6
Oct

လိင်ဖျော်ဖြေရေး လုပ်ကိုင်သူ အချို့ အင်တာနက်ကို အသုံးပြု၍ ဈေးကွက်ချဲ့လာ

ယခုနောက်ပိုင်း ချက်တင်သုံးစွဲသူများ ကြားတွင် လိင်ဖျော်ဖြေရေး
လုပ်ကိုင်သူများ သုံးစွဲမှု ရှိလာသဖြင့် ဆယ်ကျော် သက် အင်တာနက် သုံးစွဲသူ လူငယ်များအတွက်
ဂရုစိုက်သင့်ကြောင်း သုံးစွဲသူများက ပြောသည်။

ယခင်က ဖုန်းနှင့် ချိတ်ဆက်၍ အလုပ်လုပ်ကိုင်ကြသော ယင်း အမျိုးသမီးများသည်
ဂျီတော့ခ် အကောင့်များဖြင့် မိတ်ဆွေဖွဲ့ပြီးမှ ယင်းအလုပ် အတွက် အသိပေး ချိတ်ဆက်
လာကြခြင်းမျိုး ဖြစ်ကြောင်း ကြုံတွေ့ရသူ တစ်ဦးက ပြောသည်။

“တလောက ကျွန်တော့် အကောင့်ကို အင်ဗိုက် လုပ်လို့ လက်ခံလိုက်တာ၊ ပြီးတော့
အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့မှာ ဘယ်လို လူတွေ ရှိတယ်၊ ဘယ်ကို ဖုန်းဆက်လို့
ရပါတယ်။ အဲဒါမျိုးတွေ၊ အဲဒါနဲ့ ကျွန်တော်က မယုံဘူး၊ သူငယ်ချင်း တစ်ယောက် နောက်တယ်
ထင်လို့ ဆက်ကြည့်တော့ တကယ် အဲဒါမျိုး လုပ်တဲ့အိမ် ဖြစ်နေတာ တော် တော် လန့်သွားသလို
အံ့လည်း အံ့သြတယ်။ ဒီလောက်တောင် ဖြစ်လာပြီလားလို့” ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ
တစ်ဦးက ဆိုသည်။

ယင်းသို့ သုံးစွဲသူများတွင် အများစုမှာ ကာရာအိုကေ၊ အနှိပ်ခန်းမှ
အမျိုးသမီးများနှင့် အချို့ ဦးစီးလုပ်ကိုင်သူ များလည်း ရှိနေကြောင်း ၀က်ဘ်ဆိုက်
တာဝန်ခံတစ်ဦးက ပြောသည်။

အချို့ အသုံးများတဲ့ Forum တွေမှာဆို အဲဒီလို မက်ဆေ့ခ်ျတွေ တင်ထားတာ ရှိတယ်။
ဘယ်နေရာမှာ ဘယ်အခန်း၊ ဘယ်လို ၀န်ဆောင်မှုတွေ ဆိုပြီးတော့ ဒါမျိုးတွေ ရောက်လာတယ်။
အော်ကြီး ဟစ်ကျယ်နဲ့ ဆိုင်ထဲမှာ တအား ရဲတင်းကြတာ” ဟု ယင်းသို့ ကြုံတွေ့ရမှုများနှင့်
ပတ်သက်၍ အင်းစိန်မြို့နယ်ရှိ Net Five အင်တာနက်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။

ယခုနှစ်ပိုင်း အတွင်း အသက် ၁၄၊ ၁၅ နှစ် ၀န်းကျင် ကျောင်းသားများလည်း
အင်တာနက်အား တွင်ကျယ်စွာ သုံး တတ် နေပြီဖြစ်ရာ အရွယ်မရောက် သေးသည့် ကလေးငယ်များ
ယင်းသို့သော သူများနှင့် ကြုံတွေ့ပါက အတတ် စမ်း၊ စူးစမ်းမှုများ မရှိရန် မိဘများ
အနေဖြင့် စောင့်ကြည့် ပညာပေး သင့်ကြောင်း Web developer တစ်ဦးဖြစ်သူ
ကိုမျိုးကျော်သူက သုံးသပ် ပြောကြားသည်။

“အခုနောက်ပိုင်းမှာ အင်တာနက်က Freedom for All လို ဖြစ်နေတော့ ဒီအကျိုးကို
ခံစားရတဲ့ သူတွေထဲမှာ ဒီအမျိုးသမီးတွေလည်း ပါတာပေါ့။ ဒါပေမယ့် အရင်က
ဖုန်းတွင်ကျယ်တဲ့ အချိန် ဖုန်းနဲ့ အလုပ်လုပ်ရာကနေ အခု အင်တာနက် တွင်ကျယ်တော့
အင်တာနက်နဲ့ ဖြစ်သွားတာပေါ့၊ တစ်ခု ရှိတာက အရွယ်မရောက်သေးတဲ့ ကလေးတွေ အတွက်
ဒီကိစ္စတွေ မပတ်သက်မိစေဖို့၊ ဒီမိန်းကလေးတွေ ဘက်ကလည်း စည်းလေးထားဖို့ ပညာပေး တာမျိုး
လောက်ကတော့ လုပ်လို့ရမယ်။ မလုပ်နဲ့လို့တော့ သွားတားဖို့ မလွယ်တော့ဘူး” ဟု အဆိုပါ
အဖြစ်အပျက် များနှင့် ပတ်သက်၍ နိုင်ငံတကာ အင်န်ဂျီအိုတစ်ခု၏ အိတ်ခ်ျအိုင်ဗွီ
နှစ်သိမ့်ဆွေးနွေး ပညာပေးသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

ယင်းသို့ ပြောင်းလဲလာခြင်းသည် တစ်ဦးနှင့်တစ်ဦး မြင်တွေ့ရန် မလိုဘဲ
လွတ်လွတ်လပ်လပ် ပြောဆို နှီးနှောနိုင် သည့် ချက်တင်များကြောင့် ဖြစ်ပြီး ဈေးကွက်
ရှာဖွေသူများ အတွက် ပိုမိုလွယ်ကူ လာစေကြောင်း အင်တာနက် သုံးစွဲသူ တစ်ဦးက ဆိုသည်။

သားငယ် (ရန်ကုန် - ၂၆-၈-၂၀၁၀)

7Day
News Journal:
Vol.9, No. 27,
Sept 23, 2010 -
စာ
- ၂၁

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top