လိင်ဖျော်ဖြေရေး
လုပ်ငန်းတွင် လုပ်ကိုင်နေရသည့် မြန်မာအမျိုးသမီးငယ် (၃) ဦးအား ထိုင်းနိုင်ငံ အထူးရဲတပ်ဖွဲ့က
ကယ်တင်နိုင်ခဲ့ကြောင်း ယမန်နေ့ထုတ် ထိုင်းရပ် သတင်းစာအရ သိရသည်။
အဆိုပါ
မိန်းကလေးများမှာ မလေးရှားနိုင်ငံတွင် လိင်လုပ်ငန်းအတွက် ရောင်းစား မခံရမီ ထိုင်းနိုင်ငံတောင်ပိုင်း
မလေးရှားနိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ဆုံခလာခရိုင်၊ စဒေါင်မြို့၊ အမှတ် (၇) ရပ်ကွက်ရှိ
Chalala ကာရာအိုကေဆိုင်တွင် လိင်ဖျော်ဖြေရေး လုပ်ကိုင်နေရစဉ် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
Chalala
ကာရာအိုကေ ဆိုင်ပိုင်ရှင်မှာ အသက် (၃၀) နှစ်အရွယ် မလေးရှား နိုင်ငံသား နိုင်အာကျန်(ခေါ်)
TEY BOON TIONG ဖြစ်ပြီး တိုင်းခရိုင် နယ်မြေအမှတ် (၉) မှ ရဲဗိုလ်ချုပ် ထမန်နွန် ပယွန်းရုန်းနှင့်
အဖွဲ့က ၀င်ရောက် ဖမ်းဆီးခဲ့ရာတွင် ပြန်လည်၍ အပြင်အထန် ခုခံခဲ့သည်ဟုလည်း သိရသည်။
ရဲဗိုလ်ချုပ်က
“ဆုန်ခလာခရိုင် နာထ၀ီ တရားရုံးက ဖမ်းဝရမ်းယူပြီး ဖမ်းဆီးခဲ့တာပါ။ အသက် (၂၀) အရွယ် သင်းသင်းစန်းနဲ့
တခြား မြန်မာမလေး နှစ်ယောက်ပါ။ အခု သူတို့ကို မိသားစုတွေလက်ထဲ ပြန်အပ်လိုက်ပါပြီ။ ဆိုင်ပိုင်ရှင်ကို
ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားပါမယ်” ဟု ပြောပြသည်။
မိန်းကလေးများအား စစ်ဆေးရာတွင် ကာရာအိုကေဆိုင်သို့ ရောက်ရှိလာသော
ဧည့်သည်များအား ဧည့်ခံသည့်ပုံစံ စနစ်မကျလျှင် ရိုက်နှက် ကြိမ်းမောင်းကြောင်း၊ အခန်းတွင်
ပိတ်လှောင်ထားကြောင်းနှင့် ထိုဆိုင်မှ အတွေ့အကြုံ ရရှိပြီးပါက မလေးရှား နိုင်ငံသို့
ရောင်းချခံရမည် ဟု သိရကြောင်း ထွက်ဆိုကြသည်။
18
August 2010
Ghre
- လိင်ဖျော်ဖြေရေး လုပ်ငန်းမှ မြန်မာမိန်ကလေး သုံးဦးအား ထိုင်းအထူးရဲတပ်ဖွဲ့က ကယ်တင်




