၁။ ဆစ်ဖလစ်ရောဂါ
၂။ ဆီးပူညောင်းကျရောဂါ
၃။ ရှန်ခရွိုက်ရောဂါ
၎။ ဘင်နာ
၅။ မူလကိုယ်ခံစွမ်းအား ကျဆင်းရောဂါ
၆။ လိင်အင်္ဂါရေယုံပေါက်ခြင်း
၇။ ဆီးပြွန်ရိုးရိုးလောင်ခြင်း
၈။ ဝဲပေါက်ခြင်း
ဆစ်ဖလစ်ရောဂါ
ရောဂါပိုးများအမည်
(Tryponema Pallidum)
ကူးစက်ခြင်း
၁။ ကာမစပ်ယှက်ခြင်း
၂။ ရောဂါရှိသော မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း
၃။ လိင်ဆက်ဆံမှု မဟုတ်သော တိုက်ရိုက်ကူးစက်ခြင်း
(အရေပြားမှ အရေပြားသို့ ကူးစက်ခြင်း)
၎။ အောက်ခံဘောင်းဘီ၊ ပုဆိုးစသော အဝတ်အစားများမှ ကူးစက်ခြင်း
၅။ ပါးစပ်မှ ပါးစပ်သို့ ကူးစက်ခြင်း
၆။ ရောဂါရှိသူ၏ သွေးသွင်းမိခြင်း
မူလဆစ်ဖလစ်ရောဂါ
ရောဂါပျိုးချိန်။
။ ရောဂါရှိသူနှင့် လိင်ဆက်ဆံပြီးနောက် (၉) ရက်မှ ရက် (၉၀) အတွင်း (ပျှမ်းမျှခြင်းအားဖြင့်
၂၅ ရက်ခန့်တွင်) ကူးစက်တတ်သည်။
ရောဂါလက္ခဏာများ။
။ လူနာသည် သုံးလအတွင်း ပြည့်တန်ဆာအမျိုးသမီးနှင့် ဆက်ဆံဖူးခြင်း (သို့) ရောဂါရှိနေသော
လင်ယောက်ျားနှင့် အတူနေခြင်း စသည့်အချက်များ လူနာက ပြောပြမည်။
ဤရောဂါ၏
ထူးခြားချက်မှာ ရှန်ကာ(Chancer) ဟုခေါ်သည့် အနာလေးများ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ပထမဆုံး
အရောင်ပြောင်းနေသော အကွက်လေးများကို တွေ့ရမယ်။ ယင်းအကွက်များသည် မူလအရေပြား အရောင်ထက်
ပိုရင့်မည် မကြာခင်မှာ ဖောင်းကြွလာမည်။ ၎င်းအချိန်အထိ လူနာက သတိမထားမိတတ်ချေ။ တပတ်အတွင်းမှာပင်
အနာဖြစ်လာမည်။ ပင်းအနာကို ရှန်ကာဟုခေါ်သည်။
အနာ၏
ပုံသဏ္ဍာန်မှာ အဝိုင်း(သို့) ဘဲဥပုံဖြစ်သည် ပြတ်သားထင်ရှားသော အနားသတ်ရှိသည်။ အနားသတ်
ပတ်ပတ်လည် တလျှောက်တွင် နီရဲနေမည်။ အနာ၏ အတွင်းသားသည် အသားနုဖြစ်ပြီး ပြည်နှင့်သွေးများ
မရှိချေ။ ရှင်းလင်းနေပြီး အသားနုကို မြင်နေရမည်။ လက်ဖြင့် ညှစ်စမ်းကြည့်ပါက ကြယ်သီးခပ်သေးသေးကို
စမ်းရသကဲ့သို့ မာခဲခဲလေး ဖြစ်နေမည်။ ညှစ်ကြည့်ပါက သွေးထွက်ချေ။ အရည်ကြည်သာ ထွက်လာမည်။
အနာကိုကိုယ်တွယ်သော်လည်း နာကျင်မှုမရှိ၊ ပုဆိုးစနှင့် ပွတ်တိုက်ဖန်များမှသာ ပွန်း၍ နာကျင်တတ်သည်။
အနာဖြစ်တတ်သော
နေရာများမှာ အမျိုးသားများတွင် လိင်တံအဖျားခေါင်းပိုင်း (Glan Penis) အပေါ်အရင်းဖတ်
အနားတလျှောက်နှင့် ဆီးပြွန်ဝပတ်လည်တွင် ဖြစ်နိုင်သည်။ တွယ်ကြိုးနှင့် ဆက်လျက်ရှိသော
အရေပြား ပတ်ပတ်လည်နှင့် အရေပြားဖုံးထားသော အတွင်းပိုင်းတွင် အဖြစ်များသည်။ လိင်တူဆက်ဆံသော
အမျိုးသားများတွင် စအိုဝဝန်းကျင်၊ စအိုဝနှင့် လိင်တံအရင်းကြား ကိုယ်ခန္ဓာ အလည်ဆက်ကြောင်း
တွင်လည်း တွေ့ရသည်။
အမျိုးသမီးများတွင်
အပြင်နှုတ်ခမ်းသား တလျှောက်နှင့် အတွင်းနှုတ်ခမ်းသားတွင်လည်းကောင်း၊ အတွင်းနှုတ်ခမ်းသားရှေ့ဆုံချက်၊
မိန်းမကိုယ် အတက်နှင့် ဆီးပြွန်ဝတို့တွင် တွေ့ရမည်။ အပြင်နှုတ်ခမ်းသားတွင် အနာရှိပါက
တစ်ခုလုံးရောင်ပြီး ဖောင်းကားနေတတ်သည်။ အခြားဖြစ်နိုင်သော နေရာများမှာ နှုတ်ခမ်း၊ အာသီး၊
လက်သည်းအခြေ၊ မျက်ခွံတို့ ဖြစ်သည်။ ရှန်ကာ၏ သဘောတရားများမှာ ဘယ်နေရာတွင် တွေ့တွေ့ မနာခြင်း
ဖြစ်သည်။ သို့သော် လက်သည်းအခြေတွင် ဖြစ်ပါက နာကျင်မှုရှိသည်။
ပေါင်ခြံအကျိတ်များ
ယောင်ပြီးကြီးခြင်းနှင့် နှစ်ဘက်စလုံးတွင် ယောင်ခြင်း၊ နာကျင်မှုမရှိခြင်း၊ နီခြင်း၊
ပူခြင်းလည်းမရှိ၊ စမ်းကြည့်ပါက ရာဘာ(ကြက်ပေါင်) ကို ကိုင်ရသည်နှင့်တူမည်။ အကျိတ်များ
တခုနှင့် တခုတွဲ မနေကြချေ။
ကိုယ်ဝန်ဆောင်မိခင်များတွင်
ကလေးပျက်ကျခြင်း၊ သားအိမ်ထဲတွင် ကလေးသေဆုံးနေခြင်းများ တွေ့နိုင်သည်။ ရှန်ကာအနာကိုမကုဘဲ
သည်အတိုင်းထားပါက (၃) ပတ်အတွင်းတွင် အလိုအလျှောက် အနာကျက်သွားမည်။ အမာရွတ်မကျန်ခဲ့ချေ။
၎င်းမှာ ရောဂါပျောက်သွားခြင်း မဟုတ်၊ ငုတ်နေခြင်းသာ ဖြစ်သည်။ သွေးထဲတွင် စမ်းသပ်တွေ့ရှိ
နိုင်သည်။
ဆင်တူရိုးမှား
ရောဂါများ
၁။ လိင်အင်္ဂါတွင် ရေယုံပေါက်ခြင်း
အနာဖြစ်ပါက
ရှန်ကာနှင့် တူသည်။ မကြာခဏ ယားရံ၍ လူနာက ရေယုံကဲ့သို့ အဖုများ မကြာခဏ ပေါက်ဖူးသည် ဟုပြောမယ်။
၂။ ရှန်ခရွိုက်အနာ
အနာတလုံးတည်းမတွေ့ရ။
အများကြီးတွေ့ရမည်။ အနာကနာသည်။ ညှစ်ကြည့်လျှင် သွေးထွက်မည်။ ပေါင်ခြံအကျိတ်များ ယောင်ပြီး
တလုံးနှင့် တလုံးတွဲနေမည်။ နာကျင်ခြင်းရှိသည်။
၃။ ဘင်နာ
အရင်က
ရေယုံကို အဖုမျိုးခဏလောက်သာ ပေါက်ဖူးသည်ဟု လူနာက ပြောမည်။ ပေါင်ခြံအကျိတ်များကြီးပြီး
ယောင်နေမည်။ တခုနှင့်တခု တွဲနေပြီး အထဲတွင် ပြည်ရှိနေမည်။
၎။ လိင်တံခေါင်းပိုင်းယောင်ခြင်း
ဆစ်ဖလစ်ပိုး
မဟုတ်သော အခြားပိုးမွှားကြောင့်ဖြစ်မည်။ အနာဖြစ်လာမည်။ နာကျင်လာမည်။ မာခဲလာမှုမရှိ။
၅။ ဝဲပေါက်၍ ပြည်တည်ခြင်း
ဝဲပေါက်ရာမှာ
အခြားရောဂါပိုးဝင်၍ အနာဖြစ်သည်။ အနာမဖြစ်မီ ယားရံမှုရှိသည်။ ညဖက်တွင် ပိုယားသည်။ အခြားကိုယ်အင်္ဂါ
အစိတ်အပိုင်းတွင် ဝဲများပေါက်နေသည်ကို တွေ့ရမည်။
၆။ ကင်ဆာအနာ
အသက်ကြီးပြီး
အရေပြား ငုံနေသူများတွင် တွေ့ရမည်။ အနာကမာခဲခဲဖြစ်၍ နှုတ်ခမ်းသားများ အပြင်ဖက်သို့ လန်ထွက်နေမည်။
သွေးထွက်လွယ်သည်။ ပေါင်ခြံအကျိတ်များ ကျောက်ခဲများကဲ့သို့ မာကြောနေမည်။
၇။ တီဘီအနာ
ဆီးလမ်းကြောင်း
တီဘီရောဂါမှ ကူးစက်ပြန့်ပွားခြင်း ဖြစ်သည်။ လူနာတွင် အဆုတ်တီဘီရောဂါ ရှိဖူးရမည်။ တီဘီ၏
လက္ခဏာများ တွေ့ရမည်။ အနာက အလွန်နာမည်။ ပေါင်ခြံအကျိတ်များ တွဲနေမည်။
၈။ မသိလိုက်သော ထိခိုက်ဒဏ်ရာမှ အနာဖြစ်ခြင်း
အနာမှာ
နီရဲနေမည်။ ယောင်နေမည်။ အလွန်နာမည်။ ပူနေမည်။ အဖျားလည်း ရှိနိုင်သည်။
၉။ Aphthous Ulcer
ပါးစပ်တွင်
ရှန်ကာနှင့် မှားနိုင်သော အနာဖြစ်သည် Aphthous ulcer မှာ စိတ်သောက များခြင်းနှင့် အလုပ်ပင်ပန်းခြင်းတို့ကြောင့်
ဖြစ်ပြီး လျှာ၊ အခေါင်နှင့် ပါးစောင်များတွင် တွေ့ရတတ်သည်။ အနာသည် ဝိုင်းဝိုင်းစက်စက်
(သို့) ဘဲဥပုံသဏ္ဍာန်ရှိပြီး အနားသတ်တွင် နီရဲနေမည်။ မျက်နှာပြင်ကို မီးခိုးယောင်ပြည်ခဲဖြင့်
ဖုံးအုပ်ထားမည် အနာသည် စပ်သည်။ မာခဲနေမှုမရှိ။
(ယင်းအနာကို
ကုသရန်မှာ Aspirin နှင့် Prednisolone ဆေးတပြားစီကို ရောကျိတ်၍ ယင်းအမှုန့်အား အနာပေါ်တွင်
တနေ့သုံးကြိမ်ခန့် သိပ်ပေးရမည်။)
ဒုတိယအဆင့် ဆစ်ဖလစ်ရောဂါ
ရှန်ကာဖြစ်ပြီး
(၄) ပတ်မှ (၈) ပတ်အကြာတွင် ပေါ်လာတတ်သည်။ တခါတရံတွင် (၆) လကျော်မှ ပေါ်လာတတ်သည်။
ရောဂါလက္ခဏာများ
မအီမသာဖြစ်ခြင်း၊
အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာ၍ အသံကွဲခြင်း၊ အဆစ်များနှင့် အရိုးများနာခြင်း၊
ခန္ဓာကိုယ်အနှံ့ အပြား အနီကွက်များထခြင်း၊ ယင်းအနီကွက်များသည် ညီညီညာညာရှိပြီး ပန်းရောင်၊
ကြေးနီရောင်၊ အနီမှိုင်းမှိုင်းစသဖြင့် အရောင်စုံတွေ့ရမည်။ ဦးနှောက်အမြှေးပါးရောင်းခြင်း
လက္ခဏာများ တွေ့ရမည်။
ခန္ဓာကိုယ်အနှံ့အပြား
အရေပြားပေါ်တွင် အနာများတွေ့ရမည်။ ပါးစပ်၊ နှာခေါင်း၊ မျက်လုံး၊ နားအတွင်းဖက်တို့တွင်
အနာများတွေ့ရမည်။
တတိယအဆင့် ဆစ်ဖလစ်ရောဂါ
ရှန်ကာဖြစ်ပြီး
(၃) နှစ်မှ (၁၂) နှစ်အတွင်းမှာ ဖြစ်ပွားတတ်သည်။ ထိုအချိန်တွင် လူနာသည် မူလဆစ်ဖလစ်ရောဂါ
(ရှန်ကာ) ဖြစ်ခြင်းကို သတိမရတော့ချေ။ သတိရတောင်မှ ဆက်စပ်ပတ်သက်သည် မထင်သောကြောင့် ဤအချက်ကို
ထည့်ပြောရန် မေ့နေတတ်သည်။
ရောဂါလက္ခာဏာများ
ခန္ဓာကိုယ်ရှိ
အင်္ဂါအစိတ်အပိုင်းအားလုံးတွင် ဂမ်မာ (Gumma) ဟု ခေါ်သော အနာများပေါက်ပြီး ပျက်စီးကုန်သည်။
အရေပြားတွင် ဂမ်မာပေါက်ခြင်း မာခဲခဲအနာလေးများ စတွေ့ရမည်။ အနာသည် ဘေးဘက်သို့ ပြန်၍
ကြီးလာမည်။ အလယ်ခေါင်းတွင် အနာကျက်လာမည်။ ခန္ဓာကိုယ်အနှံ့ အပြားတွင် ပေါက်ပြီး တနေရာနှင့်တနေရာ
အရွယ်အစားမတူကြချေ။ တချို့နေရာတွင် အစုလိုက် အပြုံလိုက်တွေ့ရမည်။
အရေပြားအောက်တွင် ဂမ်မာပေါက်ခြင်း
အပေါ်တက်မလာဘဲ
အရေပြားအောက်တွင် သာရှိသဖြင့် မာခဲခဲအလုံးလေးများ စမ်းတွေ့နိုင်သည်။ အရေပြားခမ်းခြောက်ပြီး
အမွှေးအမြှင်များ မပေါက်တော့ချေ။
ကိုယ်တွင်းခေါင်းနံရံများတွင် ဂမ်မာပေါက်ခြင်း
ပါးစပ်နှင့်
အစာလမ်းကြောင်း၊ နှာခေါင်းနှင့် အသက်ရှူ လမ်းကြောင်း၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း၊
သားအိမ်နှင့် မျိုးပွားအင်္ဂါလမ်းကြောင်းတို့တွင် ဂမ်မာပေါက်မည်။
အသည်းတွင် ဂမ်မာပေါက်ခြင်း
အသားဝါလာမည်။
မျက်လုံးဝါလာမည်။ ကိုယ်အလေးချိန်လျော့ကျလာမည်။ အသဲနေရာတွင် နာခြင်း၊ အောင့်ခြင်း၊ အသဲကြီးခြင်း၊
အဖျားတက်ခြင်း၊ သွေးအန်ခြင်းများ ဖြစ်နိုင်သည်။ အောက်ပိုင်းတွင် ကြည့်ပါက ခြေထောက်ယောင်ခြင်း၊
ရေဖျဉ်းစွဲခြင်း၊ သရက်ရွက် ရောင်းခြင်းတို့ကို တဖြည်းဖြည်း တွေ့လာရမည်။
နှလုံးနှင့် သွေးလည်ပတ်မှု လမ်းကြောင်းတွင်
ဂမ်မာပေါက်ခြင်း
ရှန်ကာအနာပေါက်ပြီး
ငါးနှစ်အကြာတွင် ဂမ်မာအနာစတင်မည်။ ရောဂါလက္ခဏာများသည် (၁၀) နှစ်မှ အနှစ်သုံးဆယ် အတွင်းကြာမှသာ
ပေါ်လာမည်။ ဂမ်မာအနာပေါက်ခြင်းကြောင့် သွေးကြောနံရံများပျက်စီးကာ သွေးကြောများရောင်ခြင်း၊
သွေးကြောတင်းအား မရှိဘဲ ဖောင်းကား၍ သွေးအိတ်ပမာ ကြီးမားလာခြင်း၊ နောက်ဆုံးပေါက်ထွက်၍
သေဆုံးခြင်း ဖြစ်နိုင်သည်။ နှလုံးရှိ တံခါးရွက်ရှင်များ မလုံတော့၍ နှလုံးသွေးကြောများ
ပိတ်ဆို့၍ ရုတ်တရက် ရင်ဘတ်အောင့်ကာ သေဆုံးခြင်းတို့ ဖြစ်မည်။
ဦးနောက်နှင့် အာရုံကြောတွင် ဂမ်မာပေါက်ခြင်း
ခံစားမှုဆိုင်ရာ
အာရုံကြောများတွင် အနာပေါက်၍ ပျက်စီးကာ အပူအအေး၊ အထိအတွေ့ နာကျင်မှု မသိတော့ခြင်း၊ ကြွက်သားကို
ထိန်းချုပ်သော အာရုံကြောများ ပျက်စီး၍ ကြွက်သားကျုံလှီသေးငယ်ပြီး မလှုပ်ရှားနိုင်ခြင်း
အပြင်လူနာသည် ကြာလာလျှင် ရူးကြောင်ကြောင် ဖြစ်သွားမည်။
ရောဂါလက္ခဏာများ
ကလေးမွေးပြီး
သုံးပတ်အတွင်းတွင် ရောဂါလက္ခဏာများ ပေါ်ခဲ့သည်။ မွေးပြီးသုံးပတ်ကျော်မှ ခြေဖဝါးနှင့်
လက်ဖဝါးတွင် အနီကွက်များ ပေါ်လာခြင်း၊ ယင်းအနီကွက်များသည် ဖောင်းကြွ၍ အရည်များပြည့်နေမည်။
တဖြည်းဖြည်းနှင့် တကိုယ်လုံးသို့ ပြန့်လာမည်။ အထူးသဖြင့် နှာခေါင်းနှင့်ပါးစပ်ပတ်ဝန်းကျင်တွင်
ပိုးများတတ်သည်။ ကလေးငယ်သည် ကြွက်သားများ သိမ်သွားခြင်းနှင့် ရေဆုံးရှုံးခြင်းတို့ကြောင့်
လူအိုတစ်ယောက်၏ မျက်နှာနှင့်တူနေမည်။ ကိုယ်အလေးချိန်တိုးလာမှု သိသိသာသာ မရှိ နှာခေါင်းထဲမှ
ပြည်၊ ချွဲများထွက်နေမည်။ တခါတရံ ချွဲပိတ်နေ၍ အသက်ရှူသံကြားနေရမည်။ သို့မဟုတ် ပါးစပ်နှင့်
အသက်ရှူနေရမည်။ တဖြည်းဖြည်းနှင့် နှာတံရိုးပျက်စီးသွားဖြင်းကြောင့် ထောင်ထောင်လေး မနေတော့ဘဲ
နှာခေါင်းပြားသွားမည်။ မြင်းကုန်းနှီးနှင့် တူ၍ Saddle Nose ဟု ခေါ်သည်။ ခန္ဓာကိုယ်အနှံ့အပြားတွင်
ပြန်ရည်အကျိတ်များရောင်၍ ကြီးနေမည်။ နာကျင်မှုမရှိ၊ ကိုင်ကြည့်ပါက ရာဘာတုံးများကဲ့သို့
ဖြစ်နေမည်။ အသည်းနှင့် သရက်ရွက်ကြီးကာ ဗိုက်ဖောင်းနေမည်။ အရိုးရှည်များ၏ အစွန်းများ
ရောင်နေမည်။ အဆစ်များပါလိုက်၍ ရောင်မည်။ ထို့ကြောင့် လှုပ်ရှားနိုင်မှုမရှိ။ တဖြည်းဖြည်းကြွက်သားများ
သိမ်လာပြီး လေဖြတ်သည့် လူနာကဲ့သို့ မလှုပ်မရှားနိုင်ဘဲ အိပ်ယာထဲတွင် လဲလျောင်းနေရမည်။
သွားပေါက်လျှင်လည်း ကျိုးတို့ကျဲတဲ့နှင့် ရှေ့သွားများမှာ ကျောက်လှည့်၏ ထိပ်ဖျားပုံဏ္ဌာန်ဖြစ်နေမည်။
ခန္ဓာကိုယ်ဖွံ့ဖြို့မှုလည်းး မရှိပေ။ ခြေသလုံးရိုးများမှာ လေးကိုင်းသဖွယ် ကွေးကောက်နေမည်။
နားမကြားခြင်း၊ မျက်စိမမြင်ခြင်း၊ အရေပြားထူပြီး ကြမ်းတမ်းခြင်းတို့ ရှိသည်။
သွေးစစ်စမ်းသပ်ခြင်း
Blood
for VDRL (Venereal Disease Research Laboratory) Test
ရောဂါပိုး
ရှိ၊ မရှိ လူနာ၏ သွေးကို စစ်ဆေးခြင်း ဖြစ်သည်။ ရောဂါပိုးတွေ့လျှင် Reactive (သို့)
Positive ဟု အကြောင်းပြန်မည်။ Strongly Positive နှင့် Weakly Positive ဟု အနည်းအများကို
လိုက်၍ ဖော်ပြတတ်သည်။
ကုသခြင်း
ဆစ်ဖလစ်ပိုးများကို
ဖျက်ဆီးရန် အတွက် Antibiotic ဆေးများပေးရမည်။ ၎င်းတို့မှာ Penicillin, Cloxacillin,
Tetracycline နှင့် Erythrom ycin တို့ ဖြစ်သည်။
နှစ်နှစ်ထက်မကျော်သေးသော ဆစ်ဖလစ်ရောဂါများအား
ကုသခြင်း
(1)
Inj…Procaine Pen : 4L BD (or) 8L OD I/M x 10 -12 days
(2)
Cloxacillin 500 mg (or) Orally 6 hrly x 10 – 12 days
(3)
Tetracycline 500 mg Orally 6 hrly x 10 – 12 days
(4)
Erythromycin 50 mg Orally 6 hrly x 10 – 12 days
နှစ်နှစ်ထက်ကျော်သော ဆစ်ဖလစ် ရောဂါများကို
ကုသခြင်း
(1)
Inj … Procaine Pen : 4L BD (or) 8L OD I/M x 21 – 28 days
(2)
Cloxacillin 500 mg (or) Orally 6 hrly x 15 – 20 days
(3)
Tetracycline 500 mg Orally 6 hrly x 15 – 20 days
(4)
Erythromycin 500 mg Orally 6 hrly x 15 – 20 days
အထက်ပါဆေးပတ်ပြည့်လျှင်
pen : ထိုးဆေးတည့်သူများအတွက်
Benzathine
Pen : 12L (Penidure or Retapam) Deep1/M Monthly (၆) လ ဆက်ထိုးပေးပါ။ VDRL Test လုပ်ပြီး
ရှိသေးလျှင် နောက်ထပ် (၆) လ ဆက်ထိုးပေးပါ။ VDRL Test Negative ဖြစ်ပြီးနောက် (၆) လ
ဆက်ထိုးပေးပါ။
Pen
: မတည့်သူများတွင် Tetracychline (or) Erythromycin အစားထိုးနိုင်သည်။ 500 mg Orally
6 hrly x 7 days လစဉ်ပေးသွားရန်။ VDRL Test လုပ်၍ အထက်ပါအတိုင်း ဆက်လက်ပေးသွားရန်။
ကာကွယ်ခြင်း
ရောဂါဖြစ်နိုင်သည်ဟု
သံသယ ရှိပါက ကာကွယ်ရန်မှာ
Inj
: Procaine Pen : 4L OD1/M x 5 – 7 days (or) Cloxacillin (or) Tethracycline (or)
Erythromycin 250 mg Orally 6 hrly x 5 – 7 days
ရောဂါကူးစက်မှု
ကာကွယ်ခြင်း
၁။
ရောဂါရှိသူများနှင့် လိင်ဆက်ဆံမှု မပြုရ။
၂။
ရောဂါရှိနေသူ၏ အဝတ်အစား (အထူးသဖြင့်) ပုဆိုး၊ ဘောင်းဘီ၊ အောက်ခံဘောင်းဘီနှင့် မျက်နှာသုတ်ပုဝါများကို
ရောနှောသုံးစွဲခြင်း မပြုရ။
၃။
ရောဂါရှိသူများ သွေးလှူခြင်းမပြုရ။
၎။
ရောဂါရှိသူနှင့် လိင်ဆက်ဆံလျှင် လိင်တံအစွပ်ကို သုံးပါ။
၅။
အိမ်ထောင်မပြုမီ သွေးစစ်ဆေးပါ။
၆။
မိမိအိမ်ထောင်ဖက်အပေါ်တွင် သစ္စာစောင့်သိပြီး ပြည့်တန်ဆာများနှင့် ပျော်ပါးခြင်း မပြုရ။
၇။
ရောဂါရှိနေလျှင် (သို့) ရောဂါရှိနေသည်ဟု သံသယဖြစ်လျှင် ကုသမှုကို အမြန်ဆုံး ရယူပါ။
၈။
ရောဂါရှိနေသူ အမျိုးသမီးများ ကိုယ်ဝန်မဆောင်သေးဘဲ ရောဂါကို ပျောက်ကင်းအောင် ကုပြီးမှ
ကိုယ်ဝန်ဆောင်ရန်။
၉။
စိတ်မချရသူနှင့် လိင်ဆက်ဆံမိလျှင် လိင်တံ (သို့) မိန်းမကိုယ်ကို စင်ကြယ်အောင် ဆေးကြောပစ်ပါ။
၁၀။
မိမိကိုယ်မိမိ စိတ်မချလျှင် တနှစ်တခါသွေးစစ်ပါ။
၁၁။
ရောဂါရှိနေသူနှင့် နမ်းခြင်း၊ ပါးစပ်စုပ်ခြင်း၊ ဖက်လှဲတကင်းနေခြင်း မပြုရ။
၁၂။
အမျိုးသားများတွင် လိင်တံခေါင်းပိုင်း အရေပြားငုံနေပါက ရောဂါရ လွယ်သဖြင့် အရေပြားဖြတ်တောက်ကု
သပစ်ရမည်။
၁၃။
အမျိုးသမီးရော အမျိုးသားပါ လိင်အင်္ဂါကို သန့်ရှင်းစင်ကြယ်စွာ နေ့စဉ် ဆေးကြောပါ။
(စာမျက်နှာ
၃၆ - ၄၁)
ကျန်းမာရေးလက်စွဲ
- လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သော ရောဂါများ (Sexually Transmitted Diseases)




