7
Sep

လူကိုလူလိုမြင်လျှင်



မနေ့ညနေက အွန်လိုင်းမှာ ညီတော်မောင်နဲ့ တွေ့ပါတယ်သူ့ကို တရားချလိုက်ရလို့ လက်တောင် တော်တော်လေး ညောင်းသွားပါတယ် ဒါပေမယ့် ညီညီတစ်ယောက် အတွေးမြင်တွေ ပြောင်းသွားလို့ လက်ညောင်းရကြိုး နပ်တယ်လို့ ခံစားလိုက်ရပါတယ်….

ညီညီနဲ့ ချက်ခဲ့တာလေးတွေကို ပြန်မျှလိုက်ပါတယ်

ညီညီ ကိုကို ဘာတွေ လုပ်နေတာလဲ စာမေးပွဲ ရှိလို့လားဗျ?

ကိုကို ထွေထွေထူးထူးတော့ မလုပ်ပါဘူးကွာစာမေးပွဲကတော့ နောက်တစ်ပတ် ရှိတယ် ညီညီရော ဘာတွေလုပ်နေလဲ?

ညီညီ ။  မပြောချင်ပါဘူးဗျာအခြောက်တစ်ကောင် အွန်လိုင်းမှာ ရည်းစားစကား လာပြောလို့ ဆဲပြီး block လုပ်ပြစ်လိုက်တယ်ဗျာ စိတ်ပိန်တယ်

ကိုကို
ဟာညီညီကလည်းကွာ.. သူများကို
အဲလိုမျိုး မိုက်မိုက်ရိုင်းရိုင်း
သွားမဆဲပါနဲ့ကွာ အဆဲခံရတဲ့ လူခမျာ သနားပါတယ်

ညီညီ ထွီ………. ကိုကိုကပါ အဲဒီ အခြောက်တွေဘက်က ပါနေတာပေါ့။

ကိုကို
အားအဲလို မဟုတ်ဘူးလေကွာ ညီက
ဘာလို့ သူများကို အကြောင်းမဲ
သွားဆဲရတာလဲ ညီမကြိုက်လည်း ပြန်မပြောပဲနဲ့ နေပေါ့

ညီညီ
မရဘူးကွာ သူတို့တွေက ဒီလိုဆဲမှ နို့မို့ဆို ယောင့်တက်တယ် ကိုကိုက မသိလို့ဗျ၊ အမြင်ကပ်စရာ ကောင်းတယ်

ကိုကို
အေးပါ ညီညီရာ ဒါပေမယ့် သူတို့ကို ညီညီက အဲလိုမျိုး အမြဲ မမြင်နေပါနဲ့ကွာ သူတို့ကို ဆဲလို့ ညီညီ ဘာဖြစ်သွားမှာလဲ။ သူတို့ကို ဆဲလို့ ညီညီဘက်က အနိုင်ရလိုက်တယ်လို့ ထင်လား….? သူတို့ဘာသာ နေပါစေကွာ ညီ့ကို ချစ်တယ်လို့ ပြောတာ ညီ့မှာ ဘာထိခိုက် သွားလို့လဲ ညီညီရ

ညီညီ
မသိဘူးဗျာ အခြောက်တွေကို ကြည့်မရဘူး ကိုကိုရ သူတို့တွေကို မြင်တာနဲ့ ဆွဲထိုး ပြစ်ချင်တယ် အလကားနေရင်း ယောက်ျားချင်းချင်း လိုက်ကြိုက်နေတယ် ကြိုက်စရာ ရှားလို့ ဗျာ

ကိုကို
ခက်တာပဲ ညီညီရာ.. သူတို့ဘာသာ ဘယ်လိုနေနေ ညီနဲ့ ဘာဆိုင်လို့လဲ ညီရ သူတို့မှာ
လည်း
သူတို့
လွတ်လပ်ခွင့် ရှိတာပဲလေ….

ညီညီ
ဟွန်း ကိုကိုကပါ အခြောက်တွေဘက်က ရှေ့နေလိုက်နေ ပြန်ပါပြီ

ကိုကို
ရှေ့နေလိုက်တာ မဟုတ်ပါဘူးကွာ အမှန်ကို ပြောပြတာလေ…. ကိုကိုပြောပြမယ် အခြောက်လို့ ခေါ်တာကိုက သူတို့ကို နှိမ်ရာ ရောက်တယ် ညီရ သူတို့မှာ ဘ၀ပေးတဲ့ အခြေနေ ကြောင့် ဒီလိုဖြစ်နေတာကို ညီက နားလည်ရမယ်လေ သူတို့မှာ အခြေနေ အကြောင်း အမျိုးမျိုး ကြောင့် ဒီလိုဘ၀မျိုး ရောက်နေရတယ် ဆိုတာကို နားလည် ပေးလိုက်ပါကွာ

ညီညီ
အင်း ဆက်ပြောပါဦး ကိုကို ဂရုနာရှင်ကြီးရာ

ကိုကို မနောက်နဲ့ ညီညီ။ ကိုကို အတည်ပြောနေတာ ညီ စဉ်းစားကြည့်လေကွာ သူတို့ဟာ လူသားတွေပါပဲ ဒါပေမယ့် သူတို့ကို လူသားစစ်စစ်လို့ ဘယ်သူကမှ မသတ်မှတ် ကြဘူးလေ သူတို့ဟာ အနှိမ်ခံ၊ အပယ်ခံ ဘ၀ ရောက်နေတယ်။ အတော်များများသော အရေးကိစ္စ
တွေမှာ
သူတို့ကို ပစ်ပယ်ထားတယ်လေ။ ဒါကြောင့် သူတို့ကို Marginalized Groups လို့ ခေါ်တယ် ညီရ ဥပမာ
ပြောပြမယ်ကွာ ကောင်လေးတစ်ယောက်က ငယ်ငယ်တည်းက ကနွဲ့ကလျ ဖြစ်နေတယ် ဆိုပါစို့။ သူ့ကို လူတွေက အခြောက်လေး၊ မိန်းမလျာလေး ဆိုပြီး စကြမယ် ကျောင်းတက်ရင်လည်း ဒီလိုပဲ သူငယ်ချင်းတွေက စကြမယ်။ လှောင်ပြောင်ကြမယ် ငယ်တုန်းတော့ လူတွေက သိပ်မသိကြ ပေမယ့် အစခံ အလှောင်ခံရတဲ့ ကလေးရဲ့ စိတ်မှာ စိတ်ဒဏ်ရာတွေက ပြည့်နက် နေတယ်လေ ပိုဆိုးတာက လူပျိုဖေါ်ဝင်လာတဲ့ အချိန်ပဲ အဲဒီအချိန်မှာ သူ့မှာ ဘာကို ရွေးရမှန်း မသိတော့ဘူး ဒါကို Identity Problem လို့ ခေါ်တယ် ကောင်လေး တစ်ယောက်ကိုပဲ ချစ်ရမှာလား ကောင်မလေးကို ပဲ ချစ်ရမှာလား ဆိုတာ သူမသိတော့ဘူး သူ့စိတ်မှာ ရောထွေး လာစေတယ် သူက ကောင်မလေး တစ်ယောက်ကို ချစ်လို့ ရည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top