1
Aug

လိင်ဆက်ဆံခြင်းကြောင့် ရရှိသော ရောဂါများ (Sexually Transmitted Infection STI)



ဒေါက်တာမြင့်မြင့်စန်းနှင့် အင်တာဗျူး

သဇင်မဂ္ဂဇင်း
အမှတ် (၃) နဲ့ အမှတ် (၄)မှ ဒေါက်တာ မြင့်မြင့်စန်းရဲ့ မလိုချင်ကြိုတင်တား ဆောင်းပါးများကို
ဖတ်ပြီး စာဖတ်ပရိသတ်က အကြံပေးစာများစွာ ပေးပို့လာကြ ပါတယ်။ နိုင်ငံခြားဆိုတာ နိုင်ငံခြားပါပဲ။
ရွာမှာ နေတုန်းကတော့ မိဘလက်အောက်မှာ ငြိမ်ဝပ်ပိပြား နေရတာပေါ့လေ။ နိုင်ငံခြားရောက်တော့
ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်၊ ကိုယ့်လွတ်လပ်မှုနဲ့ ကိုယ်ဆိုတော့ ဘာတွေဆောင်လို့ ဘာတွေရှောင်ရမလဲ
ဆိုတာလေးတွေ ကိုယ့်အသိဉာဏ်နဲ့ကိုယ် ထိန်းဖို့ လိုအပ်ပါတယ်။ တိုးတက်တဲ့ တိုင်းပြည်ဆိုတာက
Night Club တွေ၊ Pub တွေ လိုင်စင်နဲ့ ပြောင်ပြောင်တင်းတင်း ဖွင့်ထားတဲ့ ပျော်ပါးစရာ
Geylang လိုနေရာတွေ ရှိတာကြောင့်၊ မြွေကစားဖို့ အလမ္ပာယ်ဆရာများ ဖြစ်အောင် သင်ပေးလိုက်တာမျိုး
မဟုတ်ဘဲ အန္တရာယ်ကို အသင်အတင့် ရှောင်တိမ်းနိုင်အောင် ဒီအင်တာဗျူးလေးကို တင်ဆက်လိုက်ရပါတယ်။

အယ်ဒီတာ


ဒေါက်တာရဲ့ “မလိုချင်ကြိုတင်တား”
ဆေးဆောင်းပါးအတွက် ဗဟုသုတများစွာ ရတဲ့အကြောင်း ပေးပို့စာများစွာ ရရှိပါတယ် ဒေါက်တာ။
ခုတစ်ခါ အဲဒါနဲ့လည်း ဆက်စပ်တယ်လို့ ပြောလို့ရတယ်။ STD (Sexually Transmitted
Disease) အကြောင်းလေး ပြောပြပါဦးခင်ဗျား။

Sexually Transmitted Infection (STI) ဆိုပြီး လိင်ဆက်ဆံခြင်းကြောင့် ရရှိသော ရောဂါများလို့
ခေါ်တာပေါ့လေ။ ဟိုအရင်တုန်းကတော့ ကာလသား ရောဂါဖြစ်တဲ့ VD (Venereal Disease) အုပ်စုတို့
ဘာတို့ ခေါ်ခဲ့ပါတယ်။ ခုတော့ Sexually Transmitted Infection လို့ ခေါ်ကြတယ်။
Infection ဆိုတာ ဗမာလိုတော့ ကူးစက်ခြင်း ရောဂါပိုး ဝင်ခြင်းပါပဲ။

အဲဒီ
Infection မှာ အုပ်စုနှစ်စု ရှိပါတယ်။ တစ်မျိုးက ဘက်တီးရီးယားနဲ့ နောက်တစ်မျိုးက ဗိုင်းရပ်စ်
ပေါ့လေ။ ဒီရောဂါတွေကို Prostitute (or) Commercial Sex Workers လို့ ခေါ်တဲ့ ကြေးစားအမျိုးသမီး
တွေဆီမှ ရတယ်လို့ ယူဆခဲ့ကြပေမယ့် အခုခေတ်မှ Post (CST) တစ်ခုထဲ မဟုတ်ဘူး။

“Some
time can be from your casual sex partner သင့်ရဲ့ အချစ်၊ သင်ကိုယ်တိုင် ယုံကြည်ပြီး
ချစ်တဲ့သူတွေဆီကလည်း ရနိုင်ပါတယ်။ တချို့ကပြောသေးတယ်။ ကျွန်တော်တစ်ခါပဲ သွားမိပါတယ်။
တစ်ကြိမ်ပဲ သွားမိပါတယ်။ ဘယ်လို လုပ်ရနိုင်မလဲ ဆိုတာမျိုးပေါ့။ အရေအတွက်နဲ့လည်း မဆိုင်ဘူးပေါ့နော်။
တစ်ကြိမ်နဲ့လည်း ရောဂါရနိုင်ပါတယ်။

တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း
ကြက်သွန်၊ ဆိုတဲ့စကားပုံရှိပါတယ်။ အခန့်မသင့်ရင် တစ်ခါထဲနဲ့လည်း ရောဂါရနိုင်ပါတယ်။

အပြင်သွားမှ
မဟုတ်ပါဘူး။ ကိုယ်ရဲ့ Sex Partner မှန်သမျှဆီက ရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့်
Multiple Sex Partner ရှိတဲ့ သူတွေက ပိုဆိုးတာပေါ့နော်။ အခုခေတ်မှာ နိုင်ငံတကာ အစိုးရတိုင်းက
Condom တွေ သုံးဖို့ တိုက်တွန်းနေပါတယ်။ Condom သုံးရင် ရောဂါပေါင်းစုံ ကာလသားရောဂါ၊
HIV ရောဂါ ကာကွယ်နိုင်တယ် ပေါ့နော်။ သို့သော် လူတွေက ကြေးစားကောင်မလေးတွေဆီ သွားရင်
Condom ကိုအမြဲတမ်း မလွဲမသွေ သုံးတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ်တွဲတဲ့သူ၊ ကိုယ်သိနေတဲ့သူဆိုရင်
Condom မသုံးကြဘူး။

ရောဂါအများဆုံး ဘယ်ကရနိုင်ပါသလဲဒေါက်တာ။

အဲဒီမှာ
ရောဂါဘယ်က အများဆုံးရသလဲဆိုတော့ “Sex Workers and casual Sex Partner can be the
one you love and trust most” ကိုယ်အယုံကြည်ရဆုံးလို့ ဆိုတဲ့ သူတွေဆီကလည်း ရနိုင်ပါတယ်။

Condom ဘယ်လိုသုံးရမလဲဆိုတာ မသိတဲ့သူတွေ
ရှိနိုင်ပါသေးတယ် ဒေါက်တာ။

ဟုတ်ပါတယ်။
Condom ကို စနစ်တကျ နည်းမှန်လမ်းမှန် ဘယ်လိုတပ်ဆင် အသုံးချရမလဲဆိုတာ သိဖို့ လိုပါသေးတယ်။
ကျွန်မတို့ ကျောင်းတက်တုန်းကတော့ အဲဒါကို နှုတ်မေးမေးတဲ့အခါ လက်တွေ့ ပြရပါတယ်။ ကွန်ဒုံးသုံးနည်းကလည်း
ရှိသေးတယ်။ ဒေါက်တာတို့ ဘွဲ့သွားယူတုန်းကဆို စာမေးပွဲ ဖြေတဲ့အခါ How do you use
Condom? ဆိုတာကို နှုတ်ဖြေမှာ စစ်တယ်။ ဆရာဝန်တွေလည်း Condom ကို Exprert ဖြစ်တယ်မထင်ပါနဲ့။
Expiry Date ရက်လွန် မလွန် အရင်ကြည့်ရတယ်။ အိတ်ကိုဖောက်တာက အစ ဂရုစိုက်ရတယ်။
Condom ကို လက်သည်းနဲ့ ထိုးမိပြီး ပြဲစုတ်မသွားဖို့ အရေးကြီးပြန်ရော။ ချွတ်ပုံချွတ်နည်းနဲ့
စွန့်ပစ်ပုံလဲ လိုသေးတယ်။ ဘယ်သူကမှလည်း အသေးစိတ် မသင်နိုင်ပါဘူး။ Condom ဗူးထဲမှာရှိတဲ့
အညွှန်းကို သေသေချာချာ ဖတ်ဖို့လဲ လိုပါသေးတယ်။

ထိုင်း၊ တရုတ်ပြည်၊ ဗီယက်နမ် စတဲ့ တိုင်းပြည်တွေမှာတော့
အဲဒါတွေ သင်ပေးတာတွေ့ရပါတယ်။ ကျွန်တော်လည်း Internet သွားမှ ဒါတွေတွေ့ရပါတယ်။

သူရဲ့
Sex Industry က လူတွေအတွက် အသေးစိတ်သင်တာ ဖြစ်ပါလိမ့်မယ်။ Proper Condom Usage မှာ
ပြီးခါနီးမှ သုံးတာတို့၊ တစ်ဝက်တစ်ပြတ်မှာမှ သုံးတာတို့ မရဘူး။ Condom သုံးခြင်းအားဖြင့်
ထိုင်းမှာဆိုရင် STI ရောဂါဖြစ်နှုန်း သိသိသာသာ အများကြီး ကျသွားပါတယ်။ ယခုအခါ
Prostitute လို့တောင် မခေါ်တော့ပါဘူး။ Sex Worker လို့ပဲ ခေါ်ပါတော့တယ်။ အားလုံး
Condom သုံးရမယ်လို့၊ တိုက်တွန်းထားတဲ့ အတွက် HIV တင်မကဘူး။ ကာလသားရောဂါ တွေပါ အားလုံး
ထိုးကျ သွားပါတယ်။ မကူးတော့ဘူးပေါ့။ ဒါတွေကို ရှက်စရာအနေနဲ့ မြင်ပြီး ရှက်တယ်လို့၊
မဆိုးသင့်ပဲ၊ မဖြစ်သင့်ဘဲ၊ မသေသင့်ဘဲ သေကုန်ရတာတွေ အများကြီးပါ။ ရောဂါဖြစ်ရင် ပညာပေးလိုက်
ကြေငြာလိုက် ဘာလုပ်ရမယ်ဆိုတာ သိရင် ကာကွယ် နိုင်တယ်။ ကုသနိုင်ပါတယ်။

 

ဂနိုးရီးယား (Gonorrhoeae)

အဲဒီမှာမှ
ပြန်ပြောမယ်ဆိုရင် ဘတ်တီးရီးယား အုပ်စုရှိတယ်။ ဟိုးတုန်းကတည်းက သိထားတဲ့ ဘတ်တီးရီးယားကြောင့်
ဖြစ်တဲ့ရောဂါဆိုရင် ဂနိုးရီးယား (Gonorrhoeae) ကာလသားရောဂါ တစ်မျိုးပါပဲ။ ဂနိုကျတယ်
ခေါ်ပါတယ်။ အညောင်းဆင်းတယ်။ အဖြူဆင်းတယ်၊ ပြည်တွေလိုမျိုးပေါ့ ဆင်းတယ်။ အမျိုးသားမှာ
ဖြစ်တတ်သလို အမျိုးသမီးမှာလည်း ဖြစ်ပါတယ်။

ခုခေတ်မှာတော့ ကုလို့ လွယ်တယ်မဟုတ်လား
ဒေါက်တာ

အင်မတန်ကုလို့
လွယ်ပါတယ်။ ဖြစ်တယ်ဆိုတာသိတာနဲ့ ဆေးကုသမှု ခံယူရင် ချက်ချင်း ပျောက်သွားတယ်။ မကုဘဲ ပစ်ထားရင်
Complication တွေက မိန်းမမှာရော၊ ယောက်ျားမှာပါ အများကြီး ရှိတယ်။ များသောအားဖြင့်တော့
Scrotax Abscero အဖုအကြိတ် ဖြစ်လာမယ်။ မိန်းမဆိုရင်လည်း Bartholini Abscero ဖြစ်လာနိုင်တယ်။
အဲဒီဂနိုးရီးယား ရောဂါကြောင့် ယောက်ျားလေး၊ မိန်းကလေးတွေမှာ effect ဖြစ်တတ်ပါတယ်။ အဆစ်အမြစ်
တွေထဲလည်း ရောဂါပိုးတွေ ရောက်သွားနိုင်တယ်။ လမ်းမလျှောက်နိုင်တဲ့ အထိ အဆစ်အမြစ်တွေ
နာမယ်။ Gonoccocal Arthritis လို့ ခေါ်ပါတယ်။

အဲဒါကရော ကုသလို့လွယ်ရဲ့လား ဒေါက်တာ။

ကုသဖို့လည်း
အင်မတန်လွယ်တယ်။ ကာကွယ်ဖို့လည်း အင်မတန်လွယ်တယ်။ ဘတ်တီးရီးယား Gram(-) ive intra
Cellular Diplococci ကြောင့် ဖြစ်ရတာပါ။

 

ဆစ်ဖလစ် (Syphllis)

ဆစ်ဖလစ်ကတော့ လူသိများပါတယ်။

ဒါကတော့
ဟိုနှစ်ပေါင်း များစွာကထဲက ရှိတဲ့ရောဂါ။ အခုထက်ထိ ရှိနေတုန်းပဲ။ Single Painless
Ulcer ဖြစ်ပါတယ်။ Chancre လို့ ခေါ်တယ်။ ဖြစ်ရင် Ulcer တစ်လုံးပဲ ဖြစ်တယ်။ မနာဘူး။ ပင်နစ်စလင်
ထိထိရောက်ရောက် ထိုးရတယ်။ အဲဒီမှာ Primary အဆင့်ရှိတယ်။ Secondary ရှိတယ်။ Primary
အဆင့်ဆိုရင် ပင်နင်စလင် ၂.၄ million unit နဲ့ပေါ့။ Secondary ဆိုရင်တော့ တစ်ပတ်ခြား
၃ ကြိမ်ထိုးရတယ်။ ဆစ်ဖလစ်လည်း သေချာကုရင်ကု မကုရင်သူ့ရဲ့ Complication တွေ အများကြီးရှိတယ်
ဆိုရင် rashes တွေထွက်မယ်။ အဖုအကြိတ် တွေထွက်မယ်။ Tertiary ဆို ဦးနှောက် ရောက်တယ်။
ရူးတတ်တယ်။ Nuero Syphllis လို့လဲ ခေါ်တယ်။ (Jack the ripper was supposed to be
suffering from Nuero Syphllis) ဒီလောက် ကုလို့လွယ်တဲ့ ရောဂါမျိုး ခုခေတ်ကြီးမှာတောင်
မထင်မှတ်ဘဲ စင်ကာပူလို နိုင်ငံမှာ ဆစ်ဖလစ်ကို ကောင်းကောင်း မကုလို့ နောက်ဆုံး အဆင့်ပေါ့။
အကြိတ်တွေထွက်ပြီး ဆံပင်ကျွတ်တဲ့ လူနာ ယနေ့အထိ တွေ့ရပါတယ်။

 

ချမိုင်ဒီယာ (Chlamydia)

နောက်ထပ် ရောဂါတွေ့ရှိရင် ပြောပြပေးပါဦး
ဒေါက်တာ။

နောက်
Common ဖြစ်ပြီး၊ အဖြစ်များတာကတော့ Chlamydia ဖြစ်ပါတယ်။ အဖြစ်များတယ်။ သူက ဆီးလမ်းကြောင်းမှာ
ဒုက္ခပေးတယ်။ ဆီးသွားရင် အနည်တွေ့ပါတယ်။ ပြည်မဟုတ်ဘူး။ အနာလည်း မဟုတ်ဘူး။ ဂနိုရီးယား
ပြည်ဆင်းတယ်။ ချမိုင်ဒီယာက ဆီးကနောက်ပြီး အနည်ပါတာပေါ့။ ဘယ်လိုအချိန်မှာ သိသာသလဲဆိုတော့
အိပ်ရေးပျက်တာတို့ အားနည်းတာတို့ အရက်သောက်တာတို့ ဆိုရင် ဆီးကို ပိုဒုက္ခ ပေးတာပေါ့။
ကုသလို့ လွယ်တယ်၊ ဆေးတစ်ခွက်ပဲ သောက်ရတယ်။

ဝမ်းဒို့စ်ပဲ သောက်ရတယ်ဆိုတော့ သိပ်လွယ်တာပေါ့နော်။

ဝမ်းဒို့စ်ပဲ
သောက်ရတယ်။ သွေးစစ်လို့ရတယ်။ မကုဘဲပစ်ထားရင် ဒုက္ခပေးပါတယ်။ သူက ယနေ့ကမ္ဘာမှာ ကလေးမရတဲ့
အကြောင်းထဲမှာ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု One of the cause ဖြစ်ပါတယ်။ သားဥပြွန်
Fallopian Tube Infection ကြောင့် ရောင်ပြီး ပိတ်ဆို့သွားတဲ့ အတွက် ဖြစ်ပါတယ်။ အဲဒီရောဂါက
မိန်းကလေးကို ဒုက္ခပေးတယ်။ မိန်းကလေးတင် မဟုတ်ပါဘူး အမျိုးသားပါ ဒုက္ခပေးတယ်။ ဆီးပူ၊
ဆီးကျင်မယ်။ ဆီးက အနည်ပါမယ်။ နောက်သွားတယ်။ ဘီယာသောက်ပြီး ဆီးနောက် သွားတယ်ဆိုတာ အယ်လ်ကိုဟောက
ဆီးလမ်းကြောင်းကို ယားယံစေလို့ပါ။

ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါများလည်း
သိချင်ပါတယ်။

နောက်
ဗိုင်းရပ်စ်ကြောင့် ဖြစ်စေတာကတော့ ရေယုန်ပါ။ အင်္ဂါဇတ် ရေယုန်ပါ။ (Genital Herpes)

 

ရေယုန် (Herpes)

လူတိုင်းသိတဲ့
ရေယုန်ဆိုတာ ကိုယ်မှာပေါက်တဲ့ ရေယုန်ပါ။ Herpes Zorster Chicken Pox နဲ့ သွားတူပါတယ်။
ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ တဖွဲ့တည်း အတူတူပဲ။ သူက အင်္ဂါဇတ်မှာ မပေါက်ဘူး။ ခန္ဓာကိုယ်မှာပဲ
ထွက်တယ်။ အရည်ကြည်ဖုလေးတွေ အစုလိုက် အပြုံလိုက် ထွက်တယ်။ နာတယ်။ ယားတယ်။ STI ကြောင့်ဖြစ်တဲ့
ရေယုန်ကျတော့ Genital Herpes ခေါ်တယ်။ Herpes Simlex Virus (HSV) Type I ရှိတယ်။
Type II ရှိတယ်။ အင်္ဂါဇတ်မှာ ဖြစ်တယ်။ တစ်သက်လုံးပဲ ဘယ်တော့မှ ပြန်မထွက်တော့ဘူး။ အာရုံကြောထဲမှာတောင်
ခိုနေတယ်။ ဖြစ်လာပြီဆိုရင် အရည်ကြည် ဖုလေးတွေ အစုလိုက် အပြုံလိုက် ပေါက်တယ်။
Cluster veside အရည်ကြည် ထွက်မယ်။ နောက်မှ အရည်ကြည် ပေါက်ထွက်တယ်။ အနာလေးတွေ ဖြစ်တယ်။
အသက်အန္တရာယ် မရှိပေမဲ့ နာတယ်။ ယားတယ်။ လူကို စိတ်အနှောင့်အယှက် အရမ်း ဖြစ်စေပါတယ်။
သူက ကိုယ်ထဲက ပျောက်မသွားတဲ့အခါ တစ်လတစ်ခါလောက် မြုပ်ချည် ပေါ်ချည် ဖြစ်လာမယ်။ အားနည်းရင်၊
အိပ်ရေးပျက်ရင် အရက်သောက်ရင် ခန္ဓာကိုယ်ရဲ့ ခုခံမှုအား ကျသွားတာနဲ့ ပြန်ပေါ်လာတတ်တယ်။
ဖျားနာရင်လည်း ပေါ်လာတယ်။ နှုတ်ခမ်းရေယုန်က အားနည်းရင် ထွက်ထွက်လာတယ်။ အမျိုးသား အင်္ဂါဇတ်မှာ
ပေါ်တယ်။ အမျိုးသမီးအင်္ဂါဇတ်မှာ ပေါ်တတ်တယ်။ ခဏခဏ ပေါ်လာရင် စိတ်အနှောင့်အယှက် ဖြစ်တော့
စိတ္တဇလို ဖြစ်လာရော။ လူကို ဒုက္ခမပေးပေမယ့် စိတ်ဒုက္ခ အရမ်းပေးတယ်။ ကုတာ နှစ်မျိုးရှိတယ်။
ပေါ်လာခါမှ ဆေး ၅ ရက် သောက်တဲ့ ကုသမှု ရှိသလို တောက်လျှောက် ခြောက်လ မနက်တစ်လုံး၊ ညတစ်လုံး
သောက်တဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဆေးနဲ့ စိတ်ရှည်လက်ရှည် ကုရတယ်။ ဒါကြောင့် မဖြစ်အောင် ဂရုစိုက်ရမယ်။
ဖြစ်ပြီဆိုရင် No Cure ကုရာနတ္ထိ ဆေးမရှိ သက်သာရုံပဲ လုပ်လို့ ရပါတယ်။ ယားတာ နာတာကတော့
ဖြစ်တာပေါ့။ အရည်ကြည်လေး ပေါ်လာရင် ဆစ်ဆစ်ဆစ်ဆစ်နဲ့ နာတာပေါ့။ အာရုံကြောပေါ်မှာ ပေါက်တာ
ကြောင့်ပါ။

Acyclovir လိမ်းလို့ မရဘူးလား။

Acyclovir
က မကယ်နိုင်ဘူး။ သူက Supprero လုပ်ထားတာပါ။ သူက သောက်ရတယ်။ သောက်လည်း ခဏပါပဲ။
Stress ဖြစ်ပြီး ပြန်ပေါ် လာတတ်တာပါပဲ။ မနက်တစ်လုံး ညတစ်လုံး ဆက်တိုက်သောက်ပြီး (၆)
လ သောက်ရတယ်။ နှစ်နဲ့ချီပြီး သောက်ရတဲ့ လူလည်း ရှိပါတယ်။ အင်္ဂါဇတ်မှာဖြစ်တာ Type I ပါးစပ်မှာ
ဖြစ်တာ Type II အရည်ကြည်ဖုလေးတွေ ပေါ်လာတယ်။ နောက် ပေါက်သွားတယ်။ မိန်းကလေးများလည်း
အနာတွေ ဖြစ်တတ်တယ်။


နောက်ဘာများရှိသေးသလဲ ဒေါက်တာ

နောက်
Virus တစ်မျိုးကတော့ Human Papilloma Virus (HPV) ပါ။ သူကတော့ အင်္ဂါဇတ် ကြွက်နို့၊ ယောက်ျားလေးမှာဆို
ကြွက်နို့အပျော့၊ Genital wart လို့လဲ ခေါ်တာပေါ့။

မိန်းကလေးမှာရော ရတတ်ပါသလား

မိန်းကလေးမှာလည်း
ရတတ်ပါတယ်။ Type တွေအများကြီးရှိတယ်။ ကုသမှု Treatment ကတော့ အက်ဆစ်နဲ့ တို့ရင်တို့၊
မတို့ရင် Cautery လုပ်ရတာပေါ့။ အဲဒါမှပျောက်တယ်။ HPV အုပ်စု အများကြီးထဲမှ တစ်ချို့
ဘာကိုဖြစ်စေသလဲ ဆိုတော့ အမျိုးသမီး သားအိမ်ဝ ကင်ဆာ Cervical Cancer အထိ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာ သားအိမ်ဝ ကင်ဆာ ကာကွယ်ဆေး ထိုးလို့ ရနေပါပြီ။ Age 19 – 50
year ထိုးလို့ရတယ်။ 1st Dose, 2nd Dose (After 2 months), 3rd (After 6 months)

 

Virus ကြောင့်ဖြစ်သော ရောဂါများ

ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါများက
ဗက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါများထက် ပိုပြင်းထန် တတ်ပါသလား

Hepatitis
B နဲ့ C က လိင်ဆက်ဆံမှုကြောင့် ကူးနိုင်ပါတယ်။ ဘီပိုး၊ စီပိုးတို့က အသည်းရောင်၊ အသားဝါ
အသည်းကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် ဒါကိုတော့ ဒီအင်တာဗျူးမှာ
သိပ်ချဲ့ မပြောတော့ပါဘူး။ အဆိုးဆုံးကတော့ HIV မြန်မာလို ခုခံအား ကျဆင်းရောဂါလို့ ပြန်ထားတာပေါ့လေ။
HIV ဝင်လာရင် အခွင့်အရေးယူတဲ့ ရောဂါ ပိုးတွေ ဝင်လာတာ TB ဖြစ်တယ်။ ဝမ်းသွားမယ်။ ရေယုန်ပေါက်မယ်။
လေဖြတ်တာ မျက်နှာရွဲ့သွားတယ် ဖြစ်မယ်။ အနာတွေ ပေါက်မယ်။ အရေပြားကင်ဆာ ဖြစ်မယ်။ ရှိသမျှရောဂါတွေ
သူတို့မှာ ဖြစ်လိုက်ရင် ပိုကြီးကျယ်တယ်။ ရေယုန်ပေါက်တယ်။ သူများမှာ နည်းနည်းပါးပါပဲ။
HIV သမားမှာ ဆိုရင် တအား ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့မှာ ကိုယ်ခံအား နည်းတယ်။
နမိုးနီးယား ဖြစ်တယ်။ ဝမ်းလျှောတယ် ဆိုရင် သူတို့က သေတယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာတော့
တစ်ခု ဝမ်းသာစရာ ဆေးတွေက ပေါ်လာပြီ။

ဗိုင်းရပ်စ်
စဝင်ပြီဆိုရင် သွေးစစ်တယ်ဆိုလည်း ချက်ချင်း မပေါ်ဘူး။ Window Period ရှိတယ်။
Infection ဝင်ပြီးတော့ ၃ လက ၆ လအထိ မပေါ်ဘူး။

ဆေးစစ်ရင် ပေါ်တယ် မဟုတ်ဘူးလား ဒေါက်တာ

ဆေးစစ်ရင်
အနည်းဆုံး ၂ ခါစစ်ရပါတယ်။ စစ်တဲ့အခါ ပထမတစ်ခါစစ်၊ နောက် ၆ လကြာရင် တစ်ခါ ထပ်စစ် ရပါတယ်။
နှစ်ခုစလုံး Negative ဆိုမှ မရှိတာ သေချာပါတယ်။ Window Period မှာမပေါ်ဘူး။ ပထမ တစ်ခါစစ်ပြီး
pass ဖြစ်ပေမဲ့ နောက် ၆ လလောက်ကြာမှ ပေါ်လာ တတ်တယ်။

ဘယ်လောက်ဆိုရင် ရောဂါအဆိုးဆုံး ဖြစ်လာပါသလဲ။

ဖြစ်ပြီး
ပိုးဝင်ပြီး ၆ နှစ် ၇ နှစ်လောက်က အကောင်း ပကတိ ပါပဲ။ လူကဘာမှ မဖြစ်ဘူး။ ကိုယ်ခံအားက
ရှိနေတုန်းပဲ။ သက်တောင့်သက်သာ နေရတယ်ဆို ဘာမှမဖြစ်ဘူး။ ၆ နှစ် ၇ နှစ်ဆိုရင်တော့ အင်မျူနတီက
ထိုးကျတယ်။ တခြား ကူးစက်ပိုးတွေ ဝင်လာမှ သွေးလာစစ်တော့ သိကြရတယ်။

စောစောသိမယ် ဆိုရင်ရော ဒေါက်တာ။

Special
Pass အတွက်၊ EP အတွက်၊ Work Permit အတွက် စသည်ဖြင့် ဆေးစစ်ရန် စောစောတွေ့ရင် ကုလို့
ရပါတယ်။ ဟိုတုန်းကတော့ AIDS အဆင့်မှာတွေ့ရင် ၆ လ တစ်နှစ်နဲ့ သေပါတယ်။ ခုတော့ ဘာမှ စိုးရိမ်စရာ
မရှိတော့ဘူး။ Chart ကလေးကို ကြည့်မယ်ဆိုရင် ရှင်းရှင်းလင်းလင်း သိရပါလိမ့်မယ်။ ပုံမှန်လူဆိုရင်
CD4 က ၇၀၀ လောက်ရှိတယ်။ ရောဂါပိုးဝင်လို့ ၆ နှစ် ၇ နှစ်ဆိုရင် CD4 က ၃၅၀ အောက် ကျလာမယ်။
အဲဒီအခါမှာ နောက် ၆ လက ၂ နှစ်ဆိုရင် CD4 က သိပ်နည်းသွားတဲ့ အတွက် အသက်ဆုံးရှုံး နိုင်ပါတယ်။
CD4 က ၃၅၀ အောက် ကျလာပြီဆိုရင် HAART-Highly Active Anti Retroviral Treatment ပေးရပါ
လိမ့်မယ်။ အရမ်းထိရောက်တဲ့ Virus သတ်ဆေးနဲ့ ကုသပေးလိုက်ရင် CD4 ပြန်တက်လာပြီး သက်စေ့
နေလို့ ရသွားပါတယ်။ ဒါပေမဲ့ ဒီဆေးကို ရမ်းပေးလို့ မရဘူး။ ပေးပြီဆိုရင် အမြဲတမ်း သောက်သွားရမယ်။
CD4 less than 350 ရှိမှသာ စပေးလို့ ရတယ်။ ၃၅၀ ထက် ပိုများနေသေးတယ် ဆိုရင် မပေးဘူး။
ဗိုင်းရပ်စ်ပိုး အကောင်ရေ ၁၀၀၀၀၀ ကျော်မှ တိုက်တယ်။ စောစောလည်း တွေ့တယ်။ ဗိုင်းရပ်စ်ကလည်း
သောင်းဂဏန်းပဲ ရှိတယ်။ ထောင်ဂဏန်းပဲ ရှိတယ်ဆိုရင် တိုက်စရာမလိုသေးဘူး။ ဘာကြောင့် ဒီလို
သတ်မှတ် ထားပေးလည်း ဆိုတော့ ဒီ HAART က အင်မတန် ထိရောက်ပေမဲ့ Side Effects က Very
Toxic အဆိပ် ပြင်းလွန်းပါတယ်။ တစ်သက်လုံး သောက်သွားရမှာ၊ သောက်ပြီဆိုရင် ဖြတ်လို့ မရတော့ဘူး။
တစ်သက်လုံး စွဲသောက်ရမယ်။ Side Effects အရမ်းများတယ်။ အရမ်းပြင်းတော့ တကယ် မတိုက်မဖြစ်မှ
တိုက်ပါတယ်။ CD4 မကျခင် ဆိုရင် ကာကွယ်ဆေး၊ အားဆေး ကျွေးပြီး ထိန်းထားလို့ ရပါတယ်။
HAART ဆေးကလည်း ဈေးလည်း အရမ်းကြီးတယ်။ စင်ကာပူမှာ သောက်မယ်ဆိုရင် တစ်လ US $ 1000 လောက်ကျမယ်။
ဗမာပြည်မှာတော့ အများကြီး သက်သာတယ်။ အိန္ဒိယက ရလို့ပါ။ ဟိုမှာ US $ 100 လောက်ပဲ ရှိနိုင်တယ်။
ဒါပေမဲ့လည်း ဆေးရှိတယ်ဆိုပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ မရဘူးပေါ့နော်။

HIV ကို ကွန်ဒုံးသုံးရုံနဲ့ ကာကွယ်နိုင်ပါ့မလား။

နည်းမှန်
လမ်းမှန်နဲ့ သုံးတတ်ဖို့တော့ လိုပါတယ်။

 

ဖန်းဂတ် Fungus ကြောင့် ဖြစ်သော ရောဂါများ

STI
မှာ နောက်တစ်ခုက ဖန်းဂတ် (Fungus) ပါ။ Fungus Infection ကတော့ Candida Albicans ခေါ်တဲ့
ရောဂါပါ။ ယောက်ျားလိင်တံမှာ အနီစက်တွေ ရှိပါတယ်။ ယားတယ်။ အမျိုးသမီးက အဖြူဆင်းမယ်။
အဲဒါကလည်း လိင်ဆက်ဆံမှုကြောင့် ရသော ရောဂါများမှာ မပါမပြီးသေးပါဘူး။

 

အဲဒါကရော ကုလို့ လွယ်ရဲ့လား ဒေါက်တာ

လွယ်ပါတယ်။
ဆေးစား၊ ဆေးသောက်လို့ ရပါတယ်။ ဒါကတော့ ယေဘုယျအားဖြင့် ပြောပြတာပဲ ဖြစ်ပါတယ်။ အမြဲပြောနေကျ
စကားအတိုင်း ကြိုတင်ကာကွယ်ခြင်း Prevention က အရေးကြီးဆုံး ပါပဲ။ နံပါတ် ၁ အနေနဲ့ ကွန်ဒုံးသုံးမယ်။
ဘာကြောင့် ကွန်ဒုံး သုံးခိုင်ချင်သလဲဆိုတော့ ခုခေတ်ကြီးမှာ ရောဂါပိုးက တစ်မျိုးထဲ သန့်သန့်ကလေး
မဟုတ်ဘူး။ တစ်ခါတည်း ၃ မျိုး ၄ မျိုး ရနိုင်တယ်။ အရမ်းကို ရှုပ်ထွေး ပေါင်းစပ်နေလို့ပါ။
နံပါတ် ၂ အနေနဲ့ ကြုံရာကျပန်း Casual Sex လိင်ဆက်ဆံတာမျိုး ရှောင်ကြဉ်မယ်။ နံပါတ် ၃
အနေနဲ့ Multiple Partner ဟိုလူဒီလူနဲ့ ဆက်ဆံတဲ့ အဖော်ကို ရှောင်ကြဉ်ရမယ်။ ကိုယ့်အဖော်
Partner က ဘယ်သူနဲ့ အိပ်ထားသလဲ မသိနိုင်ရင် ရှောင်ဖို့ပါ။ ပြီးတော့ အချက် (၂) နဲ့
(၃) နဲ့က အတိုင်း Casual Sex လို့ ခေါ်တာပေါ့လေ။ ကြုံသလို လွယ်လွယ် လိင်ဆက်ဆံမယ်။ ဟိုလူဒီလူနဲ့
ဆက်ဆံတဲ့သူကို အဖော်ပြုမယ် ဆိုတော့ အန္တရာယ် များပါတယ်လို့ ပြောရင်းနဲ့ ဒီတစ်ပတ်ဆွေးနွေးခန်းလေးကို
ရပ်နားပါရစေ။

ကျေးဇူးတင်ပါတယ် ဒေါက်တာ။

 

ကောင်းဇော်ရှိန်း

၃၀
ဇူလိုင်၊ ၂၀၁၀



Tha Zin Magazine - လိင်ဆက်ဆံခြင်းကြောင့်
ရရှိသော ရောဂါများ (Sexually Transmitted Infection STI)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top