Sadao
သည် မလေးရှား နယ်စပ်နှင့် ထိစပ်လျှက်ရှိသော ထိုင်းနိုင်ငံ တောင်ပိုင်း၊ Songkhla ပြည်နယ်အတွင်းမှ
ခရိုင်မြို့ငယ်လေး တစ်ခုဖြစ်သည်။ ယင်းမြို့သည် လိင်မှုဆိုင်ရာ ပျော်ပါးရန် အတွက် လာရောက်ကြသော
ကမ္ဘာလှည့် ခရီးသည်များ၏ ရေပန်းအစားဆုံးသော နေရာ ဖြစ်သောကြောင့် လိင်လုပ်သားများ အများဆုံးရှိသည့်
နေရာလည်း ဖြစ်သည်။ ဒေသခံများကမူ Dan Sadao (သို့) Dan Nok ဟု ခေါ်တွင်လျှက်ရှိသည်။
Songkhla ပြည်နယ်သည် မလေးရှားနိုင်ငံ၊ Kedah ပြည်နယ်နှင့် ကပ်လျက်တည်ရှိသည်။
ထိုပြည်နယ်တွင်
ရှေးယခင်ကတည်းက အဓိက အသုံးပြုခဲ့ကြသည့် ပင်လယ်ဆိပ်ကမ်းနှင့် ကမ်းရိုးတန်းတလျှောက် ကုန်သွယ်
ရေးဆိပ်ကမ်းလည်း ရှိသည်။ သမိုင်းဝင်မြို့ဖြစ်သဖြင့် ရှေးဟောင်း အမွေနှစ်များ၊ အနုပညာလက်ရာများ၊
ရိုးရာဓလေ့ ဖျော်ဖြေမှုများနှင့် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ ရှိသည်။ ငါးဖမ်းလုပ်ငန်းများနှင့်
ထိုင်း၊ မလေး သဘာဝဓာတ်ငွေ့ ဆက်သွယ်ထားသည့် ပိုက်လိုင်းများ ဖြတ်သန်းရာ နေရာလည်း ဖြစ်သည်။
ထိုပြည်နယ်တွင် (၁၆) ခရိုင်ရှိရာ ၄င်းတို့မှာ Muang, Hat Yai, Chana, Ranode,
Bangklam,Namom, Khlong Hoykhong, Nathawee, The-pha, Sabayoi, Sadao, Rattaphoom,
Singha Nakhon, Khuanniang, Rattaphum နှင့် Krasaesin တို့ဖြစ်ကြသည်။
၂ဝဝ၆
ခုနှစ် ဒီဇင်ဘာလ၏ စာရင်းအရ လူဦးရေ (၁, ၃၁၂, ၆၂၅ ၁, ၃၁၂, ၆၂၅) ရှိသည်။ ထိုခရိုင်များ
အနက် Hat Yai ခရိုင်သည် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်ဖြင့် စည်ပင်ဝပြောပြီး ကမ္ဘာလှည့်
ခရီးသည်များ အတွက် ရေပန်းအစားဆုံး နေရာလည်း ဖြစ်သည်။ မလေးရှားနှင့် အခြား ပြည်နယ်များသို့ပါ
သွားလာရေးနှင့် ဆက်သွယ်ရေး အချက်အခြာကျသည့် နေရာလည်း ဖြစ်သည်။ Hat Yai ပြီးလျှင် ကမ္ဘာလှည့်
ခရီးသည်များ အကြိုက်ဆုံး ဒုတိယနေရာမှာ Sadao (သို့) Dan Nok ပင်ဖြစ်သည်။ ထိုနေရာသို့
အဓိက အားဖြင့် မလေးရှားမှ လာရောက်လည်ပတ်မှု အများဆုံး ဖြစ်သည်။ ထိုင်းနှင့် မလေးရှား
ဆက်သွယ်ထားသည့် လမ်းဆုံလည်း ဖြစ်သည်။
၂ဝဝ၇ ခုနှစ်တွင် Dan Nok သည် ဘဏ်များ၊ ဟိုတယ်များ၊
ကော်ဖီဆိုင်များ၊ အင်တာနက်ဆိုင် များနှင့် ကုန်စုံဆိုင်ကြီး များဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်
လာခဲ့သည်။ နှစ်နိုင်ငံ၏ အဝေးပြေး လမ်းမပေါ်တွင် ရှိသောကြောင့် ကာရာအိုကေ အခန်းများ၊
နိုက်ကလပ် များလည်း ရှိရာ လိင်လုပ်သားများနှင့် ကမ္ဘာလှည့်ခရီးသည် အများအပြား ပျော်ပါးရာ
နေရာအဖြစ် ထင်ရှားလာသည်။ Sadao (okdU) Dan Nok ၏ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးဂိတ်သည်
ဘန်ကောက်မြို့ နိုင်ငံတကာ လေဆိပ်၏ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးဂိတ်ပြီးလျှင် လူဝင်လူထွက်
ဒုတိယအများဆုံးဂိတ် ဖြစ်သည်။ အထူးသဖြင့် ရုံးပိတ်ရက်များနှင့် စနေ၊ တနင်္ဂနွေနေ့များတွင်
ဝင်ထွက်မှု များသည်။ ထိုဒေသသို့ ရွှေ့ပြောင်းသွားလာ အလုပ်လာရောက် လုပ်ကိုင်ကြသူများသည်
လိင်လုပ်ငန်းများ အပါအဝင် အခြားလုပ်ငန်းများ လုပ်ကိုင်ရန် လာရောက်ကြသူများ ဖြစ်သည်။
လက်ရှိ
လိင်လုပ်ငန်းများကို လာရောက် လုပ်ကိုင်ကြသည့် ရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနိုင်ငံ
မြောက်ပိုင်းရှိ Chiang Rai ပြည်နယ်မှ Tai Yai နှင့် Tai Lue တိုင်းရင်းသားများ၊ အထူးသဖြင့်
Mae Sai ခရိုင်မှ လာရောက်ကြသူများ၊ Chiang Mai, Pha Yao နှင့် Lam Pang ပြည်နယ်များမှ
ထိုင်းလူမျိုးများ၊ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှ ထိုင်းလူမျိုးများ၊ ၎င်းတို့ အထဲတွင်
Chiang Rai ပြည်နယ်မှ ပညာမတတ်သူ၊ အသက် (၂ဝ) မှ (၃ဝ) နှစ်အရွယ် ရှိသူတို့ အများဆုံး
ဖြစ်သည်။ အချို့ ရွှေ့ပြောင်းသွားလာ လိင်လုပ်ငန်း လုပ်ကိုင်ကြသူများသည် ထိုဒေသသို့
ခဏ လာလုပ်လိုက်၊ အိမ်ပြန်သွားလိုက်၊ ပြန်လာလုပ်လိုက် စသည်ဖြင့် သွားလာကြပြီး အများစုမှာ
Dan Nok သို့ လာရောက်မလုပ်မီ၊ Hat Yai ပြည်နယ်တွင် အရင်သွားရောက် လိင်လုပ်ငန်း လုပ်ပြီးမှ
ရွှေ့ပြောင်း လာရောက် လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။ Hat Yai ပြည်နယ်တွင် ၎င်းတို့၏ ဝင်ငွေ
ကျဆင်းလာ၍လည်း လိင်လုပ်ငန်း ဖွံ့ဖြိုးလာသည့် Dan Nok သို့ ရွှေ့ပြောင်း လုပ်ကိုင်ကြခြင်း
ဖြစ်သည်။
အစတွင် Hat Yai (သို့) Dan Nok တို့၌ အထွေထွေ လုပ်သား အပါအဝင် အခြားအလုပ်များ
လုပ်ကိုင်နေကြရမှ နောက်ဆုံးတွင် ဝင်ငွေ ပိုကောင်းသည့် လိင်လုပ်ငန်းဘက်သို့ ကူးပြောင်း
လာကြသူများလည်း ရှိသည်။ ၁၉၉ဝ ပြည့်နှစ် အစောပိုင်းတွင် ထိုဒေသများ၌ လိင်လုပ်ငန်း လာရောက်
လုပ်ကိုင်ကြသူများသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှ ထိုင်းလူမျိုးများ ဖြစ်ကြပြီး၊
၂ဝဝဝ ပြည့်နှစ် အစောဆုံး ကာလတွင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ကြသည့် ပုံစံပြောင်းသွားပြီး
ထိုင်းနိုင်ငံ မြောက်ပိုင်းမှ ထိုင်းလူမျိုးများ အများဆုံး ယနေ့အထိ လာရောက် လုပ်ကိုင်ကြသည်ကို
ထူးခြားစွာ တွေ့ရသည်။ Chiang Rai မှ Tai Yai တိုင်းရင်းသားများ, အများဆုံးဖြစ်ပြီး
၎င်းတို့ပြီးလျှင် Chiang Mai နှင့် Pha Yao ပြည်နယ်များမှ ထိုင်းလူမျိုးများက ဒုတိယနေရာမှာ
ရှိသည်။ ၁၉၉ဝ ပြည့်နှစ် အစောပိုင်းနှင့် ၂ဝဝဝ ပြည့်နှစ် အစောပိုင်းတို့တွင် Dan
Nok ၊ Sadao ပြည်နယ်သည် ရွှေ့ပြောင်း အလုပ်သမားများ လိင်လုပ်ငန်း လုပ်ကိုင်ရန် ခရီးဆုံး
ဒေသအဖြစ် ပေါ်ပြူလာ ဖြစ်ခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် Dan Nok သည် ဖြတ်သန်းသွားလာရာ နေရာအဖြစ်
ပြောင်းလဲသွားသည်။
အဘယ်ကြောင့် ဆိုသော် ရွှေ့ပြောင်း လိင်လုပ်သားများသည် ဆက်လက်၍ မလေးရှား၊
စင်္ကာပူ(သို့) အရှေ့တောင်အာရှ ပြင်ပဒေသများသို့ ဆက်လက် ထွက်ခွာသွားကြသည်။ Dan Nok တွင်
တစ်လမှ တစ်နှစ်အထိသာ ခေတ္တ ခဏသာ နေထိုင် လုပ်ကိုင် ကြတော့သည်။ ထိုအချက်သည် ရွှေ့ပြောင်း
သွားလာမှု ယခင်ကပုံစံနှင့် မတူဘဲ၊ ထပ်မံ ပြောင်းလဲသွားသည့် ပုံစံပင် ဖြစ်သည်။ ထိုသို့
ရွှေ့ပြောင်းသွားလာမှု ပုံစံ ပြောင်းလဲရခြင်းသည် ယခင်ကာလများက ရွှေ့ပြောင်း လာရောက် လုပ်ကိုင်ကြသူများ၏
မူရင်းဒေသများတွင် လုပ်ခနည်းခြင်း၊ လယ်ယာ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းနှင့် အလုပ်လက်မဲ့နှုန်း
မြင့်မားလာခြင်း တို့သည် ၎င်းတို့အတွက် ရွှေ့ပြောင်းသွားလာရန် တွန်းအားပေးသည့် အချက်များဖြစ်သည်။
တဖက်မှ ဆွဲအားဖြစ်စေသည့် အချက်များမှာ Dan Nok ၊ Sadao ခရိုင်တို့တွင် လုပ်ခမြင့်မားခြင်းနှင့်
ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ရှိခြင်းတို့ ဖြစ်သည်။ Chiang
Rai မှ လိင်လုပ်သားများ အဖြစ် လာရောက် လုပ်ကိုင်သူများကို တွေ့ဆုံ မေးမြန်း သုတေသန
ပြုချက်အရ မိတ်ဆွေများမှ ခေါ်လာ၍ လည်းကောင်း၊ ၎င်းတို့ဒေသရှိ ဒေသခံ ပွဲစားများမှ အကူအညီ
ပေးမှုများကြောင့် ရောက်လာရခြင်း ဖြစ်ကြောင်း၊ ခရီးစရိတ် အဖြစ် ဘတ် (၁ဝ ၁ဝ,ဝဝဝ) ဝဝဝ)
မှ (၁၈ ၁၈,ဝဝဝ) ဝဝဝ) အထိ ပေးရကြောင်း၊ ထိုသို့ပေးရသည့် အတွက် လမ်းတွင် ရဲတပ်ဖွဲ့နှင့်
ရင်မဆိုင်ရကြောင်း သိရသည်။ ဒေသခံ လူစုဆောင်းသူများသည် ယခင်က ၎င်းတို့ကိုယ်တိုင် လိင်လုပ်သားများ
လုပ်ကိုင်ကြပြီး အတွေ့အကြုံများကာ အရွယ် လွန်လာသဖြင့် မူရင်းဒေသသို့ ပြန်လာပြီး အေးဂျင့်ပြန်လည်
လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။
အချို့မှာ လိင်လုပ်ငန်းပိုင်ရှင်များ အဖြစ် ထူထောင်ကာ
အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် သာမက
မလေးရှားနှင့် အိမ်နီးချင်း နိုင်ငံများတွင်ပါ ၎င်းတို့၏ လူကုန်ကူးမှု ကွန်ရက်များ စနစ်တကျ
ဆက်သွယ် လုပ်ကိုင်နေကြသည်။ မိသားစုကို ပြန်လည် ထောက်ပံ့နိုင်ရန် အတွက် လစာဝင်ငွေ ကောင်းကောင်း
ရမည်ဟု သွေးဆောင် ဖြားယောင်းမှု များလည်း အချို့ ခံကြရသည်။ လိင်လုပ်သား ရှာဖွေ စုဆောင်းသူ
ဒေသခံ အေးဂျင့်များက Dan Nok သို့ လိုက်ပါ ပို့ဆောင်ပေးသည်။ ၁၉၉ဝ ပြည့်လွန်နှစ်များနှင့်
၂ဝဝဝ ပြည့်လွန် နှစ်များတွင် လူစု လူဝေးများဖြင့် ရွှေ့ပြောင်းသွားလားခြင်း မဟုတ်ဘဲ၊
အဖွဲ့ငယ်လေးများ အဖြစ် သွားလာကြသည်။ သို့မှလည်း လမ်းခရီးတစ်လျှောက် စစ်ဆေးမှု လွတ်ကင်းရန်အတွက်
ဖြစ်သည်။ ခရီးသွားလာရာတွင် ဘတ်စ်ကားများနှင့် ရထားများကိုသာ အသုံးများခဲ့ကြသည်။ ၂ဝဝဝ
ပြည့်နောက်ပိုင်းတွင် ထိုလူကုန်ကူးမှု ပုံစံ ပြောင်းသွားပြီး အဓိက အလုံပိတ် မော်တော်ယာဉ်များဖြင့်
လူအများအပြား သယ်ယူမှု ပြုလုပ်လာကြသည်။ ၂ဝဝ၇ ခုနှစ်တွင် ယခင်ကာလများထက် ထိုင်းမြောက်ပိုင်းမှ
ဒေသသို့ သွားရေးလာရေး ပိုမိုလွယ်ကူလာသည်။ နေ့စဉ် ဘတ်စ်ကားများလည်း ရှိလာသဖြင့်
Chiang Rai၊ Chiang Mai နှင့် ဘန်ကောက်မှ Hat Yai နှင့် Dan Nok သို့ လုံခြုံစိတ်ချစွာ
လျင်မြန်စွာ သွားလာနိုင်ကြသည်။ ၂ဝဝ၇ ခုနှစ်တွင် လူကုန်ကူးသူများ အများဆုံး အသုံးပြုသည့်
လမ်းကြောင်းသည် လူစီးဘတ်စ်ကားဖြင့် ဘန်ကောက်၊ ၎င်းမှ ဘတ်စ်ကား ပြောင်းစီးကာ Hat Yai သို့၊
၎င်းမှ စီစဉ်ထားသည့် အလုံပိတ် မော်တော်ယာဉ်များဖြင့် Sadoa သို့ ပို့ဆောင်ကြသည်။
မလေးရှား
နိုင်ငံတွင် အရက်နှင့် နိုက်ကလပ်များကို မွတ်ဆလင် လူမျိုးများမှ တင်းတင်းကြပ်ကြပ် တားမြစ်ထားသဖြင့်
Sadao မှတစ်ဆင့် ဝင်ငွေကောင်းရရန် မလေးရှားနိုင်ငံသို့ ဆက်လက် သွားလိုသူများသည် မလေးရှားနိုင်ငံကို
ဖြတ်သန်းသွားလာရာ ဒေသအဖြစ်သာ အသုံးပြုပြီး စင်္ကာပူ (သို့) သြစတြေးလျ နိုင်ငံလို တတိယနိုင်ငံများသို့
ဆက်လက် ထွက်ခွာကြသည်။ Dan Nok တွင်ရှိ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် လိင်လုပ်ငန်း
လုပ်ကိုင်နေသူ အချို့နှင့် တွေ့ဆုံ မေးမြန်းချက်များအရ လိင်လုပ်ငန်းများကို လစာဝင်ငွေ
ကောင်း၍ မိသားစု ထောက်ပံ့နိုင်သည့် အတွက် ကိုယ်ဘာသာကိုယ် ရွေးချယ်ပြီး ပျော်ရွှင်စွာ
လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ အစော်ကားခံရမှုမျိုးများ ကျန်းမာရေး
ဆေးစစ်ရာတွင် မတွေ့ရှိရကြောင်း သိရှိရသည်။ များသောအားဖြင့် (၂) နှစ်၊ (၃) နှစ်ခန့်
လုပ်ကိုင်ပြီး ငွေအတော်အတန် စုမိသည့်အခါ နေရပ်သို့ ပြန်ကြလေ့ရှိသည်။ ယေဘုယျ အားဖြင့်
တစ်လလျှင် ဘတ် (၁) သောင်းမှ (၂) သောင်းအထိ ရရှိကြသည်။ ၎င်းတို့ မပြန်ခင် အလုပ်ရှင်(သို့)
အလုပ်ဆင်းသည့် နေရာပိုင်ရှင်အား အကြွေး ယူထားသည့် အဝတ်အစားဖိုးနှင့် ခရီးစရိတ်တို့အား
ပေးချေပြီးမှ ပြန်ကြလေ့ရှိသည်။ အလုပ် လုပ်ကိုင်နေစဉ်အတွင်း ငွေပြန်ပို့ ဖြစ်သူနည်းပြီး
အများစုမှာ ပြန်မှသာ စုဆောင်းငွေ ယူသွားလေ့ ရှိသည်။ Dan Nok တွင် ကာလသား ရောဂါနှင့်
HIV/AIDS ရောဂါ ပြန့်ပွားမှုသည် ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားများအတွက် အဓိက စိုးရိမ်ဖွယ်ရာ
ဖြစ်သည်။ တစ်လတစ်ကြိမ် ဆေးစစ်ကြရန် လိင်ဖျော်ဖြေရေး လုပ်ငန်းပိုင်ရှင်များနှင့် ပြည်သူ့ကျန်းမာရေး
ရုံးတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကာ ရောဂါဆိုး အကာအကွယ်ပေးမှုများ ပြုလုပ်လျက်
ရှိကြသည်။
ကျန်းမာရေး လုပ်သားများအတွက် အခက်အခဲတစ်ခုမှာ ပြည်ပမှ လာရောက်ကြသည့် လိင်လုပ်သားများနှင့်
တစ်နေရာမှ တစ်နေရာ အမြဲတမ်း ပြောင်းရွေ့ လုပ်ကိုင်နေသည့် လိင်လုပ်သားများအား ကျန်းမာရေး
အကာအကွယ် မပေးနိုင်ခြင်းပင် ဖြစ်သည်။ ဝမ်းနည်းဖွယ်ရာ ကောင်းသည်မှာ Sadao တွင်
HIV/AIDS ရောဂါ အသိပညာပေးမှုနှင့် လူကုန်ကူးခံရမှုမှ မိမိကိုယ်ကိုယ် အကာအကွယ်ပေးရေး အတွက်
အသိတရားပေးသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ လုံးဝ မရှိခြင်းပင် ဖြစ်ပေတော့သည်။
ဝင်းနိုင်ထွန်း
Source;
Trafficking for Sexual Exploitation Into Sado,Songkhla Province
Vol.2
No.40
လျှပ်တစ်ပြက်
- လမ်းပြစေချင် မီးအိမ်ရှင်




