အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ
လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Myanmar Business Coalition on AIDS)
သည် မန္တလေး စက်မှုဇုန် ၁ နှင့် ၂ နယ်မြေများရှိ စက်ရုံအလုပ်သမားများ မိသားစုများအား
အိတ်ခ်ျအိုင်ဗွီ၊အေခ့်ျ ကာကွယ်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပညာပေး၊ ကုသရေးတို့ကို
ဒေသဆိုင်ရာ အဖွဲ့အစည်းများ NGO များနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း
သိရသည်။
အေအိုင်ဒီအက်တိုက်ဖျက်ရေး စီးပွားရေးလုပ်ငန်းများ
ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် မန္တလေးတွင် ရုံးခွဲဖွင့်လှစ်၍ ကျန်းမာပျော်ရွှင်
လုပ်ငန်းခွင်မှသည် ပြည်သူလူထုတွင်းသို့ ဟူသည့် လုပ်ငန်းရည်ရွယ်ချက် ၂ခုဖြင့်
ဆောင်ရွက်နေပြီဖြစ်သည်။
၂၀၀၇ ခုနှစ်တွင် ကမ္ဘာပေါ်အ၌ အိတ်ခ်ျအိုင်ဗွီ
အိတ်ခ်ျကူးစက်ခံရသူ ဦးရေ ၃၃.၂ သန်းခန့်ရှိပြီး ယင်း၏ သုံးပုံ ၂ပုံမှာ
လုပ်ငန်းခွင်များမှ လုပ်သားများ
ဖြစ်ကြောင်း MBC on AIDS အဖွဲ့၏ ပြောပြချက်အရသိရသည်။
7 day news Journal ( Vol:6,No:49)




