13
Apr

လိင်အင်္ဂါမှတစ်ဆင့် ရောဂါကူးစက်နှုန်း မြင့်မားနေဆဲ



လိင်မှတစ်ဆင့် ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၂၀၀၅မှ
၂၀၀၆ခုနှစ်အတွင်း ၂ရာခိုင်နှုန်း ၃၇၆,၅၀၈ ဦးအထိ မြင့်တက်လာကြောင်း ရောဂါကာကွယ်ရေး
အေဂျင်စီ(ယူကေ) ကထုတ်ဖေါ်လိုက်ပါတယ်။ လိင်အင်္ဂါ ရေယုန် ကူးစက်နှုန်းဟာ အမြင့်ဆုံးဖြစ်ပြီး
၉ရာခိုင်နှုန်း ၂၁,၆၉၈ဦး ရှိပါတယ်။ အသက် ၁၆နှစ်မှ ၁၉နှစ်အတွင်း
အမျိုးသမီးငယ်တွေမှာ အများဆုံး ၁၆ရာခိုင်နှုန်း တွေ့ရပါတယ်။ လိင်မှတစ်ဆင့်
ကူးစက်နိုင်တဲ့ ရောဂါတွေအနက် ဖြစ်ပွားမှုနှုန်း ကျဆင်းလာတဲ့ ရောဂါတွေလဲ
ရှိပါတယ်လို့ဆိုပါတယ်။ ဆစ်ဖလစ်နဲ့ ဆီးပူညောင်းကျ ဂနိုရောဂါတို့ဖြစ်ပြီး
၂ရာခိုင်နှုန်း ကျဆင်းလာပါတယ်။

 

ရောဂါဖြစ်ပွားသူတွေ ပိုမိုတွေ့ရှိလာတဲ့
အကြောင်းကတော့ ရောဂါရှိမရှိ စစ်ဆေးသူများလာခြင်းကြောင့် ဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်အတွင်း
ဆီးနဲ့ မျိုးပွားလမ်းကြောင်းဆိုင်ရာ လမ်းကြောင်းတွေမှာ လိင်ဆက်ဆံရာမှ
ကူးစက်ခြင်းရှိမရှိ လာရောက်စစ်ဆေးသူ တစ်သန်းနီးပါး ရှိပါတယ်။ လိင်ဆက်ဆံဖေါ်
များသူတွေ အိမ်ထောင်ဆက်များသူတွေ လိင်ဆက်ဆံရာမှာ ကွန်ဒုံ အသုံးမပြုသူတွေဟာ
ရောဂါကူးစက်ဖို့ အခွင့်အလမ်း များပါတယ်။

 

လိင်မှတစ်ဆင့် ရောဂါကူးစက်ဖြစ်ပွားနှုန်း
များတဲ့အထဲမှာ မိန်းမလျာတွေလဲပါပါတယ်။ အဲဒီလိုလူမျိုးတွေရဲ့ ကျန်းမာရေး
အဆင့်အတန်းကို စောင့်ရှောက် မြှင့်တင်ဖို့ လိုပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပါက
လိင်အင်္ဂါ ရေယုန်ကူးစက်နိုင်ကြောင်း လိင်အင်္ဂါ ရေယုန်ဟာ ပါးစပ်မှာလဲ
ဖြစ်နိုင်ကြောင်း မျိုးဆက်ခြားကျန်းမာရေး အဖွဲ့မှ ဝေမန်းက ရှင်းပြပါတယ်။
လိင်အင်္ဂါကျန်းမာရေး တိုးတက်အောင် ပြုလုပ်ရေးဟာ နိုင်ငံကျန်းမာရေး
စောင့်ရှောက်မှုအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ဖြစ်ကြောင်း ကျန်းမာရေး ဌာနမှ
ပြောကြားပါတယ်။

 

The KuMuDra Weekly (31-8-2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top