16
Aug

လိင်လမ်းကြွက်နို့ (အမေးအဖြေ)

ကျွန်မက အိမ်ထောင်ရှိပါတယ်။ အမျိုးသားနဲ့ တူတူမနေတာတော့ ၄ လရှိပါပြီ သူက့ မှာ အလုပ်လုပ်နေတာပါ။ နားနဲ့မနာ ဖဝါးနဲ့ နာပါ ဆရာ၊ လွန်ခဲ့တဲ့ သုံးပတ်လောက်က ကျွန်မရဲ့ မိန်းမကိုယ်နဲ့ စအိုကြားမှာ ရှည်မျောမျော အဖုသေးသေးတွေ ထွက်လာပါတယ်။ ဒါနဲ့ ကျွန်မလည်း ၂ ပတ်လောက် စောင့်ကြည့်ပြီး မပျောက်တာနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က OG ဆီ သွားပြခဲ့ပါတယ်။ သူပြောတာတော့ ကြွက်နို့ဖြစ်ခါစလို့ ပြောပါတယ်။ Pordophylline ဆေးကို တစ်နေ့ တစ်ခါ တို့ပေးဖို့ ပြောပါတယ်။ ပထမတစ်ရက် တို့တာတော့ အဲ့ဒီအရာတွေက မည်းပြီး ကြွေကြသွားပါတယ်။ ဒုတိယ တစ်ရက်တို့တော့ သွေးတွေထွက်လာပါတယ်။ ကျွန်မ သိချင်တာက ဆက်ပြီး တို့လို့ရမရ ဖြေကြားပေးပါဆရာ။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးလည်း ထိုးထားပါတယ် ဆရာ။

• Podophyllin ဆေးဟာ Mayapple ခေါ်တဲ့ အပင်ကနေ ထုတ်တဲ့ဆေးဖြစ်တယ်။
• Genital warts လိင်လမ်းကြွက်နို့ အတွက်သုံးတာ ထိရောက်တယ်။ ၁၉၄၂ ကတည်းက သုံးနေတာဖြစ်တယ်။
• ဆေးလိမ်းမဲ့နေရာကိ အရင်ခြောက်သွေ့စေပါ။
• Applicator tip ဆေးနဲ့ အတူတွဲပါတဲ့ ဆေးထည့်တံလေးကိုသာ သုံးပါ။
• ဆေးကို အထူကြီး မလိမ်းပါနဲ့။ ကြွက်နို့ မရှိတဲ့ နေရာတွေကို ဆေးမထိစေပါနဲ့။
• မိနစ် ၃ဝ-၄ဝ လောက် ဆေးထိရမှာ အနေရခက်မယ်။

ဘေးထွက်-ဆိုးကျိုးတွေ
• အစပိုင်းမှာပိုဖြစ်မယ်။ နာမယ်၊ အနေရခက်မယ်၊ နီရဲနေမယ်၊ မနေနိုင်အောင်ဖြစ်လာရင် ဆေးကို သုတ်-ဆေး ပြစ်ပါ။
• ဆေးသုံးတာ များသွားရင် ပျို့-အန်ချင်လာမယ်။ ဝမ်းပျက်မယ်၊ ဗိုက်အောင့်မယ်၊ ဝမ်းချုပ်မယ်။
• ရှားရှားပါးပါး စိတ်ကို သက်ရောက်မှု ရှိနိုင်တယ်။ သူများတွေ မမြင်မကြားတာတွေကို မြင်ကြားမယ်၊ စိတ်တိုမယ်၊ စိတ်တက်ကြွနေမယ်၊ ထိန်းလုပ်ရမဲ့ အလုပ်တွေ မကောင်းဘူးဖြစ်မယ်၊ စိတ်ရှုပ်ထွေးမယ်။

ဒေါက်တာတင့်ဆွေ (၁၄-၈-၂ဝ၁၃)

ဒေါက်တာတင့်ဆွေလိင်လမ်းကြွက်နို့ (အမေးအဖြေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top