(အတူတူကို စိတ်ဝင်စားခြင်း) ဆေးပညာစာကို မနေ့ကတင်လိုက်တယ်။ (မီဒီယာ) တခုက သုံးချင်တယ်ဆိုလာလို့ နည်းနည်းချဲ့ရေးနေတယ်။ မကြာခင် ဖေ့စ်ဘွတ်မှာတင်ပါမယ်။
လိင်တူကနေ AIDS ရောဂါကိုစသိခဲ့တယ်။ အဲဒီကာလတွေမှာ (ဂေး) ရောဂါလို့ ခေါ်ခဲ့ကြတယ်။ HIV ပိုးတွေ့သူ ၇၈၄၇ဝ၁ ယောက်ထဲမှာ ယောက်ျားလိင်တူသမား ၃၉၆၈၁ဝ (၅၁%) ပါတယ်။ (ဂေး) နဲ့ Heterosexuals (ဟက်ထရိုဆက်ကျူရယ်) နှစ်ဖက်ချွန်ခေါ်ကြတဲ့ လိင်တူရောဆန့်ကျင်ဖက်လိင်နဲ့ပါ အတူနေတဲ့ယောက်ျားတွေဟာ တခြားလူတွေထွက် HIV ကူးစက်တာ သိသိသာသာများတယ်။ ၂ဝဝ၈ ကနေ ၂ဝ၁ဝ အတွင်း အဲလိုများတာ ၂ဝ% တိုးလာခဲ့တယ်။
HIV ကူးစက်ခံရသူတွေထဲမှာ လိင်နှစ်မျိုးသမားတွေနဲ့ မူးယစ်ဆေး ထိုးသူတွေဟာ ဆက်ပြီးများနေတယ်။ HIV ကပ်ရောဂါ ဖြစ်ကတည်းကဆိုရင် လိင်နှစ်မျိုးသမားပေါင်း ၉၂၆၁၃ ယောက်ပါတယ်။ HIV အသစ်ကူးစက်ခံရတဲ့ အမျိုးသမီးတွေဟာ လိင်နှစ်မျိုးသမားနဲ့ အတူနေမိလို့ကအဓိကဖြစ်တယ်။ ၂ဝ၁ဝ ခုနှစ်ထဲမှာ ၈၄% ရှိခဲ့တယ်။ မူးယစ်ဆေးထိုးလို့ ကူးစက်သူက ၁၆% ရှိတယ်။ ၂ဝ၁ဝ မှာ အမျိုးသမီးတွေကို ကူးစက်တာက ၂ဝ% ရှိတယ်။ ၂ဝ၁၁ မှာ ၂၃% ရှိတယ်။ အမျိုးသမီးတွေမှာ လိင်နှစ်မျိုးသမားနဲ့ အတူနေမိရင် ယောက်ျားတွေထက် HIV ကူးစက်ခံရနိုင်ခြေ ၂ ဆ များတယ်။ လိင်တူယောက်ျားတွေက HIV ကူးစက်ဖို့ အဆ ၂ဝ များတယ်။
ဒေါက်တာတင့်ဆွေ - လိင်တူနဲ့ HIV




