24
Mar

လိင်အရေပြားဖြတ်ထားရင် HIV ကူးစက်နိုင်မှု လျော့နည်းဆိုသည့် သုတေသန မှားယွင်း



မကြာသေးမှီက
အာဖရိကနိုင်ငံမှာ သုတေသနပြုလုပ်ခဲ့တဲ့ အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာ အရေပြား လှီးဖြတ်ထားမယ်ဆိုရင်
အိတ်ခ်ျအိုင်ဗွီရောဂါ ကူးစက်နိုင်မှု လျှော့နည်းနိုင်တယ်ဆိုတဲ့ သုတေသန ပြုလုပ်ချက်က
လုံးဝမမှန်ကန်ကြောင်းကို အမေရိကန်နိုင်ငံ ကူးစက်ရောဂါများ ထိန်းချုပ်ရေး ဗဟိုဌာနချုပ်
(U.S. Centers for Disease Control)က ထုတ်ပြန်ကြေညာခဲ့တယ်လို့ ရီတာ(Reuters) ကျန်းမာရေးဌာနက
ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီထုတ်ပြန်ကြေညာချက်ထဲမှာ
ပြောဆိုထားတာကတော့ အနောက်နိုင်ငံက အမျိုးသားတွေ အတွက်ဆိုရင် အရင်ကလေ့လာတွေ့ရှိချက်ဟာ
ပိုလို့တောင် မမှန်ကန်ဘူးလို့ ဆိုပါတယ်။ စီဒီစီဌာနက အမေရိကန်၊ ကနေဒါ၊ နယ်သာလန် စတဲ့နိုင်ငံတွေမှာရှိတဲ့
အမျိုးသားပေါင်း ၄၉ဝဝကျော် အပေါ် သုံးနှစ်ကြာ သုတေသနပြုလုပ်ချက်အရ အရေပြားလှီးထားခြင်း
မလှီးထားခြင်းဟာ အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုကို ကာကွယ်နိုင်ဖို့ ဘယ်လိုကာကွယ်မှုမျိုးကိုမှ
မပေးနိုင်ဘူးလို့ဆိုပါတယ်။

အရင်တခေါက်က
သုတေသနပြုလုပ်ချက်မှာ ထုတ်ပြန်ကြေညာထားတာကတော့ တကယ်လို့ အမျိုးသား လိင်အင်္ဂါ ထိပ်မှာရှိတဲ့
အရေပြား ဆဲလ်တွေထဲကနေပြီး အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်တာ လွယ်ကူတယ်လို့ ထုတ်ပြန်ကြေညာ
ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လို့ စီဒီစီရဲ့ ထုတ်ပြန်ကြေညာချက် မှာကတော့ အဲဒီဆဲလ်တွေကြောင့်
ရောဂါကူးစက်နိုင်တယ်ဆိုတာ ခိုင်လုံမှုမရှိနိုင်ပဲ အရေပြား လှီးထားပေမယ့် လိင်တံမှာရှိတဲ့
တခြားဆဲလ်တွေကနေလည်း ကူးစက်လာနိုင်သလို အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်လာနိုင်စေတဲ့ အဓိကအကြောင်းအရင်းဟာ
အဲဒီ ဆဲလ်တစ်ခုတည်းကြောင့် မဟုတ်ပဲ တခြားအကြောင်းအရာတွေ အများကြီး ရှိနေသေးကြောင်းကို
ဖော်ပြထားတာဖြစ်ပါတယ်။

ပြီးတော့
အထူးသဖြင့် အနောက်နိုင်ငံတွေမှာ အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုကို လျှော့နည်းအောင် တားဆီးထားနိုင်တယ်ဆိုတာ
အရေပြားလှီးထားတဲ့ အတွက်ကြောင့်မဟုတ်ပဲ ခုခံမှုအားကောင်းတဲ့ ကာကွယ်ဆေးတွေ သုံးစွဲထားနိုင်လို့သာ
ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့်
ဂေးတွေအတွက်ဆိုလို့ရှိရင် အရေပြားလှီးထားခြင်း မလှီးထားခြင်းက ဘာမှထူးခြားမှု မရှိဘူးလို့
ဆိုကြပါတယ်။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် လိင်တူဆက်ဆံတဲ့သူ အများစုဟာ လိင်ဆက်ဆံတာကို
နည်းလမ်းမျိုးစုံနဲ့ ဆက်ဆံတတ်ကြတာ ဖြစ်သလို တချို့သူတွေက စအိုနဲ့လက်ခံ ဆက်ဆံတာဖြစ်တဲ့အတွက်ကြောင့်
အရေးပြားလှီးထားခြင်း မလှီးထားခြင်းက ဘာမှအကျိုး သက်ရောက်မှု မရှိဘူးလို့လည်း ဆိုကြတာဖြစ်ပါတယ်။

 

Source:
http://advocate.com

http://fridae.com/newsfeatures/2010/02/10/9650.me-and-my-foreskin-about-hiv-prevention-circumcision-and-anal-sex?n=sec

သက်တံ့ရောင်
- လိင်တံအရေပြားလှီးဖြတ်ထားရင် အိတ်ခ်ျအိုင်ဗွီရောဂါ ကူးစက်နိုင်မှု လျော့နည်းနိုင်တယ်ဆိုတဲ့
သုတေသနပြုလုပ်ချက် လုံးဝမှားယွင်းကြောင်း ထုတ်ပြန်ကြေညာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top