18
Apr

လိင် ဆက်ဆံသူတွေအကြား အိတ်ခ်ျအိုင်ဗီ ကူးစက်မှု အသစ်တွေတိုးပွားနေ



အိတ်ခ်ျအိုင်ဗီကူးစက်မှု
အသစ်တွေဟာ လိင်ဆက်ဆံသူတွေ၊ မှုယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ပြည့်တန်ဆာတွေကြားမှာ တိုးလာနေတယ်လို့
ကုလသမဂ္ဂ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးဌာန အကြီးအကဲက တနင်္လာနေ့ကပြောသည်။

ယူအင်န်
အေအိုင်ဒီအက်စ် (UNAIDS) အကြီးအကဲ မိုက်ကယ် ဆီဒီဘီက လိင်တူချင်း ဆက်ဆံမှုကို သေဒဏ်ချမှတနိုင်တဲ့
နိုင်ငံ ခုနစ်နိုင်ငံ အပါအဝင် ၈၅ နိုင်ငံဟာ အရွယ်ရောက်သူတွေအကြား လိင်တူဆက်ဆံမှုကို
ရာဇဝတ်မှုအဖြစ် သက်မှတ်တဲ့ ဥပဒေတွေ ရှိတယ် ဆိုတာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ပြောပါတယ်။
သူက မိန်းမလျာ အချို့ အတွက် သေဒဏ်ချမှတ်မှာဖြစ်တဲ့ အဆိုပြု ထားတဲ့ ယူဂန်ဒါ ဥပဒေကို
အလွန် ဆိုးရွားတယ်လို့ ပြောဆိုခဲ့ပြီး ၎င်း ဥပဒေဟာ လုံးဝ ထောက်ခံမှု ရရှိမှာမဟုတ်ဘူးလို့
မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။

UNAIDS
က သူရဲ့ အစီအစဉ် တွေကို မြှင့်တင်နေပြီး ကမ္ဘာတစ်ဝန်း အိတ်ခ်ျအိုင်ဗီ ကုသမှု ရရှိရေးကို
ကြိုးပမ်းနေတဲ့ အခါသမရမှာ ကူးစက်ခံရဖို့ အန္တရာယ်ရှိတဲ့အုပ်စုတွေကို ဝန်ဆောင်မှုတွေရရှိဖို့
မရနိုင်အောင် ဖြစ်စေတဲ့ မကောင်းတဲ့ဥပဒေတွေကို နိုင်ငံတွေက ချမှတ် နေတာကြောင့် သူအနေနဲ့
အလွန်ထိတ်လန့် နေရတယ်လို့ ဆီဒီဘီက ပြောပါတယ်။

လူနည်းစုတွေရဲ့
အခွင့်အရေးကို လက်ကိုင်ထားဖို့ ကျွန်တော်တို့ မဖြစ်မနေ တောင်းဆိုရမှာပါ။ ဒီလို မလုပ်ဘူး
ဆိုရင် ကူးစက်ရောဂါဟာ ထပ်ပြီးကြီးထွားလာ ဦးမယ်လို့ထင်ပါတယ်။ လူအများစုရဲ့ နိုင်လိုမင်းထက်
ပြုမှုကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူးလို့ သူက သတိပေးခဲ့ပါတယ်။ ဆီဒီဘီက တရုတ်ကစလို့
၊ ကင်ညာနဲ့ မာလာဝီနိုင်ငံအဆုံး နိုင်ငံတွေမှာ အိတ်ခ်ျအိုင်ဗီ ကူးစက်မှု အသစ်တွေရဲ့ ၃၃
ရာခိုင်နှုန်းဟာ လိင်တူ ဆက်ဆံတဲ့ အမျိုးသားတွေမှာ ဖြစ်နေပြီး ၊ သိသိသာသာ တိုးလာတယ်လို့
ကုလသမဂ္ဂ ဖောင်ဒေးရှင်းက ပြုလုပ်တဲ့ နေ့လည်စာဧည့်ခံပွဲတစ်ခုမှာ ဂျာနယ်လစ် တွေကို ပြောပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့
နိုင်ငံ အများစုက နှိပ်ကွက်တဲ့ ဥပဒေတွေ မရှိတဲ့ ကာရစ်ဘီယံ ဒေသမှာ အိတ်ခ်ျအိုင်ဗီကူးစက်မှု
အသစ်တွေရဲ့ သုံးရာခိုင်နှုန်းနဲ့ ခြောက်ရာခိုင်နှုန်းသာလျှင် လိင်တူ ဆက်ဆံသူ အမျိုးသားတွေ
ဖြစ်နေတယ်လို့ သူကပြောပါတယ်။ နှိပ်ကွပ်တဲ့ ဥပဒေတွေရှိသလို၊ မိန်းမလျာ အသိုင်းအဝိုင်းမှာ
အေအိုင်ဒီအက်စ်လို ပထမဆုံး တိုက်ဖျက်ခဲ့တဲ့ အမေရိကန်မှာတောင် ပြီးခဲ့တဲ့ နှစ်က အိတ်ခ်ျအိုင်ဗီကူးစက်မှု
အသစ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်က လိင်တူ ဆက်ဆံသူတွေကြားမှာ ဖြစ်တယ်ဆိုတာ တုန်လှုပ်ဖွယ်ရာ
ဖြစ်တယ်လို့ဆီဒီဘီက ပြောပါတယ်။

ဒါ့အပြင်
သူက အသက် ၁၉ နှစ်မှ ၂၅ နှစ်အရွယ် အုပ်စုမှာ ကူးစက်မှုဟာ ပိုမိုမြင့်မားတယ်လို့ ပြောပါတယ်။  အမေရိကန် ပြည်ထောင်စုမှာ တစ်ကျော့ပြန်လည် လာသလိုထင်ရပါတယ်။
လွန်ခဲ့တဲ့ နှစ် အနည်းငယ်က ဖြစ်ပွားမှုတွေ မရှိသလောက်နီးပါး နောက်ပိုင်းလိုအပ်တဲ့ ကာကွယ်မှုနဲ့
သတင်း အချက်တွေအားလုံးကို မရှိတဲ့လူတွေအကြားမှာ ကူးစက်မှုအသစ်တွေ အထွတ်အထိပ် ပြန်ရောက်
လာတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ် လို့သူကပြောပါတယ်။

သူက
မှုးယစ်ဆေး သုံးစွဲသူတွေ ထဲမှာလည်း အရေအတွက် တော်တော်များများဟာ အိတ်ခ်ျအိုင်ဗီ ကူးစက်ခံ
နေရတယ်လို့ ပြောပါတယ်။ ဥရောပ အရှေ့ပိုင်း နှင့် ဗဟိုအာရှမှာ ဖြစ်ပွားတဲ့ ကူးစက်မှု အသစ်တွေရဲ့
၇၀ ရာခိုင်နှုန်းဟာ မှုးယစ်ဆေးသုံးစွဲ သူတွေကြားမှာဖြစ်နေတယ်။ ဒါပေမယ့် သူတို့ ရာဇဝတ်မှုမြောက်တယ်။
သူတို့တွေက အကူအညီကို မရကြဘူး။ သူတို့ဟာ ပုန်းလျှိုး ကွယ်လျှိုး နေရတယ်လို့ သူကပြောပါတယ်။
နေ့စဉ် အိတ်ခ်ျအိုင်ဗီ ကူးစက်မှု အသစ် ၁၀၀၀ လောက်ရှိနေတဲ့ နိုင်ဂျီးရီးယားမှာ  ၃၀ ရာခိုင်နှုန်း ကျော်ဟာ မှုယစ်ဆေးဝါး သုံးစွဲသူ
တွေ၊ လိင်တူဆက်ဆံသူတွေမှာ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ ( Modern)

Hikmah.info - လိင်
ဆက်ဆံသူတွေအကြား အိတ်ခ်ျအိုင်ဗီ ကူးစက်မှု အသစ်တွေတိုးပွားနေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top