ခဲ့ပါတယ် ။

 

ခုတော့ မမ ကော သားလေး ကော သူ့ အမျိုးသား ဆီကနေ HIV ပိုးကူးစက်ပြီး အေ့စ် (AIDS) ဝေဒနာ ကို ခံစား နေရ ပါတယ်။ လက်မထပ်ခင် က သာ မမ အနေနဲ့
လုပ်သင့်တာကို လုပ်ဖို့ အားမနာ ခဲ့ရင် ကျွန်တော်တို့ အများစုဟာ သာမန် အားဖြင့်တော့
ကျန်းမာ နေတယ် လို့ ထင်ရ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တတွေမှာ ရှာဖွေ စမ်းသပ်မှု
လုပ်မှ သိရမယ့် ရောဂါတွေ ရှိနေ နိုင်ပါတယ်။ ရောဂါ လကဏ္ခာ မပြသေးတဲ့ ကူးစက်
ရောဂါတွေနဲ့ မျိုးရိုးလိုက် ရောဂါတွေ ရှိနေ နိုင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုဖို့
ရည်ရွယ်ထား သူများ အနေနဲ့ ထိမ်းမြားခြင်း မပြုမီ ကြိုတင်၍ ရောဂါရှာဖွေ စမ်းသပ်မှု
များ ကို နှစ်ဦး နှစ်ဘက် နားလည်စွာဖြင့် ပြုလုပ် သင့်ပါသည်။ သို့မှသာ အချင်းချင်း
၏ ကျန်းမာရေး အဆင့်တန်း ကို ဆန်းစစ် နိုင်မှာ ဖြစ်တဲ့ အပြင် မိမိတို့မှ မွေးဖွား
လာမယ့် သားသ္မီးများ ကိုလည်း ရောဂါများ အန္တရာယ်မှ ဟန့်တား ပေးပြီးသား ဖြစ်မှာ
ဖြစ်ပါတယ်။

 

ကျွန်တော်တို့ မြန်မာ လူမျိုး တွေဟာ များသော အားဖြင့်
သူတစ်ဖက်သား အပေါ်ကို အားနာတတ် ကြပါတယ်။ အခုလိုမျိုး မိမိတို့ အတွက် သာမက မိမိတို့က
မွေးဖွားလာမည့် သားသ္မီးတွေ ရဲ့ ဘ၀ရှေ့ရေး နဲ့ ပါ ဆိုင်တဲ့ ကိစ္စ မှာတော့ (လုံးဝ မှ
လုံးဝ ကို) အားမနာ သင့်ပါဘူး။ ကြိုတင် သိရှိ ကာကွယ်တာ က အကောင်းဆုံး ဖြစ်ပါတယ်။

 

ကြိုတင် သိရှိတဲ့ နေရာမှာ ရောဂါဘယ တွေ အတွက်တင် မကပါဘူး တစ်ဦးရဲ့
စိတ်နေ သဘောထားကို တစ်ဦးက ကောင်းကောင်း သိဖို့လည်း ပဲ အထူး လိုအပ်ပါတယ်။
တစ်ဦးရဲ့ စိတ်သဘောထား နဲ့ အမူ အကျင့် တွေကို တစ်ဦးက အိမ်ထောင်မပြုခင် သမီး
ရည်းစား ဘ၀ ကတည်းက သေချာ လေ့လာ သိရှိပြီး ပွင့်ပွင့် လင်းလင်း ညှိနှိုင်း တိုင်ပင်
နားလည်မှု တည်ဆောက် သင့် ပါတယ် ... စိတ်ချင်း နားလည် မှု က လည်း အလွန် အရေးကြီးပါတယ်
... ဒါမှ သာ အိမ်ထောင် ပြုပြီး နောက်ပိုင်းမှာ ကြုံလာမယ့် ပြဿနာတွေ ကို သေချာ
နားလည်မှု နဲ့ ဖြေရှင်း နိုင်မှာ ဖြစ်ပြီး စိတ်ဝေဒနာ ခံစားမှု လျော့ နည်းမှာ
ဖြစ်ပါတယ်။
စိတ်သည် လောကကို
ဦးဆောင်၏
ဆိုတဲ့ ဘုရားဟော
တရား ရှိပါတယ်။ ရောဂါဘယ တွေ တော့ မရှိပါဘူး
သို့သော် လည်း လင်မယား နှစ်ယောက် စိတ်ချင်း မသင့်တာ နဲ့ပဲ
သာယာစိုပြေ တဲ့ အိမ်ထောင်ရေး ကို မထူထောင် နိုင်တော့ပဲ စိတ်ဆင်းရဲမှု များစွာနဲ့ ဘ၀ကို
ဖြတ်သန်းရ တော့မှာ ဖြစ်ပါတယ်။

 

ခုလိုမျိုး လက်မထပ်မီမှာ ကြိုတင် စစ်ဆေးသင့် တာတွေကို
စစ်ဆေးခြင်း ဖြင့် ရရှိမယ် အကျိုး ကျေးဇူး တွေက -

 

  # ယေဘူယျ
ကျန်းမာရေး အဆင့်အတန်း ကို သိရှိ နိုင်ပါတယ်။

 

  # ကူးစက်
ရောဂါတွေ ရှိနေခြင်း ရှိမရှိ ဆိုတာကို သိရှိ နိုင်ပါတယ်။ (ဥပမာ -
HIV ၊ အသဲရောင် အသားဝါ ဘီပိုး စသဖြင့်ပေါ့)

 

  # သားသ္မီး
တွေကို ထိခိုက် စေမယ့် မျိုးရိုးလိုက် ရောဂါတွေရနိုင် တဲ့ အခြေအနေ ရှိမရှိ ဆိုတာ
ကို ရှာဖွေ တွေ့ရှိ နိုင်ပါတယ်။ ဆိုလိုတာက သွေးရောဂါ (
Thalassemia)
စတဲ့ ရောဂါတွေဟာ အဲဒီ ရောဂါတွေကို ဖြစ်စေတဲ့ မျိုးရိုး ဗီဇတွေကို သယ်ဆောင်
ထားတဲ့ သူတွေ (အထူးသဖြင့် သွေးသား နီးစပ်တဲ့ အမျိုးချင်း) လက်ဆက် တဲ့အခါမှာ ဖြစ်စေ
နိုင်ပါတယ်။

 

  # ကလေးရနိုင်
/ မရနိုင် ဆိုတာ ကိုလည်း ကြိုတင် သိရှိ နိုင်ပါတယ်။

 

ယောင်္ကျားမှာ ဖြစ်စေ မိန်းမမှာ ဖြစ်စေ မြုံနေခြင်း ရှိမရှိ
ဒါမှမဟုတ် ကလေး မရနိုင်တဲ့ အခြား ပြဿနာတွေ ရှိမရှိ ဆိုတာကို ထိမ်းမြားခြင်း
မပြုမီက ကြိုတင် သိရှိ ပြီးမှသာ ရှေ့ဆက်မယ့် တူနှစ်ကိုယ် ဘဝ ခရီးကို အချင်းချင်း
တိုင်ပင် ညှိနှိင်း နိုင်မှာ ဖြစ်ပါတယ်။ ကုသ၍ ရမည့် ရောဂါ ဆိုလျင် လည်း ကြိုတင်
ကုသမှု ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။

 

အိမ်ထောင် မပြုခင် ဘာတွေကို ဆေးစစ်မှု လုပ်သင့်လဲ ဆိုတာ
ကတော့ -

 

1. Chromosomal
Disorder (Blood Karyotyping)

 

Chromosome
ဆိုတာကတော့ ခန္ဓာကိုယ် လုပ်ငန်း
ဆောင်တာ အားလုံးရဲ့ မျိုးရိုး ဗီဇ သော့ချက် တွေကို ထိန်းချုပ် တဲ့ အရာပေါ့ဗျာ။
ဒီကောင် တွေ အစီအစဉ် မကျဖြစ်တော့ ကလေးမယ် ဒုက္ခ ရောက်ရ တော့တာပေါ့။ စာရှုသူတို့
သိနေပြီးတဲ့
Downs Syndrome ဆိုတာ
ဒီကောင်တွေ တလွဲ ဖြစ်ရ လို့ပေါ့။ (
Downs
Syndrome )
ကတော့ အမေ အသက် ကြီးမှ ကိုယ်ဝန်
ဆောင်ရင်လည်း ဖြစ်တတ်ပါတယ်)

Karotyping
ဆိုတာကို ဘာကြောင့် လုပ်လဲ ဆိုတော့ -

 

  # မိဘမှာ
ကလေးကို ဒုက္ခ ပေးနိုင်မယ့် ပုံမှန် မဟုတ်တဲ့
Chromosome ရှိမရှိ စမ်းသပ် ဆုံးဖြတ်ချင်တဲ့အခါ

 

  # အမေကို
ကိုယ်ဝန် မရနိုင်အောင် (သို့) ကိုယ်ဝန် ပျက်ကျ အောင် လုပ်နိုင်တဲ့
Chromosome
ချို့ယွင်းချက် ရှိမရှိ ထစသဖြင့်
စမ်းသပ် စစ်ဆေး ချင်တဲ့အခါ

 

မျိုးတွေ မှာ လုပ်ပါတယ်။

 

2. Thalassemia
Test

 

Thalassemia
ဆိုတာ ကတော့ မိဘများကနေ
သားသ္မီးဆီကို မျိုးရိုး ဗီဇကြောင့် ဖြစ်သွား ရတဲ့ သွေးရောဂါ တမျိုးပါပဲ။ (ဆွေမျိုးနီးစပ်ချင်း
အိမ်ထောင် ပြုတဲ့ အခါမျိုးမှာ ဖြစ်တတ် ပါတယ်)

ဒါ့ကြောင့် ဘယ်သူမှ ပြုပြင် ပြောင်းလဲ နိုင်စွမ်း မရှိတဲ့
နိယာမ (၅)ချက် ထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့ ဒီ ဗီဇနိယာမကို ကြိုတင် သိရှိ
ဆင်ခြင်ခြင်း ဖြင့်သာ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။

 

3. HIV
ပိုးရှိမရှိစစ်ခြင်း

 

မြင်ရုံနဲ့တော့ သန့်မှန်း မသိနိုင်ဘူး ဆိုသလို ပါပဲ ဒီပိုး ရှိသူ အများစုဟာ ကိုယ်ကိုယ်ကို ပိုးရှိ နေမှန်း
မသိကြပါဘူး ။ သွေးစစ် ရင်တောင် မှ
HIV Antibody Test ကို စစ်လို့ ရှိရင် ခန္ဓာကိုယ် ထဲကို ပိုးစ ၀င်တဲ့ (၆) ပါတ်ကနေ
(၁၂)ပါတ်ထိမ တွေ့ နိုင်ပါဘူး။ တချို့မှလည်း (၆)လ ထိတိုင်အောင် မတွေ့ရ ပါဘူး။
ဒီကာလကို
Window period လို့ခေါ်ပါတယ်။
ကိုယ်ထဲကို ပိုးက ၀င်နေပေမယ့် ခန္ဒာကိုယ် ကနေ ဒီပိုးကို တုန့်ပြန်တဲ့ ပဋိပစ္စည်း
Antibody
က မထွက်သေးတော့ ဆေးစစ်တဲ့အခါမှာ Negative ပြနေပါတယ်။ Antigen Test (သို့) PCR TEST ကို စစ်ရင်တော့ (၂)ပါတ် ကနေ (၃)ပါတ် အတွင်းမှာ ဒီပိုး
ကူးစက်ခြင်း ရှိမရှိ ဆိုတာကို သိနိုင်ပါတယ်။ ဒီ ရောဂါပိုး ဟာ တစ်ဦးကို တစ်ဦး
ကူးစက် နိုင်တဲ့ အပြင် မွေးဖွားလာမယ့် ကလေးကိုပါ ကူးစက် နိုင်ပါတယ်။

 

4. အသဲရောင်အသားဝါ ဘီပိုး နဲ့ စီပိုး (Hepatitis
B & C)
ကိုစစ်ခြင်း

 

ဒီပိုးတွေကလည်း HIV ပိုးလိုပဲ လိင် ကနေ တဆင့် ကူးစက် နိုင်တာကြောင့် ကြိုတင်
စစ်ဆေး သင့်ပါတယ်။ ဒီပိုးတွေက အသဲရောင် အသားဝါ ရောဂါကို ဖြစ်စေရုံ သာမက ဘဲ
အသဲခြောက်ခြင်း နဲ့ အသဲကင်ဆာ တို့ အထိ ဖြစ်နိုင်ပါတယ်။

 

5. VDRL
Test (
ကာလသား ရောဂါပိုး အတွက် စစ်ခြင်း)

 

အမေ လုပ်တဲ့သူမှာ ကာလသား ရောဂါရှိနေရင် ကလေးတွေ့ရဲ့ တစ်ဝက်
နီးပါးဟာ မမွေးခင် မှာဖြစ်စေ မွေးပြီးတဲ့ နောက်မှာ ဖြစ်စေ အသက် သေဆုံး နိုင်ပါတယ်။
အသက် ရှင်ခဲ့ရင်လဲ ကလေးဟာ ကြီးထွားမှု နှေးကွေး တာတွေ ၊ အမြင် / အကြား အာရုံတွေ
ချို့ယွင်း တာတွေ
စသ ဖြင့်
ဖြစ်နိုင် ပါတယ်။ ကိုယ်ဝန် ဆောင်စဉ် ကာလမှ စောစောစီးစီး စီစစ်မိပြီး
antibiotics
ပိုးသတ်ဆေး အသုံးပြုမယ် ဆိုရင်တော့
ရောဂါ ပျောက်ကင်း နိုင်ပါတယ်။

 

6. Thyroid
Function Test

 

Thyroid
ဆိုတာက gland
(
အကျိတ် တခု) ပဲ။ သူကနေပြီးတော့ Thyroid
Hormone
ဆိုတဲ့ ဟော်မုန်း တမျိုးထွက်တယ်။ ဒီ
ဟော်မုန်း က ခန္ဒာကိုယ် ရဲ့ ဇီဝကမ္မ ဖြစ်ပျက် အားလုံးမှာ ပါဝင်ရတဲ့ ဟော်မုန်း ပဲ။
ကလေးတွေအတွက်က ခန္ဓာကိုယ် ကော ဦးနှောက် ကော ဖွံဖြိုးဖို့ရာ အတွက် အရမ်း လိုအပ်တယ်။
ကိုယ်ဝန် ဆောင်စဉ်မှာ ဒီဟော်မုန်း က နည်းနေရင် ကလေးမှာက ဥာဏ်ရည် မမီတာတွေ ၊
ဖွံဖြိုးမှု နှေးတာတွေ
စသဖြင့်
ဖြစ်နိုင်တယ်။ ဒါကြောင့် အိမ်ထောင် မပြုမီက တိုင် ဒီဟော်မုန်းတွေ နည်းမနည်း ကြိုသိ
ထားတဲ့အခါ ကြိုတင် ကာကွယ်မှု ပြုလုပ် နိုင်ပါတယ်။

 

7. သွေးချိုဆီးချို ရှိမရှိ စစ်ဆေးခြင်း (Blood
Sugar)

 

အမေ လုပ်တဲ့သူမှာ ၎င်းရောဂါ ရှိနေရင် ကိုယ်ဝန်ဆောင် တဲ့အခါမှာ
ကလေးကော အမေအတွက်ပါ အန္တရာယ် ရှိနိုင်ပါတယ်

 

8. Male
Fertility Test

 

အမျိုးသား၏ သုတ်ထဲတွင် ပါသော သုတ်ကောင် (Sperm)
များ ၏ အရည်အသွေး စွမ်းဆောင်ရည် သည်
ကိုယ်ဝန် ရနိုင် စေခြင်း ရှိမရှိ စစ်ဆေးခြင်း

 

9. Female
Fertility test

 

အမျိုးသမီးကို ကိုယ်ဝန် ရနိုင်ခြင်း ရှိမရှိ စစ်ဆေးခြင်း (အမျိုးသမီး
၏ ရာသီစက်ဝန်း (၃) ရက်မြောက် နေ့တွင် (
Day 3 FSH test ) ဆိုသည့် (Follicle Stimulating Hormone) ကို စစ်ဆေး တိုင်းတာခြင်း

 

10. အခြား စမ်းသပ် စစ်ဆေးသော (TESTS) များမှာ -

 

Biochemical
and Metabolic Disorder Analysis

* Sickle
Cell Anemia Test

* Congenital
Hypothyroidism – TSH

* G6PD
Deficiency

* Galactose
– (Gal and Gal- 1-P)

* Galactose
– Uridyltransferase

* Phenylketonuria

* Other
Metabolic Disorders

 

Organic
Acidemias:

- 3
Hydroxy 3 Methylglutaryl CoA Lyase Deficiency ( HMG )

- Glutaric
Acidemia Type 1

- Isobutyryl
CoA Dehydrogenase Deficiency

- Isovaleric
Acidemia

- 2
Methylbutryl CoA Dehydrogenase Deficiency

- 3
Methylcrotonyl CoA Carboxylase Deficiency

- Methylmalomic
Acidemia

- Mitochondrial
Acetoacetyl CoA Thiolase Deficiency

- Propionic
Acidemia

- Multiple
– CoA Carboxylase Deficiency

 

Acylcarnitine
Profile :

- Carnitine
/ Acylcarnitine Translocase Deficiency

- 3
Hydroxy Long chain Acyl CoA Dehydrogenase Deficiency

- Medium
Chain Acyl CoA Dehydrogenase Deficiency (MCAD)

- Multiple
Acyl Co A Dehydrogenase Deficiency ( Glutaric Acidemia)

- Neonatal
Carnitine Palmitoyl Transferase Deficiency

- Short
Chain Acyl Co A Dehydrogenase Deficiency

- Short
Chain Hydroxy Acyl Co A Dehydrogenase Deficiency

- Trifunctional
Protein Deficiency

- Very
Long Acyl Co A Dehydrogenase Deficiency

- Octanoyl
Carnitine ( C8 )

 

Amino
Acid Profile:

- Carbamylphosphate
Synthetase Deficiency

- Dienoyl
Co A Reductase Deficiency

- 5 –
Oxoprolinuria ( Pyroglutamic Acidemia)

- Hyperammonemia,Hyperornithinemia,Homocitrullinemia
Syndrome(HHH)

- Hyperornithinemia
with Gyral Atrophy

- Hyperargininemia
due to Arginase

- Malonic
Aciduria

- Ornithine
Transcarbamylase Deficiency

- Arginase
Deficiency

- Biotinidase
Deficiency

- Congenital
Adrenal Hyperplasia

- Cystic
Fibrosis

- Hemoglobin
mutations

 

http://health.ngoinmyanmar.org

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top