ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်တွင် ထိုင်း
လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) ရဲတပ်ဖွဲ့နှင့် မြန်မာ့အရေးလှုပ်ရှားသည့်
TACDB တို့ ပူးပေါင်းပြီး လူကုန်ကူးသည့် အဖွဲ့ကို ဝင်ရောက်ဖမ်းဆီးကာ
ပိတ်လှောင်ခံထားရသူ မြန်မာ ၅၇ ဦးကို ယမန်နေ့နံနက်က ကယ်တင်လိုက်ကြောင်း
သိရသည်။ လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးနှင့် ထိုင်းနိုင်ငံသား ၅ ဦး၊
မော်တော်ယာဉ် ၃ စီး၊ လူကုန်ကူးရာတွင် သုံးသည့် ငွေစာရင်း
စာရွက်စာတမ်းများကိုပါ ဖမ်းဆီးရမိကြောင်း သိရှိရသည်။
15
Jun




