ယောက်ျား လိင်တံထိပ် အရေပြား
ဖြတ်ထားသော သူများသည် လိင်ဆက်ဆံမှု ပြုနေစဉ်အတွင်း လိင်တံတွင် အသေးအမွှား
အနာတရဖြစ်မှုများ နည်းပါးခြင်းကြောင့် လိင်ဆက်ဆံမှုမှ ကူးစက်လာသော အိတ်ခ်ျအိုင်ဗွီရောဂါ
လျော့ကျစေရေးတွင် အထောက်အကူ ဖြစ်စေနိုင်ကြောင်း လေ့လာရေး စာတမ်းသစ် တစ်စောင်တွင်
ဖော်ပြထားသည်။
သုတေသီများသည် အာဖရိကတိုက်မှ
အိတ်ခ်ျအိုင်ဗွီရောဂါ ဆေးမှတ်တမ်းများကို အခြေခံ၍ အသက် (၁၈) နှစ်မှ အသက် (၂၄) နှစ်ကြားရှိ
လူငယ် ၂၈၀၀ အား လက်တွေ့ စမ်းသပ်ခဲ့ကြသည်။ ၎င်းတို့အထဲမှ လိင်တံထိပ်အရေပြား ဖြတ်ထားသူနှင့်
မဖြတ်သူများကို ကျပန်းရွေးပြီး လေ့လာမှု ပြုခဲ့ကြသည်။
၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်တွင် ထိုစမ်းသပ်မှုနှင့်
ယူဂန္ဓာ၊ တောင်အာဖရိက၊ ကင်ညာနိုင်ငံတို့မှ စမ်းသပ်မှုများအရ လိင်ဆက်ဆံခြင်းမှ
အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုသည် ရာခိုင်နှုန်း ၆၀ နီးပါးရှိကြောင်း သိရသည်။
ထိုနှစ်နှစ်တာ ကာလတွင် လိင်ဆက်ဆံမှု ပြုနေစဉ်
လိင်တံ အနာတရဖြစ်မှုတွင် လိင်တံထိပ် အရေပြား ဖြတ်ထားသူများသည် မဖြတ်သူများထက် ၃၉ ရာခိုင်နှုန်း
နည်းပါးကြောင်း တွေ့ရှိရပြန်သည်။ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးကူးစက်မှု နည်းရသည်မှာ
လိင်တံထိပ်အရေပြား ဖြတ်ထား၍ လိင်တံအနာတရ ဖြစ်မှုနည်းသောကြောင့် ဟုယူဆနိုင်သည့်
အချက်ကို ချီကာဂို တက္ကသိုလ်မှ သုတေသနပြု အဖွဲ့ခေါင်းဆောင် ဒေါက်တာဆူပရီရာဒီမက်သာ ကတွေ့ရှိသွားသည်။
လိင်တံထိပ်အရေပြား ဖြတ်ထားခြင်းသည်
အိတ်ခ်ျအိုင်ဗွီကို ကာကွယ်နိုင်စွမ်း ရှိနိုင်ကြောင်း သိသာထင်ရှားသည့် အဖြေကိုမူ
မသိရှိကြသေးပေ။
လိင်ဆက်ဆံမှု ပြုနေစဉ်အချိန်အတွင်း
ခန္ဓာကိုယ်တွင်းမှ ထုတ်ပေးသော အမြှေးတစ်သျှူးများ နည်းပါးမှုကြောင့်
ခန္ဓာကိုယ်ဆဲလ်များကို ပစ်မှတ်ထားသော ဗိုင်းရပ်စ်ပိုးများကို လိင်တံအရေပြား ဖြတ်ထားမှုက
ကန့်သတ်မှု လုပ်လိုက်၍ဖြစ်စေ၊ ဖြတ်ထားသော လိင်တံထိပ်ဖျားနေရာမှ ဖြစ်နေသော အမာရွတ်၊
အရေခွံထူနေမှုက အိတ်ခ်ျအိုင်ဗွီပိုး ဝင်နိုင်ရေး လမ်းပိတ်နိုင်သည် ဆိုသောအဆို ဖြစ်စေ၊
ဖြစ်နိုင်ခြေများကို ၎င်းတို့ အဖွဲ့မှ စဉ်းစားကြသည်။
ချီကာဂို
ဇွန်-၉
Yangon Media Group -
လိင်တံထိပ်
အရေပြား ဖြတ်ထားသူများ အိတ်ခ်ျအိုင်ဗွီ ဖြစ်နိုင်ခြေ နည်းပါး




