30
Dec

လိင်ကူးစက်ရောဂါ ကာကွယ်ရန် ကွန်ဒုံးသုံးသော်လည်း အရည်အသွေး၊သုံးနည်းမမှန်လျှင် မထိရောက်



လိင်ဆက်ဆံခြင်းမှတဆင့် ဖြစ်ပွားသည့်ရောဂါများမှ
ကာကွယ်ရန်
ဈေးကွက်အတွင်း
ရောင်းချလျက်ရှိသည့် ကွန်ဒုံးများတွင် အရည်အသွေး၊ သုံးစွဲနည်းစနစ်မကျသဖြင့်
ကွန်ဒုံး သုံးသော်လည်း ရောဂါကူးနိုင်သည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း
အထွေထွေ
ရောဂါကု ဆရာဝန်အဖွဲ့အတွင်းရေးမှူးနှင့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့
လက်ထောက်ဌာနေ
ကိုယ်စားလှယ် ဒေါက်တာနေ၀င်းက မြန်မာနိုင်ငံ ဆရာဝန်အသင်းရှိ
လူငယ်ဖွံ့ဖြိုးရေး
အစီအစဉ် ခန်းမတွင် နိုဝင်ဘာ ၂၇ ရက်က ပြောသည်။

      လိင်မှတဆင့်
ကူးစက်ရောဂါများ ကာကွယ်ရန်

ကွန်ဒုံး ကို သုံးစွဲကြရာတွင် ရာခိုင်နှုန်းပြည့် မကာကွယ်နိုင်ကြောင်း၊ လိင်မှု ဆိုင်ရာ
ရောဂါများ၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ကာကွယ်နိုင်သည်ဟု
သာဆိုသည်။

      ကွန်ဒုံးပစ္စည်းတစ်ခုအနေဖြင့် သတ်မှတ်အရေအသွေး၊
စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်နိုင်ရန် လိုအပ်ပြီး အရည်အသွေး
စစ်ဆေးပြီးပါက
သိုလှောင်သိမ်းဆည်းမှုကြောင့်လည်း အရည်အသွေး အပေါ် များစွာ
အကျိုးသက်ရောက်နိုင်သည်။

      “ကွန်ဒုံးတစ်ခုရဲ့
သက်တမ်းက ငါးနှစ်ရှိတယ်

ဆိုပေမယ့် ဒီသက်တမ်းအတိုင်း တကယ် ထိန်းသိမ်း ထားဖို့ဆိုတာ ဘယ်လိုသိမ်းဆည်းမလဲ ဆိုတာပေါ်
မူတည်တယ်။ ကွန်ဒုံးတွေကို သိုလှောင်ရမယ့် အပူချိန်ထက် ကျော်ရင် မရတော့ဘူး။
ကွန်ဒုံးတစ်ခုရဲ့
အရည်အသွေး ထိန်းသိမ်းထားနိုင်ဖို့ သာမန် အခန်းအပူချိန်ထက်
ကျော်လို့မရဘူး၊
နေရောင်နဲ့ တိုက်ရိုက်ထိတွေ့လို့မရဘူး။ ဓာတုဗေဒ ပစ္စည်းတွေနဲ့
နီးနီးစပ်စပ်ထားလို့
မရဘူး၊ သူ့အပေါ်မှာ ဖိအားများတဲ့ ပစ္စည်း ထားလို့မရဘူး။ အဲဒီ
အချက်အလက်တွေနဲ့
လွဲသွားရင် အရည်အသွေး ကျသွားမယ်

ဟု ဒေါက်တာနေ၀င်းက
ပြောသည်။

      ကွန်ဒုံးများ၏
အရည်အသွေးပြည့်မီရန်

ထုတ်လုပ်သည့်နေရာမှ ရောင်းဝယ်သူလက်ဝယ် ထိုမှတဆင့် သုံးစွဲသူလက်ရောက်သည်အထိ
စနစ်တကျရှိရန် လိုအပ်သည်။ ကွန်းဒုံး တစ်ခုကို အကြမ်းဖျင်းကြည့်ရုံဖြင့်
သုံးစွဲသည့်ရက်

မကျော်လွန်သော်လည်း ရက်လွန်သကဲ့သို့ အရည်အသွေး မရှိသည့် ကွန်ဒုံးများ
ဈေးကွက်အတွင်း

များစွာရှိနိုင်သည်ဟု ယင်းဆရာဝန်က ပြောကြားသည်။

      ယင်းကဲ့သို့သော်
အခြေအနေများကြောင့်

တစ်ခါတစ်ရံတွင် လိင်မှုဆိုင်ရာ ကိစ္စများ၌ ကွန်ဒုံး သုံးစွဲနေ သော်လည်း ရောဂါ ရရှိနိုင်ကြောင်း
သိရသည်။
 

 (The Flower News Journal vol.5/No.48) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top