18
Nov

လိင်ပညာ ကျောင်းတွေမှာ ဘယ်လိုပေးမလဲ

ဗြိတိန်မှာ ဆယ်ကျော်သက် ၃ ပုံ ၂ ပုံက လိင်-ကျန်းမာရေး ပညာပေးတာကို ဆရာတွေကနေ ပေးထာထက် သူတို့ထက် နဲနဲကြီးတဲ့ လူငယ်-လူရွယ်ချင်းကနေ ပေးတာကို ပိုသဘောကျတယ်လို့ သုတေသနတခုက ဆိုလိုက်ပါတယ်။

သူတို့ဆီမှာ Sex and relationship education (SRE) လိင်-ကျန်းမာရေး နဲ့ အတူတွဲ-ဆက်ဆံရေး ပညာပေးတာလို့ သုံးနှုန်းပါတယ်။

ComRes ကနေ လေ့လာမှုတခု ပြုခဲ့တယ်။ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား လူငယ်လေးတွေရဲ့ ထက်ဝက်က သူတို့ ဆရာတွေကို ဒီလိုမေးခွန်းမျိုးမေးရတာ ကသိကအောင့် နိုင်တယ်လို့ ပြောကြတယ်။ သူတို့ရတဲ့ အသိပညာ မစုံလှဘူး ထင်တယ်လို့ ဆိုသူ အရေအတွက်ကလည်း တဝက်ရှိတာ တွေ့ရတယ်။ သုံးပုံတပုံကတော့ သူတို့ထက် နဲနဲကြီးတဲ့ လူငယ်-လူရွယ်ချင်းကနေ ပေးတာကို ပိုပြီး သဘောကျကြတယ်။

အစိုးရအနေနဲ့ လူမှုရေးနဲ့ လိင်ပညာရေးအပါအဝင် ကျန်းမာရေး ပညာရေးလုပ်ပေးရာမှာ လူပုဂ္ဂိုလ်တွေရဲ့ ကဏ္ဍကို လေ့လာနေပါတယ်။ လက်ရှိအခြေအနေမှာ ဆရာ-ဆရာမတွေအနေနဲ့ အထူးကျွမ်းကျင်မှု သင်တန်းမျိုး မလိုကြပါ။ ကျောင်းသားတွေအဖို့လဲ သူတို့ မိဘတွေကနေ တောင်းဆိုမှု ရှိမှသာ သင်ယူချင် သင်ယူလို့ ဖြစ်ပါတယ်။

ဥပဒေအရ ကျောင်းသားတိုင်းဟာ မျိုးပွါးစနစ်ရဲ့ ဇီဝဗေဒကိုတော့ သင်ယူကြရတယ်။ Sexuality လိင်မှုအရေး၊ Sexual relationships လိင်ဆက်ဆံရေး၊ Family planning မိသားစုစီမံကိန်း ပညာပေးတာတွေကတော့ မသင်မနေရထဲမှာ မပါပါ။ ဒါကို ပြင်တော့မယ်လို့ ဆိုတာကိုလဲ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

Family Planning Association (FPA) မိသားစုစီမံကိန်း အဖွဲ့အစည်းကတော့ ဒီလိုဟာတွေပါ ဥပဒေထဲထည့်ဘို့ (ကင့်ပိန်း) လုပ်နေတယ်။ “အစောပိုင်းမှာ သင်ကြားမှုညံ့တာဟာ နောက်ပိုင်းမယ် ဆိုးဝါးတဲ့ နောက်ဆက်တွဲတွေ ရစေနိုင်တယ်” လို့ သူတို့က ထောက်ပြကြတယ်။

FPA ပြောရေးဆိုခွင့်ရှိသူ Rebecca Findlay ကနေပြောတာက
"ဆိုပါစို့ ပထဝီသင်နေတဲ့ ဆရာ-ဆရာမတယောက်၊ အသက် ၂၆ နှစ်၊ သူ့ကို ချက်ချင်းဘဲ လိင်-ကျန်းမာရေးပါ သင်ပေးပါဆိုမယ်။ ဒီပညာဟာ (စပါယ်ရှယ်) ဘာသာရပ်ပါ။ ဒီအချက်ကို သိဘို့လိုပါတယ်။"

“ရွယ်တူ-သူငယ်ချင်းချင်း သင်ပေးတာမျိုးက အစိတ်အပိုင်းတခုသာ ဖြစ်သင့်တယ်။ အရည်အချင်း ပြည့်ဝတဲ့ ဆရာ-ဆရာမတွေလဲ လိုပါတယ်။”

“သတ္တဗေဒ သင်ရသလို မဟုတ်ဘူး။ ကျမတို့ဟာ လူငယ်လေးတွေကို ကျွမ်းကျင်မှုရော၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရော၊ ကိုယ့်တန်ဘိုးကိုရော သိအောင် သင်ပေးရမယ်။ ဒါမှ သူတို့ဟာ လိင်အရေးနဲ့ ပတ်သက်လာရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကြလိမ့်မယ်။”

“ပြည့်စုံမှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ လမ်းညွှန်တွေ မပြည့်စုံရင် တနေ့မှာ Sexual abuse လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့ Bullying and consent လှည့်စားခံရတာတို့ ဖြစ်လာစေနိုင်တယ်။”

(မှတ်ချက်။ ဗြိတိန်နိုင်ငံ နဲ့ မြန်မာနိုင်ငံ အဆင့်အတန်းချင်း မတူပါ။ ဗြိတိန်မှာနေသူတွေနဲ့ မြန်မာတွေ မတူတာတွေ အများကြီးရှိတယ်။ သူတို့ဆီမှာ သာတာတွေ ရှိသလို၊ ခြာတာလို့ ကျွန်တော်တို့က မြင်ကြတာတွေ ရှိတယ်။ ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေအတွက် အကောင်းဆုံး ပညာတွေပေးဘို့တော့ လိုအပ်နေတယ်။ သုတေသန ကောင်းကောင်းတွေ ရှိရမယ်။ ဆန်းစစ်မှုတွေ၊ အယူအဆတင်ပြခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ သိက္ခာရှိရှိ ငြင်းခုန်မှုတွေကနေ ကောင်းတာတွေကို ထုတ်ပြီး ဥပဒေလုပ်သင့်ပါတယ်။)

ဒေါက်တာတင့်ဆွေ (၁၇-၁၁-၂ဝ၁၁)

ဒေါက်တာတင့်ဆွေ - လိင်ပညာ ကျောင်းတွေမှာ ဘယ်လိုပေးမလဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top