လားရှိုးနဲ့ မန္တလေးမြို့တို့က ပြည့်တန်ဆာ
အမျိုးသမီးတွေမှာ အိတ်ခ်ျအိုင်ဗွီ အများဆုံးတွေ့ရတယ်လို့ ကျန်းမာရေးစစ်တမ်း
ကောက်ယူတဲ့ လူမှုဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ သူတစ်ဦးက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့ မြန်မာနိုင်ငံ
ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး National AIDS Program ခုခံအားကျရေဂါ တိုက်ဖျက်ရေး
အမျိုးသားစီမံချက်အရ စစ်တမ်းကောက်ယူရာမှာ ဒီလိုတွေ့ရှိရတာလို့ စစ်တမ်းကောက်ယူရာမှာ
ပါဝင်တဲ့ လူမှုဝန်ထမ်းတွေနဲ့ မူးယစ်ဆေးဝါး ထိုးရာမှာ ဆေးထိုးအပ်သုံးသူတွေကို ၂လကြာ
စစ်တမ်းကောက်ယူတာလို့ ဆိုပါတယ်။
လူမှုဝန်ထမ်းတွေက စစ်တမ်းကောက်ယူရာမှာ မန္တလေးက
လမ်းမတွေပေါ်မှာ တွေ့ရတဲ့ ပြည့်တန်ဆာတွေနဲ့ တည်းခိုခန်းတွေရှိ ပြည့်တန်ဆာ
အမျိုးသမီးတွေ ပါဝင်တယ်လို့သိရပါတယ်။
ကူးစက်နှုန်းလျော့ကျအောင် ဆောင်ရွက်မယ့်
အစီအစဉ်တွေတော့ အရှိသေးဘူးလို့ စစ်တမ်း ကောက်ယူသူတွေနဲ့ နီးစပ်တဲ့ သူကပြောပါတယ်။ မန္တလေးမှာ
စားသောက်ဆိုင်၊ ဟိုတယ်၊ အနှိပ်ခန်း စတဲ့နေရာအချို့ဟာ ပြည့်တန်ဆာ လုပ်ငန်းနေရာတွေ
ဖြစ်နေတာ တွေ့ရတယ်လို့ ဒေသခံ စာရေးဆရာ တစ်ဦးက ပြောပါတယ်။
“ရိုးရိုး အနှိပ်ခန်းတွေရှိတယ်၊ ငှားရင်
ငါးထောင်လောက်ရှိတယ်။ တစ်ဆင့်ကျော်လာရင် တစ်သောင်နှစ်သောင်း အထက်ရှိတယ်။ ကာရာအိုကေ
နောက်ထွက်တာ တွေကလဲ အများကြီး။ အခန်းထဲမှာ နှစ်ယောက်တည်း ဆိုလို့ ကြည့်ရတာတွေ
ရှိတယ်။ အဲဒီလို အခန်းတွေထဲမှာ မိန်းကလေး တစ်ယောက်ကို ခေါ်လိုက်မယ်ဆိုရင်
ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ဖက်ရမ်းပြီးတော့ သီချင်းအတူတူဆိုမယ်
အဲးဒီအထဲမှာဘဲ ရေချိုးခန်းတွေ အိမ်သာတွေရှိတယ်။ နောက်တစ်ဆင့် တက်ချင်ရင်လဲ
တက်မှာပေါ့ဗျာ”။
မန္တလေးမှာ နိုင်ငံတကာ
အန်ဂျီအိုတွေ၊ အိတ်ခ်ျအိုင်ဗွီ ကူးစက်ထားသူတွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ အဖွဲ့တွေ
အပါအဝင် လင်းရောင်ခြည်၊ ဂျွန်းဗလီ၊ ရတနာ့မေတ္တာ စတဲ့ လူမှုရေးအဖွဲ့တွေက
အိတ်ခ်ျအိုင်ဗွီ၊ အေခ်ျ့ ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ပြုစုစောင့်ရှောက်ရေး
လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။




