21
Jun

လမ်းပန်းဆက်သွယ်ရေးနဲ့အတူ အေ့ဒ်စ်ရောဂါ ပိုမိုပြန့်ပွား

လွတ်လပ်သောအာရှအသံမြန်မာဌာန၊ သတင်းများ 2008-02-28

အာရှတိုက်ရဲ့ ဒေသတွင်းလမ်းဖော်လုပ်ပေးရေးမှာ
ငွေကြေးသုံးစွဲတာဟာ လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာတာနဲ့ အမျှ
HIV/AIDS ရောဂါလည်း
ပိုမိုပြီးပြန့်ပွားလာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်က ပြောလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် ကြာသပတေးနေ့မှာ
ထုတ်ပြန်လိုက်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်
(အေဒီဘီ) ရဲ့
လေ့လာချက် အစီရင်ခံစာမှာ ခရီးလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့အမျှ
တဖက်မှာလည်း အေအိုင်ဒီအက်စ် ရောဂါ ပျံ့နှံ့နှုန်းမြင့်တက်လာတာ တွေ့ရတယ်လို့
ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံတ၀န်းမှာ အေအိုင်ဒီအက်စ် ကးစက်ပျံ့နှံ့နှုန်းဟာ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းမရှိပေမဲ့ အိန္ဒိယ တောင်ပိုင်း ဆက်သွယ်ရေး လမ်းကြောင်း တလျှောက်မှာတော့ ကူးစက်ပျံ့နှံ့နှုန်းက ၁၆
ရာခိုင်နှုန်း ရှိနေတာ တွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း အဝေးပြေး
ကုန်တင်ကား မောင်းသူတွေကြားမှာ
HIV/AIDS ကူးစက်နှုန်း အမြင့်ဆုံး
ဖြစ်နေပါတယ်။ တရုတ်ပြည်မှာလည်း ကုန်တင်ကား မောင်းသူတွေကြားမှာ လိင်ကတဆင့်
ကူးစက်တဲ့ရောဂါ ဖြစ်ပွားနှုန်းဟာ သာမာန်ထက် လေးဆ ပိုများပါတယ်။ တရုတ်နဲ့
မြန်မာနိုင်ငံ ဆက်သွယ်ရေးလမ်း ဖြစ်တဲ့ မန္တလေးမူဆယ် အဝေးပြေးလမ်းမကို ၁၉၉၇
ခုနှစ်မှာ စတင် ဖောက်လုပ်ခဲ့ချိန်က စပြီး အဲဒီလမ်းကြောင်း တလျှောက်မှာ
မူးယစ်ဆေးဝါးသုံးစွဲမှု တိုးတက်လာခဲ့ရာက မြန်မာနိုင်ငံက ပြည်နယ် သုံးခုမှာ
မူးယစ်ဆေး ထိုးသူတွေကြား
HIV/AIDS
ကူးစက်နှုန်းဟာ တဟုတ်ထိုး မြင့်တက်သွားခဲ့တယ်လို့ လေ့လာချက် အစီရင်ခံစာက
ဆိုပါတယ်။

ကြီးမားတဲ့ တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းကြီးတွေကြောင့်
ကျေးလက်ပိုင်းကို လူတွေ အများကြီး ရောက်လာကြရာမှာ မူးယစ်ဆေးဝါးနဲ့
ပြည့်တန်ဆာလုပ်ငန်းတွေလည်း နောက်က လိုက်လာကြတယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်က
ဆိုပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာလို့ ပိုအကျိုးရှိလာသလို တဖက်မှာလည်း
ဆက်သွယ်သွားနေကြတဲ့ သူတွေ၊ အထူးသဖြင့် အိတ်ထဲမှာ ပိုက်ဆံထည့်ပြီး သွားလာနေကြသူတွေဟာ အကာအကွယ်မဲ့ ကြုံသလို လိင်ဆက်ဆံတဲ့ အန္တရာယ်၊ မူးယစ်ဆေးဝါး အန္တရာယ်တွေနဲ့
အင်မတန် နီးစပ်မှု ရှိနေပါတယ်လို့ အေဒီဘီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီရဲ့လုပ်ငန်းတွေထဲမှာ
လမ်းပန်းဆက်သွယ်ရေးစတဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးဟာ အကြီးမားဆုံးနဲ့
အမြန်ဆန်ဆုံးတိုးတက်နေတဲ့ ကဏ္ဍဖြစ်ပါတယ်။ ၁၉၉၉ ကနေ ၂၀၀၅ ခုနှစ် အထိ ခြောက်နှစ်အတွင်း
အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ချေးငွေ ၃၃ ရာနှုန်းဟာ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ အတွက်
ဖြစ်ခဲ့တာပါ။

အခုတော့ အေဒီဘီဟာ လမ်းပန်းဆက်သွယ်ရေးစီမံကိန်းတွေနဲ့အတူ
HIV/AIDS ကူးစက်မှု
တားဆီး ကာကွယ်ရေး၊ ပညာပေးရေးနဲ့ ကုသရေးအစီအစဉ်တွေကိုပါ ပူးတွဲပေါင်းစပ်
ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသမှာ HIV/AIDS ကူးစက်ခံရသူပေါင်း
() သန်းခွဲလောက်ရှိပြီး
ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း ကူးစက်ခံရသူ အသစ်နှစ်သန်းလောက်ရှိမယ်လို့ ကုလသမဂ္ဂက
ခန့်မှန်းပါတယ်။ အေအိုင်ဒီအက်နဲ့ ဆက်နွယ်တဲ့ ရောဂါတွေကြောင့် သေဆုံးသူပေါင်းက
ခြောက်သိန်းခွဲနီးပါးရှိပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံက
ပြည်နယ် ခြောက်ခုမှာ
HIV
ပိုးဟာ ကပ်ရောဂါ အသွင်နဲ့ ကူးစက်ပျံ့ပွားနေတယ်လို့ ဆိုပါတယ်။

http://www.rfa.org/burmese/news/aids_virus_spreads_more_with_transportation-20080228.html

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top