လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ခေါင်းထောင်လာလို့ ရာစုဝက်နဲ့ချီ ငြိမ်သက်နေရာမှ နစ်နာ ဆုံးရှုံးမှု ဖြစ်လာစရာများ ရှိလာတယ်လို့ ၂ဝ၁၃ ခုနှစ် ဗီယက်နမ်မြို့မှာ ကျင်းပတဲ့ ''လိင်မှတစ်ဆင့် ကူးစက်ရောဂါနှင့် AIDS ကူးစက်ရောဂါ ကွန်ဖရင့်'' မှာ ဖော်ပြ ထားပါတယ်။
အဲဒီ ဗက်တီရီးယား ကူးစက်ရောဂါများဟာ ပဋိဇီဝ ဆေးများ ယဉ်ပါးလာပြီး အဲဒီအထဲက ဂနို ဆီးပူညောင်းကျ ရောဂါနဲ့ ဆစ်ဖလစ် ရောဂါတို့ဟာ ဗိုင်းရပ်စ် ရောဂါဖြစ်တဲ့ HPV (Human Papillomavirus) ရောဂါ၊ မှိုရောဂါ ဖြစ်တဲ့ ကန်ဒီဒါနဲ့ အိပ်ခ်ျအိုင်ဗွီ (AIDS) တို့နဲ့ ယှဉ်တွဲ တွေ့ရပါတယ်။
ကွန်ဖရင့် သဘာပတိ မစ္စတာ အင်နဂျီလီတာ စတာရီ အဆိုအရ ''သြစတြေးလျ နိုင်ငံမှာ ကပ်ဖရို စပိုလင် (Cephalosporin) ပဋိဇီဝဆေး ယဉ်ပါးတဲ့ ဂနို ဆီးပူညောင်းကျ (Gonorrhea) ရောဂါနဲ့ သာမန် ပင်နီဆီလင် နဲ့ကုသနိုင်တဲ့ (Penicillin Resistance Syphilis) ဆစ်ဖလစ် ရောဂါတို့ ကူးစက်တာ တွေ့ရတယ်။
အမျိုးသား ကျန်းမာရေး (ဆေး) တက္ကသိုလ် (အိပ်ခ်ျအိုင်ဗွီ၊ အက်စတီဒီ) နိုင်ငံတကာ လေ့လာရေး အဖွဲ့ အကြီးအကဲ မစ္စတာ သောမတ်ကွင်းကလည်း အိပ်ခ်ျအိုင်ဗွီ ကူးစက်ရောဂါ တန့်သွားအောင် လုပ်နိုင်ပေမဲ့ လူ ၁ဝ သန်း ကျော်ကူးစက်ခြင်း မခံရအောင် ကုသသင့်တဲ့ ဂနိုနဲ့ ဆစ်ဖလစ် မျိုးဆက်သစ်တွေ အတွက် ဆေးဝါးနဲ့ ကာကွယ်ရေး စီမံချက်များ လိုအပ်ဆဲ ဖြစ်တယ်လို့ ဖြည့်စွက် ပြောကြားခဲ့သည်။
ဒေါက်တာ လွင်သန့် (ဆေး-၂)




