12
May

လုံခြုံသော အခြေအနေမရှိသဖြင့် ရွှေ့ပြောင်းလုပ်သားများ လူကုန်ကူးခံရခြင်း ရင်ဆိုင်နေရ



လုံခြုံစိတ်ချရသော
ရွှေ့ပြောင်းလုပ်ကိုင်သည့် အခြေအနေမရှိသဖြင့်  
ရွှေ့ပြောင်းလုပ်သား အများစုမှာ လူကုန်ကူးခံရခြင်း ပြဿနာရပ်များနှင့် ရင်ဆိုင်ရလေ့ရှိကြောင်း
လုပ်သားရေးရာ ကျွမ်းကျင်သူများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများက
သုံးသပ်ပြော ကြားသည်။

''ရွှေ့ပြောင်းသွားလာ
လုပ်ကိုင်မှုတွေနဲ့  လူကုန်ကူးခံရနိုင်မှုတို့ဟာ
ဆက်စပ်နေတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှုမှာ  လုံခြုံစိတ်ချရမှု မဖြစ်ရင် လူကုန်ကူးခံရနိုင်ဖို့
ပိုများသွားတယ်။ တစ်နေရာကတစ်နေရာကို ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ပြီဆိုရင် လုံခြုံစိတ်ချရတဲ့
ပြောင်းရွှေ့မှု တစ်ခုဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရပါလိမ့်မယ်။ ဘယ်ကို သွားရမှာလဲ။
အဲဒီမှာ ဘယ်မှာ နေရမှာလဲ။ ဘယ်သူက လာကြိုမှာလဲ။ ကိုယ်တိုင်ကော အဲဒီနေရာမှာ အသိအကျွမ်း
ရှာမထားသင့်ဘူးလား။ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် ဘယ်သူကို အကူအညီတောင်းခံရမလဲ။ ဘယ်လို အဖွဲ့အစည်းတွေကို
ဆက်သွယ်ရမလဲ။ ဒီလို အချက်အလက်တွေ သိထားဖို့ လိုပါတယ်။ အလုပ်အကိုင်သွားလုပ်မယ့်သူတွေက
ဒီထက်ပိုပြီး အချက်အလက်တွေ လေ့လာထားဖို့ လိုပါတယ်။ ကိုယ်အလုပ်သွားလုပ်မယ့်နေရာရဲ့ လိပ်စာအတည်အကျ၊
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ၊ ကိုယ့်ကို ချိတ်ဆက်ပေးတဲ့ နှစ်နိုင်ငံအေးဂျင်တွေရဲ့ ဖုန်းနံပါတ်တွေ
လိပ်စာတွေ သိဖို့လိုသလို မသွားခင်ကတည်းက ကြိုတင် ဆက်သွယ်ထားဖို့ လိုပါတယ်။ ဟိုမှာအကူအညီယူလို့ရတဲ့
အဖွဲ့အစည်းတွေရဲ့ လိပ်စာတွေ ဖုန်းနံပါတ်တွေကြို တင်စုဆောင်းထားတာဟာ လုံခြုံစိတ်ချရတဲ့
ရွှေ့ပြောင်းလုပ်ကိုင်မှုအတွက် ကြိုတင်ပြင်ဆင်တဲ့ အပိုင်းပဲဖြစ်ပါ တယ်။ နယ်စပ်တစ်လျောက်
ရွှေ့ပြောင်း လုပ်သားတွေဆိုရင်လည်း အရင်ကလုပ်ကိုင်ခဲ့ဖူးသူ ဘယ်သူရှိသလဲ အဆင်ပြေသလား
ဘယ်လိုထားသလဲ စတဲ့ အချက်အလက်တွေကို စုံစမ်းထားဖို့လိုပါတယ်''ဟု လူကုန်ကူးမှုတားဆီး ကာကွယ်ရေး
လုပ်ငန်းများနှင့် လုံခြုံစိတ်ချစွာသွား လာနိုင်ရေးအတွက်လူမှုရေးအကျိုးပြု လုပ်ငန်းများ
ဆောင်ရွက်နေသည့်ကရင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ အတွင်းရေးမှူး နော်စူစန်နာ
လှလှစိုးက ဆိုပါသည်။

လက်ရှိနေရာထက်  ပိုကောင်းတဲ့နေရာ ပိုကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုကို
မက်လုံးပေးပြီးတော့ လူတွေကို ရွှေ့ပြောင်းသွားပြီးတော့မှ နယ်မြေစိမ်းလူစိမ်းတွေကြားကို
ရောက်အောင် အကူအညီ အကာအကွယ်မဲ့အောင် ဆောင်ရွက်သွားတာ ဖြစ်တဲ့အတွက်

''လူကုန်ကူးမှု
ဖြစ်စဉ်တွေရဲ့ ကွင်းဆက်တွေကို လေ့လာကြည့်ရင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နေရမှု အပေါ်မှာ
အခြေခံပြီးတော့ သွားနေတာဖြစ်ပါတယ်။ လက်ရှိနေရာထက် 
ပိုကောင်းတဲ့နေရာ ပိုကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို မက်လုံးပေးပြီးတော့ လူတွေကို
ရွှေ့ပြောင်းသွားပြီးတော့မှ နယ်မြေစိမ်းလူစိမ်းတွေကြား ကို ရောက်အောင် အကူအညီ အကာအကွယ်မဲ့အောင်
ဆောင်ရွက်သွားတာ ဖြစ်တဲ့အတွက် ဒီရွှေ့ပြောင်းသွားလုပ်ကိုင်ရမှုကို လုံခြုံတဲ့ စိတ်ချရတဲ့  အခြေအနေဖြစ်အောင်ပြင်ဆင်မှုတွေ ရှိခဲ့မယ်ဆိုရင် လူကုန်ကူးမှုကိုလည်း
တားဆီးကာကွယ်ရာ ရောက်သလို ကိုယ့်ကိုပြောထားတဲ့ အခွင့်အရေး အခွင့်အလမ်းတွေနဲ့ မတူတဲ့ပြောင်း
လဲသွားတဲ့ အခြေအနေမျိုးကိုရောက် ခဲ့ရင်လည်း တုံ့ပြန်ဆောင်ရွက်နိုင် တဲ့အတွက် ကြိုတင်ပြင်ဆင်မှုပိုင်းကို
စနစ်တကျလုပ်ဖို့ လိုပါတယ်''ဟု လူ ကုန်ကူးမှုဆိုင်ရာနှင့်ပြည်ပလုပ်သား ရေးရာများကို လေ့လာသူ
သုတေသီ စာရေးဆရာဝင်းနိုင်ထွန်းကသုံးသပ် ပြောကြားပါသည်။

ယင်းသို့
လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်မှု မရှိခဲ့သည့်အတွက်  လူကုန်ကူးသူများ၏  သားကောင် ဖြစ်သွားခဲ့သည့် ဖြစ်စဉ်သာဓက များလည်းရှိခဲ့သည်ဟုသိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ
ကျေးရွာအချို့တွင် နေထိုင်လုပ်ကိုင် စားသောက်နေကြသူ  အမျိုးသမီးငယ်များကို ၀င်ငွေကောင်း၊ လစာကောင်း အလုပ်အကိုင်
ရရှိမည်ဟူသော မက်လုံးများဖြင့် လိမ်လည်စည်းရုံး ခေါ်ဆောင်သွား၍ တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သည့်
ဖြစ်စဉ်များလည်း ရှိခဲ့လေသည်။ ပညာဗဟုသုတ နည်းပါးသောသူများကို  ပစ်မှတ်ထားကာ သတင်းအချက်အလက်နှင့် အကာအကွယ် ပြည့်စုံမှုမရရှိနိုင်သော
နေရာဒေသ အလုပ်အကိုင်များသို့ လိမ်လည် ခေါ်ဆောင်သွားသည့်အပြင် ခေါ်ဆောင်သွားရာ လမ်းတစ်လျောက်၌လည်း
အလုပ်လုပ်ချင်စိတ်ရှိသူ၊ မိ သားစု စားဝတ်နေရေး အခက်အခဲ ဖြစ်နေသူ အမျိုးသမီးများကို
ဆက်လက်လိမ်လည်၍ လူကုန်ကူးမှုကျူးလွန်ခဲ့သူများကို မူဆယ်မြို့၌ဖမ်းဆီး  ရမိခဲ့သည်ဟု သိရသည်။ သို့ရာတွင် အဆိုပါ လူကုန်ကူးသူတို့
တစ်ဖက် နိုင်ငံသို့ ရောင်းစားလိုက်ကြသည့် အမျိုးသမီးငယ်များနှင့်မူ အဆက်အသွယ် မရရှိကြသေးသောကြောင့်
ယခု အချိန်ထိ ပြန်လည်ခေါ်ယူနိုင်ခြင်း မရှိသေးဟုလည်း သိရသည်။

ယင်းအပြင်
ပြည်ပတွင် သွားရောက်လုပ်ကိုင်လိုကြသူများ အနေ ဖြင့် မိမိလုပ်ကိုင်ရမည့် အလုပ်အကိုင်၊
ရရှိမည့်လစာ၊ ရရှိမည့်အခွင့်အလမ်း များ၊ အလုပ်ရှင်အလုပ်သမား စာချုပ်ပါ စည်းကမ်းများကို
လေ့လာထားရန် လိုအပ်သည့်အပြင် နှစ်ဖက် အေးဂျင့်များမှတစ်ဆင့် သွားရောက် လုပ်ကိုင်ရမည့်
နေရာဒေသများကိုကြိုတင်၍  လေ့လာထားခြင်းဖြင့်
နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် လုပ်သားရေးရာ ပြဿနာများကိုလည်း ကြိုတင်ကာကွယ်ရာ ရောက်ကြောင်း
ပြည်ပလုပ်သားရေးရာ ကျွမ်းကျင်သူများက ဆိုပါသည်။

 

First 11 - လုံခြုံစိတ်ချရသော
ရွှေ့ပြောင်းလုပ်ကိုင်သည့် အခြေအနေ မရှိသဖြင့် ရွှေ့ပြောင်းလုပ်သား အများစု လူကုန်ကူး
ခံရခြင်းများနှင့်ပါ ရင်ဆိုင်နေကြရ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top